Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

နိုင်ငံတော်တည်ဆောက်ရေးမှာ အသင်းတော်၏ ပါဝင်မှုအခန်းကဏ္ဌ
ရန်ကုန် ဂိုဏ်းချုပ်သာသနာနယ်များ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

    မြန်မာနိုင်ငံ ကက်သလစ် ဆရာ တော်ကြီးများ အဖွဲ့ချုပ်၏ ဆွေးနွေးဆုံးဖြတ် ချက်အရ ချမှတ်ထားသော နိုင်ငံတော်တည် ဆောက်ရေးတွင် ကက်သလစ် အသင်း တော် အနေနှင့် ပါဝင် လုပ်ဆောင် နိုင်မည့် ကဏ္ဌ ၅ ရပ်ကို သာသနာအလိုက် အ ကောင်အထည်ဖေါ်ဆောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ဒီဇင်ဘာလ ၂၈-၂၉ ရက်နေ့တွင် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ကျောင်းတိုက်တွင် ကျင်းပပြု လုပ် ခဲ့ကြသည်။
    ဤအလုပ်ရုံဆွေးနွေးပွဲတွင် ကာဒီ နယ် ချားလ်ဘို တက်ရောက် အဖွင့် အမှာ စကား ပြောကြားခဲ့သည်။ ဖွင့်ပွဲအမှာ စကား တွင် "ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဲ့ ရည် ရွယ်ချက်က နိုင်ငံတော် တည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အ သင်းတော်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ဖို့ ရဟန်းမင်းကြီးက မြန်မာ ပြည် ကက်သလစ် အသင်းတော်ကို တိုက် တွန်းထားတယ်" ဟု ကာဒီနယ်က ပြော ကြား ခဲ့သည်။
    နိုင်ငံတော်တည်ဆောက်ရေး အ လုပ်ရုံ ဆွေးနွေးပွဲတွင် ခေါင်းစဉ်ကြီး (၅)ခုဖြစ်သော ပညာရေး၊ အမျိုးသမီးရေးရာ၊ ဌာနေတိုင်းရေးသားလူမျိုးစုများအခွင့်အ ရေး/ သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး၊ ဘာသာပေါင်းစုံ၊ လူမှုဘက်စုံဖွံ့ဖြိုးရေး များ ကို ပထမရက်မှာ အဖွဲ့ခွဲ တိုင်ပင်ဆွေးနွေး ခြင်းလုပ်ခဲ့ကြသည်။
    အဖွဲ့အသီးသီး၏ ပြန်လည် တင်ပြ ခြင်း၊ အကြံပြု ဆွေးနွေးခြင်းကို ဒီဇင် ဘာ၂၉ရက်နေ့ နံနက်ပိုင်းတွင်  ပြုလုပ် ခဲ့သည်။
    အသင်းတော်အနေနဲ့ ဒီ နိုင်ငံတော် တည်ဆောက်ခြင်း၌ ပါဝင် လုပ်ဆောင်ရေး ကို ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှာ ကဏ္ဌ (၅) ခုကို ရေးဆွဲပြီး တာဝန်ယူဆောင်ရွက်မယ့် ပုဂ္ဂိုလ်များကို လည်း ရွေးချယ်ခဲ့သည်။ 
    ဖွဲ့စည်းထားသော ပုဂ္ဂိုလ်များသည် ဆရာတော် ရေမွန် ဆွန်လွတ်ဂမ် (ဥက္ကဌ), Fr. မောရစ် ညွှန့်ဝေ (Coordinator), Fr အမားလ်ရပ် (Facilitator), Dr. ရစ်ချက် ဝင်းထွန်းကြည် (Secretary and sector head for integral human development), Fr နိုဝယ်နော်အေး (Sector head for Education), Fr လုကပ်စ် (sector head for Justice and Peace), Sr အစွမ်းတာ (Sector head for Women Deve-lopment), Fr ဟင်နရီ အိုင်ခလိဏ်း (Sector head for interfaith) အသီးသီး တာဝန်ယူဆောင်ရွက်ကြသည်။
    နိုင်ငံတော် တည်ဆောက်ရေး အ လုပ်ရုံ ဆွေးနွေးပွဲအပြီး ဆရာတော် ဂျွန် စောယောဟန်မှ နိဂုံးချုပ် အမှာစကား ပြော ကြားခဲ့ရာ အရင်က သာသနာပြု ပုဂ္ဂိုလ်တွေ လည်းပဲ ဒီနိုင်ငံတော် တည်ဆောက်ရေး ဆိုတဲ့ ခေါင်းစဉ် မတပ်သော်ငြားလည်းပဲ ဒီ အရာတွေကို လုပ်ခဲ့ကြတယ်။ ကျွန်ုပ်တို့ သည်လည်းပဲ ကိုယ့်ဘာသာတရား သက် သက်ကြီး လုပ်လို့မရတော့တဲ့အနေအထားမျိုးမှာ ကျွနိုပ်တို့ နိုင်ငံတော် တည်ဆောက် ရေးမှာ ဘယ်လိုနည်းနဲ့ ပါဝင်ရမလဲ ဆိုတာ လည်း ဆရာတော်ကြီးများဆွေးနွေး ကြ တယ်ဆိုတဲ့အကြောင်း  ပြောကြားခဲ့သည်။
    ဤအလုပ်ဆွေးနွေးပွဲကို ရန်ကုန် ဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ ပြည်၊ ပုသိမ်၊ ဖားအံ၊ မော်လမြိုင် သာသနာ တို့ မှ ကိုယ်စားလှယ် (၅) ယောက်စီ တက်ရောက် ခဲ့ကြသည်။

(OSC-Mawlamyine)

NEWS AND EVENTS