Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဆရာတော် ဂျွန်စောဂေါဒီ၏ ဆရာတော်သိက္ခာတင်ပွဲ
-    နိုဝင်ဘာ ၂၉၊ ၂၀၂၀၊   တောင်ငူ -

တောင်ငူသာသနာမှ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

သင်တို့၌ ငြိမ်းချမ်းခြင်းရှိပါစေ။ ခရစ်တော်ရဲ့ဘုန်းကြီးသော နာမတော် အားဖြင့် သင်တို့အားလုံး  ကျန်းမာခြင်း၊ ဝမ်းမြောက်ခြင်း၊ ခရစ်ယာန်တို့ရဲ့ မိတ်သဟာယ၌ တည်မြဲခြင်း အစရှိတဲ့ ကောင်းချီးတော်များရရှိကြပါစေ။

ဒီနေ့မှာ ကျွန်ုပ်တို့အာဒ်ဝင်တူးကာလထဲ ဝင်ရောက်လာပြီး အချိန်သစ် ဘ၀သစ်ကို စတင်နေကြပါပြီ။ ဒီနေ့ဖတ်ရှုရတဲ့ကျမ်းစာတွေက ကယ်တင်ရှင် မေဆိယဖွားမြင်လာမှာကို မျှော်လင့်နေတဲ့အကြောင်း ပြောထားပါတယ်။ ပထမကျမ်းက ပရောဖက် အီဇာအိယနဲ့အတူ ကျွန်ုပ်တို့လည်း ]]အိုထာ၀ရ ဘုရား...ကောင်းကင်ဘုံမှ ဆင်းကြွ၍ ဤပွဲတော်ကို ကောင်းချီးပေး တော်မူပါ}}လို့ ဆုတောင်းကြ ပါတယ်။ ဒုတိယကျမ်းက ရှင်ပေါလုနဲ့အတူ ကျွန်ုပ်တို့လည်း ]]အိုသခင်ဘုရား၊ ဤယနေ့ ကြွလာတော်မူ၍ ကိုယ်တော် ၏ရွှေမျက်နှာတော်ကိုပြတော်မူပါ။ ကျွန်ုပ်တို့အားလည်း ကောင်းချီးပေး တော်မူပါ}}လို့ ဆုတောင်းကြပါတယ်။ ဧဝံဂေလိကျမ်းက သခင်ဘုရားကို ကြိုဆိုလက်ခံဖို့အတွက် ပြင်ဆင်ထားကြဖို့ ကျွန်ုပ်တို့ကို တိုက်တွန်း ထားပါတယ်။ ခရစ်တော်ကြွရောက်လာပါတော့မယ်။ သင်တို့အတွက် ဆရာတော်သစ်လည်း ရောက်လာပါပြီ။ ဒါဟာ ဝမ်းမြောက်စရာ သတင်း ကောင်းပါ။

ခရစ္စမတ်ပွဲတော်ကို (၂ခု)နှစ်ရာသီစာပေါင်းပြီး ကျင်းပနေရသလိုပါပဲ။ ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ် ပါစေ။

ပထမဦးစွာ တောင်ငူဂိုဏ်းအုပ်သာသနာတော်ကို မရေမတွက်နိုင်တဲ့ ကျေးဇူးတော်များစွာ သွန်းလောင်းပေးတော်မူခဲ့တဲ့ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီသာသနာကို သွန်းလောင်းပေးသနားတော်မူခဲ့တဲ့ အဓိက ကောင်းချီးတော်(၃)ခုကို ပြန်လည်အောက်မေ့သတိရကြပါစို့။

၁။ ပထမဆုံးအောက်မေ့သတိရမိတဲ့ကောင်းချီးတော်ကတော့ ကျွန်ုပ်တို့ရဲ့ ကြီးမြတ်လှတဲ့ ဏှုနြ ပီးမေသာသနာပြုများပဲဖြစ်ပါတယ်။

စိန့်ပေါလ်နဲ့ စိန့်ဖရန်စစ်ဇေးဗီးယားတို့လို အီတလီက သားကောင်းသမီး ပျိုများဟာ ကျွန်ုပ်တို့ဆီကို ပီးမေဘုန်းတော်ကြီးများ၊ ဆပ်ဖြေခြင်း သီလရှင် များအဖြစ်နဲ့ လာရောက်သာသနာပြုခဲ့ ကြပါတယ်။ ရာနဲ့ချီတဲ့သာသနာပြု တွေဟာ ဒီကို အရောက်လာခဲ့ပြီး ဒီမှာပဲ ခေါင်းချသွားခဲ့ကြပါတယ်။ ဒီနေ့ကျင်းပတဲ့ပွဲမှာ သူတို့ရဲ့ ဝိညာဉ်စိတ်ဓာတ်တွေလွှမ်းခြုံနေပါတယ်။ သူတို့ဟာ ဘ၀တစ်ခုလုံးစွန့် လွှတ်အနစ်နာခံခဲ့ကြတယ်၊ စစ်ပွဲတွေကြားမှာ နေထိုင်ခဲ့ကြတယ်။ ထောင်သွင်းအကျဉ်းကျခံခဲ့ကြတယ်။ တချို့ဆိုရင် တရားတော်အတွက် အသက်ကိုတောင် ပေးလှူခဲ့ကြတယ်။ Fမ ဗ်ူမနိသ ဃမနာသညနျင  ဆိုရင် ကျွန်ုပ်တို့အတွက် ဓမ္မအာဇာနည် ရဟန္တာတစ်ပါး ပါပဲ။ သူတို့ရဲ့သွေးတွေ၊ ချွေးတွေဟာ ဒီသာသနာကို ရေလောင်းပျိုးထောင် ပေးခဲ့တဲ့အတွက် အခုဆိုရင် ဂိုဏ်းအုပ်သာသနာ (၆)ခုအထိ တိုးပွား လာခဲ့ပါပြီ။ သူတို့ဟာ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး အသိပညာတွေကို လည်း ဝေငှခဲ့ကြပါတယ်။ ဒီသာသနာတော်ဖွံ့ဖြိုးတိုးတက် နေတာ ကို ကြည့်ပြီး သူတို့လည်းသင်တို့အတွက်ဂုဏ်ယူဝမ်းမြောက်နေ ကြပါလိမ့်မယ်။

၂။ ဒုတိယအနေနဲ့ အောက်မေ့သတိရမိတဲ့ကောင်းချီးတော်ကတော့ ကြည့်ရှုစောင့်ရှောက်ခဲ့ ကြတဲ့ သိုးတော်ဆရာတော်တွေပဲဖြစ်ပါတယ်။

ဒီသာသနာတော်ကို ၁၉၅၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သင်တို့ရဲ့သာသနာဟာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ တာတွေ၊ သေကြေပျက်စီးရတာတွေကို ဖြတ်သန်း ကြုံတွေ့ခဲ့ ရပေမဲ့ ဆက်လက်ရှင်သန်နိုင်ခဲ့တဲ့အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ အံ့ဖွယ်ရာလည်းဖြစ်ပါတယ်။ အားလုံးပျက်ရင်ပျက်- ဖျက်ရင်ဖျက်- မပျက်မဖျက်နိုင်တာကတော့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းပါ။ သိုးထိန်း တော်မြတ်ဟာ သင်တို့အတွက် ဆရာတော်နှစ်ပါး ပေးအပ်ခဲ့ပါတယ်။ ပထမဆရာတော်ကတော့ ဆရာတော် ဆေဘက်စတီးယန်း ဦးရွှေယောက် ဖြစ်ပြီး သူဟာ ဆရာတော်ဘ၀နဲ့ သာသနာတော်ကို (၂၇)နှစ်တိုင်တိုင် ဦးဆောင်ခဲ့ပါတယ်။ သူဟာ ရိုးသားပြီး နှိမ့် ချသူတစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၈၉၊ စက်တင်ဘာလမှာ ဆရာတော် အိုက်ဇက်ဓါနုရောက်လာပါတယ်။ ဒီဆရာတော်နှစ်ပါးဟာ ရာစုနှစ်ရဲ့ ထက်ဝက်ကျော်ကာလ အတွင်း သာသနာတော်ကို အခက်အခဲအမျိုးမျိုးကြားကနေ ကြည့်ရှုလမ်းညွှန်လာခဲ့ ကြပါတယ်။ ယခင်ဆရာတော်တွေဦးဆောင် ခဲ့တဲ့ကာလဟာ ဒီနေ့အချိန်မှာ ပြီးဆုံးပြီဖြစ်တဲ့အတွက် ဆရာတော်သစ်ဦးဆောင်တဲ့ကာလ အစပြု ပါတော့မယ်။

ဆရာတော် အိုက်ဇက်ဓါနုကို ပေးသနားတော်မူတဲ့အတွက် ဒီနေ့မှာ ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်အထူးခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း ဆရာတော် အိုက်ဇက်ဓါနုအတွက် ကတော့ ဒီနေ့ဟာ ထူးခြားလှတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါပဲ။ ၁၉၇၅၊ ဧပြီ ၆ ရက်နေ့က ယာဒိုမှာ သူ ရဟန်းသိက္ခာခံယူတဲ့အချိန် ကျွန်ုပ်ဟာ ကိုရင်တစ်ပါးအနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်း မြောက်ရပါတယ်။ ၁၉၈၅၊ ဇန်နဝါရီ ၁၇ ရက်နေ့က လိပ်သိုမှာ သူဆရာတော်သိက္ခာခံယူတဲ့အချိန် တုန်းကလည်း ကျွန်ုပ်ဟာ ရဟန်းတစ်ပါးအနေနဲ့ပဲ ပါဝင်ခွင့်ရ ခဲ့ပါတယ်။ ဆရာတော် အိုက်ဇက် ဓါနုဟာ နှစ်ပေါင်း(၃၅)နှစ်တိုင်အောင် အမှုတော် ထမ်းဆောင် ခဲ့ပြီး သူ့ရဲ့သိုးထိန်းတောင်ဝှေးကို ဆရာတော်သစ်ဖြစ်တဲ့ မွန်ဆီညော် ဂျွန်စောဂေါဒီထံ လွှဲပြောင်းပေးတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့သာသနာအတွင်း နယ်လှည့်လည်တဲ့အခါ ဆင်းရဲနွမ်းပါးတဲ့ အိမ်တိုင်း ကို သူရောက်အောင် သွားခဲ့တယ်။ ဖျာတစ်ချပ်-ခလောတပဲ့၊ ခေါင်းအုံး တစ်လုံးရှိရင် -ဝှီတိုးကိုတတိုး သူအိပ်တတ်ပါပြီ။ သူ့နားမှာ ကွမ်းအစ်တစ်လုံး ရှိနေရင် -လှူတကိုးလော အစားအသောက်ကိစ္စ ဘာမှ မပြောတော့ပါဘူး။ သူ ဆရာတော်ကျောင်းတိုက်မှာ နေတဲ့အချိန်ထက် နယ်လှည်တဲ့အချိန်က ပိုများပါတယ်။ကျန်းမာရေးမကောင်းလို့ နှစ်ခါတောင် ခွဲစိတ်ခံခဲ့ရပေမဲ့ နယ်လှည့်တာတော့ မပျက်ခဲ့ပါဘူး။ ဒါဟာ တကယ့် သာသနာပြုစိတ်ဓာတ်ပါ။

ချစ်လှစွာသော ဆရာတော် အိုက်ဇက်ဓါနု၊ ဆရာတော်ကို ကျွန်ုပ်တို့ အားလုံး ကျေးဇူးတင် ကြပါတယ်။ အခုဆိုရင် ဆရာတော်လည်း ဝမ်းမြောက်ဝမ်းသာစွာနဲ့ အနားယူနိုင်ပါပြီ။

၃။ တစ်ဆက်ထဲမှာပဲ နောက်ဆုံးအောက်မေ့သတိရတဲ့ ကောင်းချီး တော်ကတော့ ဆရာတော် သစ်အဖြစ် မွန်ဆီညော် ဂျွန်ဂေါဒီကို ပေးသနားခြင်းပဲဖြစ်ပါတယ်။

ဒါဟာ တောင်ငူဂိုဏ်းအုပ်သာသနာအတွက် ရှင်ယောဟန်ဘတ္တိဇံကို ပေးလိုက်သလိုပါပဲ။ သူဟာ ဒီသာသနာကို စိမ်းလန်းတဲ့စားကျက်မြေကို ရောက်ဖို့ ဦးဆောင်လမ်းပြမယ့် သိုးထိန်းကောင်း တစ်ပါးဖြစ်ပါတယ်။ ဒီဆုကျေးဇူးအတွက် ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ကို ကျွန်ုပ်တို့ချီးမွမ်း ကြပါတယ်။

သူရွေးချယ်ခဲ့တဲ့ဆောင်ပုဒ်ကလည်း ယေဇူးသခင်နဲ့ပတ်သက်လို့ ရှင်ယောဟန်ဘတ္တိဇံမိန့် ကြားခဲ့တဲ့ ]]ဘုရား၏သိုးငယ်တော်ကို ကြည့်လော့}}ဆိုတဲ့ဆောင်ပုဒ်ပဲဖြစ်ပါတယ်။

သူဟာ အများလေးစားခြင်းခံရတဲ့ ဓမ္မပညာရှင်ဖြစ်သလို သန့်ရှင်းမွန်မြတ်တဲ့ ရဟန်းတစ်ပါးလည်းဖြစ်ပါတယ်။ ရဟန်းဖြစ်သင်ကျောင်းသားလေးဘ၀မှာ တုန်းကတော့ တခြားကလေးတွေလို စတာနောက်တာရှိခဲ့ပေမဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ စာဘက်မှာ ပိုပြီးအာရုံစိုက် လာခဲ့သူ ဖြစ်ပါတယ်။ ရဟန်းဖြစ်သင်ကျောင်းသားဘ၀မှာကတည်းကိုက ပုံပြော အလွန် ကောင်းသူဖြစ်တဲ့အတွက် စိတ်ဓာတ်ကျနေတဲ့သူတိုင်းကို စိတ်ဓာတ် ပြန်တက်လာအောင် သူပြောနိုင်ပါတယ်။ ပုံပြောကောင်းတော့ သူ့မှာ အပေါင်းအဖော်လည်း များပါတယ်။ ဒီသာသနာရဲ့ သမိုင်းကြောင်းကို သူကောင်းကောင်းပြန်ပြောပြလိမ့်မယ်လို့ ကျွန်ုပ်အတပ်ပြောနိုင်ပါတယ်။ သူဟာ စည်းကမ်းကြီးသူဖြစ်ပေမဲ့ လူတိုင်းကို စာနာနားလည်တတ်တဲ့ နှလုံးသားလည်း ရှိပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ သိုးထိန်းတစ်ပါး ဖြစ်သလို ဆင်းရဲတဲ့သူတွေကိုလည်း ချစ်မြတ်နိုးပါတယ်။

ဒီသာသနာတော်ကို အသွင်တစ်မျိုးနဲ့ဆန်းသစ်စေဖို့ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ရှင်ယောဟန်ဘတ္တိဇံလို သိုးထိန်းခေါင်းဆောင်တစ်ပါးကို ဘုရားသခင်က စေလွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ကြီးမြတ်တဲ့ ရဟန္တာရဲ့ခြေရာအတိုင်း လိုက်လျှောက်ဖို့ ခေါ်တော်မူခြင်းခံခဲ့ရပါတယ်။

]]တော၌ ဟစ်ကြော်သောသူ၏အသံမှာ ထာ၀ရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ဘုရားသခင်၏လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေ ကြလော့။ ချိုင့်ဝှမ်းရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ ထာ၀ရ ဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍ လူအပေါင်းတို့သည် အတူမြင်ရ ကြလတ္တံ့}} (ဟေရှာယ ၄ဝး၃-၄)

ဆရာတော်သစ်ဟာ သူ့ရဲ့ရဟန္တာလိုပဲ ဧဝံဂေလိသတင်းကောင်းရဲ့ အနှစ် သာရကို ဟောပြောသွန်သင်ပါလိမ့်မယ်။ လူတွေကို ဒုက္ခပေါင်းစုံကနေ ရွေးနုတ်ပြီး ဝိညာဉ်တွေကို ကယ်တင်ပါ လိမ့်မယ်။ အဲဒီအမှုတော်အတွက် သူဟာ အရည်အချင်းပြည့်မီတဲ့ဓမ္မပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူ့ကို ကျွန်ုပ်တို့ဝမ်းမြောက်ဝမ်းသာကြိုဆိုကြပါတယ်။ သူ့ရဲ့ဦးဆောင်မှုဟာ အဆပေါင်းတစ်ရာမက အကျိုးဖြစ်ထွန်းပါစေလို့ ကျွန်ုပ်တို့အားလုံး ဆုတောင်းကြပါတယ်။

မျက်မှောက်ခေတ်မှာ ဆရာတော်တွေဟာ သာသနာရေး-လူမှုရေး စီမံချက် တွေ ထိရောက်ဖို့နဲ့ ကောင်းမွန်စွာ အုပ်ထိန်းနိုင်ဖို့အတွက် ပိုမိုကောင်းမွန် တဲ့အစီအစဉ်တွေလိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဆရာတော်သစ်ဟာ အုပ်ထိန်းကွပ်ကဲတဲ့အပိုင်းမှာတော့ ဆရာတစ်ဆူဖြစ်ပါတယ်။

ဆရာတော်သစ်ကို သိက္ခာမတင်ခင်မှာ ဆရာတော်တစ်ပါးရဲ့ သာသနာ ပြုတာဝန်တွေကို ပြောကြားခွင့်ပြုပါ။

၁။ ဆရာတော်ဆိုတာ ဒေသခံသာသနာတော်ရဲ့သိုးထိန်းခေါင်းဆောင်ဖြစ်ပြီး စည်းလုံးညီ ညွတ်မှုရဲ့အမှတ်လက္ခဏာလည်းဖြစ်ပါတယ်။ ရဟန်းတော် အားလုံး သာသနာပြုအမှုတော် ဆောင်တဲ့နေရာမှာ ဆရာတော်ကို နာခံဖို့ သစ္စာပြုကြရပါတယ်။ စည်းလုံးညီညွတ်မှုမရှိရင် သာသနာတော်ဆိုတာ မဖြစ်လာနိုင်ပါဘူး။ အန္တီယော့က စိန့်အီညာစီဦးက ဆရာတော်ကို နာခံကြ ဖို့ ရဟန်းတော် အားလုံးကို တိုက်တွန်းခဲ့ပါတယ်။ ခရစ်တော်ရဲ့ သာသနာတော်ကို တည်ထောင်ဖို့ ဆရာတော်ကို အကူအညီပေးကြပါ။

၂။ ဆရာတော်ဟာ ပရောဖက်တစ်ပါးလည်းဖြစ်ပါတယ်။ ဆရာတော်ဟာ ယေဇူးသခင်လုပ် ဆောင်တော်မူခဲ့တဲ့ ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်း ဟောပြောခြင်းအမှုကို ဆက်လက်လုပ် ဆောင်ရပါတယ်။ ယေဇူးသခင်ဟာ ကယ်တင်သောအရှင်ဖြစ်ပါတယ်။ ယေဇူးသခင်ဟာ နှုတ်ကပါတ်တော် ဖြစ်ပါတယ်။ ယေဇူးသခင်ဟာ နှုတ်ကပါတ်တော်ကို ဟောကြားခဲ့ပါတယ်။ ကိုယ်တော်ရှင်ဟာ လူသားအားလုံးကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ သတင်းကောင်းကို ဟောပြောဖို့ ကြွရောက် လာခဲ့ခြင်းဖြစ်ပါတယ်။

၃။ ဆရာတော်ဟာ သိုးထိန်းခေါင်းဆောင်တစ်ပါးလည်းဖြစ်ပါတယ်။ ဆရာတော်တစ်ပါးရဲ့ မပျက်ယွင်းနိုင်တဲ့ ထင်ရှားတဲ့အမှတ်လက္ခဏာက သူ့ရဲ့တောင်ဝှေးတော်ပဲဖြစ်ပါတယ်။ ဆရာတော်တွေသိက္ခာခံတဲ့အချိန်မှာ ဃမသဖငနမ ဆိုတဲ့ ]]သိုးထိန်းတောင်ဝှေး}}ကို တစ်ပါတည်း အပ်နှင်းကြပါ တယ်။ အဲဒီတောင်ဝှေးရဲ့ထိပ်ကို ကောက်ထားရတဲ့အကြောင်းရင်းကတော့ သိုးထိန်းတောင်ဝှေးကို အမှတ်ရစေဖို့နဲ့ သူကြည့်ရှုစောင့်ရှောက်ရမယ့် ဘာသာဝင်သိုးစုတွေရှိတဲ့အကြောင်း အမှတ်ရစေဖို့ ဆရာတော်တွေကို သတိပေးနေခြင်းပဲဖြစ်ပါတယ်။ လမ်းမှာလမ်းလွဲသူကို ပြန်ဆွဲဘို့ဖြစ်ပါတယ်။

၄။ ဆရာတော်ဟာ ကြိုတင်စီစဉ်ဆောင်ရွက်သူတစ်ဦးလည်းဖြစ်ပါတယ်။ (ရှင်လုကာ ၁၄း ၂၈-၃၃)မှာ ယေဇူးဘုရားရှင်ဟာ တပည့်တော်ကြီးတွေ လုပ်ဆောင်ရမယ့်အရာတွေနဲ့ပတ်သက်လို့ သွန်သင်ထားပါတယ်။ နောက်လိုက် တပည့်တွေမှာရှိရမယ့်အရည်အချင်းတွေထဲက တစ်ခုကတော့ ကြိုတင်စီစဉ်ဆောင်ရွက်တတ်ခြင်းဖြစ်ပါတယ်။ ကိုယ်တော်ရှင်ဟာ အိမ်ဆောက်မယ့်သူတစ်ဦး စီစဉ်ဆောင်ရွက်ပုံကို ဥပမာပေးထားပါတယ်။ အခြားသောရှင်ဘုရင်တစ်ပါးကို တိုက်ခိုက်ဖို့ စစ်ပြင်နေတဲ့ ဘုရင်တစ်ပါး အကြောင်းကိုလည်း ဥပမာပေးထားပါသေးတယ်။ ဒါတွေကို အကောင် အထည် မဖော်ခင် ကြိုတင်ပြီး စီစဉ်ဆောင်ရွက်ရတာတွေရှိပါတယ်။

တောင်ငူသာသနာနဲ့ ဆရာတော်သစ်အတွက် လက်တွေ့အကျိုးရှိစေမယ့် လမ်းညွှန်အကြံပြု ချက်တချို့ကိုလည်း တစ်ဆက်တည်း ပြောကြား လိုပါတယ်။

သင့်ရဲ့သိုးထိန်းအနေနဲ့သော်လည်းကောင်း၊ အစ်ကိုတစ်ယောက်အနေနဲ့ သော်လည်းကောင်း ကျွန်ုပ်ဟာ သင့်ကို ဆရာတော်သစ် တစ်ပါးရင်ဆိုင် ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ပြောကြားလိုပါတယ်။ ဒီလိုပြော ကြားတဲ့နေရာမှာ ကျွန်ုပ်ရဲ့ထင်မြင်ချက်ကို အခြေခံတာမဟုတ်ဘဲနဲ့ ပုပ် ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)တို့ရဲ့ သာသနာပြုအမြင်တွေအပေါ် အခြေခံပြီး ပြောကြားသွားမှာဖြစ်ပါတယ်။
•    ဆရာတော်ဟာ ဧဝံဂေလိတရားတော်ရဲ့အနှစ်သာရကို ဟောကြား သွန်သင်တဲ့သာသနာ ပြုဖြစ်ပါတယ်။ ဒုတိယဗာတိကန်ညီလာခံနဲ့ ပုပ်ရဟန်းမင်းကြီး(၃)ပါးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ်(၂)၊ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တို့ဟာ ဧဝံဂေလိတရားတော်ရဲ့အနှစ်သာရ သဘောတရားကို လူအများသိရှိစေခဲ့ပါ တယ်။ အဲဒီသဘောတရားအရ ကျွန်ုပ်တို့ဟာ လူတွေရဲ့ဝိညာဉ်ရေးတစ်ခုထဲကိုပဲ စိတ် ဝင်စားတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ လူတွေကို ခန္ဓာနဲ့ ဝိညာဉ်ပေါင်းစပ်နေသူတွေ အဖြစ် စိတ်ဝင်စားတာပါ။ လူသားတွေရဲ့ဘ၀ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သူတို့ရဲ့ ဝိညာဉ်ကယ် တင်ခြင်းရဖို့ ကျွန်ုပ်တို့လုပ်ဆောင်နေကြတာပါ။ ဝိညာဉ်ကယ်တင်ခြင်းရဖို့ (ယော ၃း ၁၆)နဲ့ ဆင်းရဲခြင်း၊ ဖိနှိပ်ခံ ရခြင်း၊ လူ့အခွင့်အရေးဆုံးရှုံးခြင်းစတဲ့ လူမှုဒုက္ခပေါင်းစုံကနေ လွတ်မြောက်ဖို့ လုပ်ဆောင်ခြင်းဟာ ကက်သလစ် အသင်းတော်ရဲ့ အဓိကသာသနာပြု လုပ်ငန်းနှစ်ရပ်ပဲဖြစ်ပါတယ်။ ဆရာတော်သစ် အနေနဲ့ ဒီသဘောတရားကို သာသနာတော်ရဲ့ ဆောင်ပုဒ်အဖြစ် အကောင်အထည်ဖော်ဖို့ ကျွန်ုပ်တိုက်တွန်း လိုပါတယ်။

•    ဆရာတော်ဟာ လူသားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင် တဲ့သူဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူသား ဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို လူတွေပိုပြီးသတိပြုမိစေဖို့ လုပ်ဆောင်ခဲ့ ပါတယ်။သူဟာ စီးပွားရေးဆိုင်ရာတရားမျှတမှုရှိဖို့ (နလညေါနူငကာ Gကေိငနာ) နဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှုရှိဖို့ (Lကေိအေသ Sင) ကို အဓိက ထားပြီး သွန်သင်လာခဲ့ပါတယ်။ ခရစ်ယာန်တွေရဲ့ခေါ်တော်မူခြင်းဟာ လူသားဘ၀ အပြည့်အဝ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းပဲဖြစ်ပါတယ်။ ]]လူသားဘ၀ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး ရုံးတော်}}ကိုတောင် သူဖွဲ့စည်းခဲ့ပါတယ်။ အလုံးစုံပြည့်စုံတဲ့ အနေအထား (ယော ၁ဝး၁၀)ကို ဆင်းရဲတဲ့ လူတန်းစားတွေ တက်လှမ်းနိုင်ဖို့ လုပ်ဆောင်ပေးခြင်းဟာ ကက်သလစ် အသင်း တော်ရဲ့ သာသနာပြုလုပ်ငန်းမှာ အဓိက အနေနဲ့ ပါဝင်နေပါတယ်။

အခုပြောခဲ့တဲ့ ကက်သလစ်အသင်းတော်ရဲ့ သာသနာပြုအမြင်(၂)ရပ်နဲ့ ပတ်သက်ပြီး ကျွန်ုပ် ကိုယ်တိုင်လေ့လာမိတဲ့အရာတွေကို ဆရာတော်သစ် ကို ပြောကြားလိုပါတယ်။

သင့်ရဲ့သိုးစုဟာ သင်ရရှိတဲ့ကောင်းချီးမင်္ဂလာတွေဖြစ်ပါတယ်။
•    သူတို့ဟာ ရိုးသားကြတယ်။ ယုံကြည်ခြင်းခိုင်မြဲကြတယ်။ ဘုရားတရားမှာ မွေ့လျော် ကြတယ်။
•    ရဟန်းတော်တွေဟာ လူတွေနဲ့အတူရှိနေပြီး ရိုးရှင်းတဲ့ဘ၀နဲ့ နေထိုင်ကြတယ်။ ဆရာတော်ကိုလည်း ပြဿနာများများစားစား ပေးလေ့မရှိကြပါဘူး။
•    အမျိုးသားရော၊ အမျိုးသမီးရော ခေါ်တော်မူခြင်းတွေ များစွာရရှိကြပါတယ်။
ဒါတွေဟာ ကောင်းချီးမင်္ဂလာတွေဖြစ်ပြီး ဆရာတော်သစ် လက်အောက်မှာ ဒီကောင်းချီးမင်္ဂလာတွေတိုးပွားပါစေလို့ ကျွန်ုပ်တို့ဆန္ဒပြု ပါတယ်။

ဒါဆိုရင် ဆရာတော်သစ်အတွက် စိန်ခေါ်မှုတွေဟာ ဘာတွေဖြစ်မလဲ။

၁။    ဆင်းရဲခြင်း၊ ပြင်ပကမ္ဘာနဲ့အလှမ်းဝေးခြင်း။ ကျွန်ုပ်တို့ရဲ့ ဘာသာဝင် တွေဟာ ဆင်းရဲကြပါတယ်။ အဲဒီအတွက် သူတို့ဒုက္ခရောက်ရတာတွေ ရှိသလို ပြင်ပကမ္ဘာနဲ့လည်း အလှမ်းဝေးနေ ကြပါတယ်။ သာသနာတော် အနေနဲ့ ဘာသာဝင်တွေကို ပြင်ပကမ္ဘာနဲ့ ပိုမိုထိတွေ့မှုရှိအောင် အမြန်ဆုံး လုပ်ဆောင်ပေးဖို့ လိုပါတယ်။ နောက်လာမယ့်မျိုးဆက်သစ်ဟာ ဒီထက် ပိုပြီးဖွံ့ဖြိုး တိုးတက်ဖို့ လိုပါတယ်။ သမိုင်းနောက်ခံအခြေအနေနဲ့ ကြုံဆုံခဲ့ ရတဲ့ဒုက္ခတွေကြောင့် တစ်ခါတစ်ရံမှာ တောင်ငူသာသနာဟာ ပြင်ပကမ္ဘာနဲ့ အလှမ်းဝေးနေသေးတဲ့သာသနာအဖြစ် ပြည်တွင်းကရော ပြည်ပကပါ ရှုမြင်ကြတာမျိုးရှိပါတယ်။ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီးတဲ့ ကဏ္ဍဖြစ်ပါတယ်။ ပထဝီ အနေအထားအရရော၊ အတတ်ပညာပိုင်း အရရော အလှမ်းဝေးကွာတာတွေ အဆုံးသတ်နိုင်အောင် လုပ်ဆောင်ကြဖို့ ရဟန်းတော်တွေကို ကျွန်ုပ်အနူးအညွတ် တိုက်တွန်းလိုပါတယ်။ လူတွေရဲ့ အရည် အချင်းကို မြှင့်တင်ပေးကြပါ။ သူတို့ကို မျက်မှောက် ခေတ်နဲ့ ပိုမိုထိတွေ့မှုရှိလာအောင် လမ်းဖွင့်ပေးပြီး ခေတ်သစ် လူ့အဖွဲ့အစည်းကို တရားဒေသနာ ဟောကြားတဲ့အဆင့်အထိ ရောက်လာအောင် လုပ်ဆောင် ပေးကြပါ။

၂။    သာသနာပြုစိတ်ဓာတ်ရင့်သန်ခြင်း။    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ တော်ရုံလေးလုပ်ပြီး ကျေနပ်နေတတ်တာမျိုးမဟုတ်တဲ့ သာသနာပြု စိတ်ဓာတ်အကြောင်းကို မိန့်ကြားခဲ့ပါတယ်။ ဒီလိုစိတ်ဓာတ်ရှိလာပြီဆိုရင် အတွေးအခေါ်အသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေ၊ မျှော်မှန်း ချက် အသစ်တွေကို ရှာဖွေဖော်ထုတ်လာပါတယ်။ သာသနာကို ဝိညာဉ်ရေးပိုင်း မှာသာမက လူမှု ဘ၀မှာပါ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရပါလိမ့်မယ်။ ဒါဟာ ဘာသာဝင်သိုးစုရဲ့ မျှော်မှန်းချက် လည်းဖြစ်ပါတယ်။

၃။    ဆပ်ခြေခြင်းသီလရှင်အသင်းဂိုဏ်းရဲ့ဆက်ကပ်ပါဝင်မှုကို ကျွန်ုပ် အလွန်ပဲတန်ဖိုးထား ကျေးဇူးတင်မိပါတယ်။ သင်တို့ဟာ မွန်မြတ်တဲ့ သူတွေဖြစ်ပါတယ်။ ကောင်းမြတ်တဲ့သာသနာ ပြုတွေလည်းဖြစ်ပါတယ်။ သင်တို့ရဲ့အသင်းဂိုဏ်းဝင်သီလရှင်အရေအတွက်ဟာ များပြားတဲ့အတွက် သူတို့တွေကို အရည်အချင်းပိုင်းမှာ ပိုမိုမြှင့်တင်ပေးနိုင်မယ်ဆိုရင် လူတွေရဲ့ဘ၀ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမိုထိရောက်စွာ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အချင်းပိုမိုမြှင့်တင်ပေးကြပါလို့ ကျွန်ုပ် တိုက်တွန်းလိုပါတယ်။ ဆပ်ဖြေခြင်းသီလရှင်များဟာ တောင်ငူသာသနာရဲ့ လှပတင့်တယ်တဲ့ ပန်းဥယျာဉ်တစ်ပါးပါ။ တခြားသောပန်းမျိုးစုံပါရင် ပိုမိုလှပမားလို့ ကျွန်ုပ်စိတ်ကူးမိပါတယ်။

၄။    မွန်မြတ်တဲ့ဓမ္မဆရာအပေါင်းတို့၊ သင်တို့ဟာ ဘုရားသခင်ရဲ့ လူဖြစ်သလို အသင်းတော်လည်းဖြစ်ပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းကို ဧဝံဂေလိတရားတော်ဟောကြားတဲ့နေရာမှာ သင်တို့ကိုယ်တိုင် ပါဝင်ဖို့လို ပါတယ်။ သင်တို့လုပ်ဆောင်နိုင်တဲ့အစွမ်းကို ယခုထက်ပိုပြီးမြှင့်တင်ကြပါ။ ပညာရေးနဲ့ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ခြင်းအားဖြင့် ဆင်းရဲမှုကို တိုက်ဖျက်ကြပါ။

မြန်မာပြည်ကက်သလစ်သာသနာတော်ဟာ နိုင်ငံတည်ဆောက်ရေးမှာ ပညာရေး၊ လူသားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးထုဘ၀ တိုးတက် ရေး၊ ဌာနေတိုင်းရင်းသားတို့ အခွင့်အရေး အပြည့်အဝရရှိရေး၊ ဘာသာ တရားအချင်းချင်းအကြား ဆွေးနွေးဖလှယ်ခြင်းအားဖြင့် တရားမျှတမှုနှင့် ငြိမ်းချမ်းမှုစိုးမိုးရေး စတဲ့ကဏ္ဍတွေကနေ ပါဝင်လုပ်ဆောင် နေပါပြီ။ ဒါတွေ ဟာ ပေါင်မုန့်ငါးလုံးနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဒါတွေကို အသုံးပြုပြီး လူငါးထောင်ကို ကျွန်ုပ်တို့ ကျွေးမွေးနိုင်ပါတယ်။ အခုပြောခဲ့တဲ့ ကဏ္ဍ(၅)ရပ်ကို အခြေပြုပြီး ထိထိရောက်ရောက်စွမ်းဆောင် နိုင်မယ့် သာသနာရဲ့လမ်း စဉ်တွေကို ရေးဆွဲကြဖို့ ကျွန်ုပ်တိုက်တွန်း လိုပါတယ်။

သင်တို့အားလုံး ကောင်းချီးမင်္ဂလာများခံစားရပြီး ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုး တိုးတက်ခြင်း၊ ကျန်းမာခြင်းဆုကျေးဇူးတော်တွေကိုလည်း ခံစားကြရပါစေ။ အာဒ်ဝင်တူးနဲ့ ခရစ္စမတ်ကောင်းချီးတော်တွေရရှိစေဖို့ ခရစ်တော်ရဲ့ဘုန်းကြီး တဲ့နာမတော်၌ သင်တို့ကို ကျွန်ုပ်ကောင်းချီးပေးပါတယ်။ ဆရာတော်သစ်နဲ့ သူ့ရဲ့အမှုတော်သစ်အတွက် ဆုတောင်းပေးကြပါ။ ဝိညာဉ်တော်မြတ်ရဲ့ အလင်းပေး လမ်းညွှန်မှုရရှိစေဖို့အတွက်လည်း ဆုတောင်းပေးကြပါ။

ဒီနေ့မှာ ဘုရားသခင်ဟာ သင်တို့အားလုံးကို ကောင်းချီးတော် အများအပြားသွန်းလောင်း ပေးသနားတော်မူတဲ့အတွက် သင်တို့အားလုံး ဝမ်းမြောက်ရွှင်လန်းနိုင်ကြပါစေ။


2020-12-02 01:52:34
NEWS AND EVENTS