Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဗီယက်နမ် Caritas သည် မုန်တိုင်းနှင့်ရေဘေးသင့်သူများအား ကူညီပေးခြင်း

 

ဗီယက်နမ် Caritas စေတနာ့ဝန်ထမ်းများနှင့် အလုပ်သမားများသည် ဒီနှစ်တွင်း မုန်တိုင်း (၁၃) ခုနှင့်အတူ ပြင်းထန်သောရေကြီးမှုများကိုရင်ဆိုင်ကြုံတွေ့နေရသည့် လူများထံသို့ သွားရောက်ကူညီ ပေးကြသည်။

မုန်တိုင်းဒဏ်တွေ အသင်္ချေ

တစ်လကျော်ကာလအတွင်း ဗီယက်နမ်အလယ်ပိုင်းဒေသသည် မုန်တိုင်း () ခုကိုရင်ဆိုင်ခဲ့ရပြီး ရေကြီးခြင်းနှင့်မြေပြိုခြင်းများဖြစ်ပွားခဲ့ရာ လူပေါင်း (၂၃၅) ဦး သေဆုံးပြီး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် (ဒေါ်လာ ၇၄၀,၀၀၀) ခန့်ရှိသည်။ နှစ်ပေါင်း (၃၀) ကျော်အတွင်း မုန်တိုင်းများကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဒေသအတွင်း အဆိုးရွားဆုံးရေကြီးမှုပင်ဖြစ်သည်။

ဖိလစ်ပိုင်တွင် (၆၇) ဦး သေဆုံးပြီးနောက်၊ တစ်နာရီလျှင် မိုင် (၁၅၀) နှုန်းဖြင့်တိုက်ခတ်လာသော Vamco မုန်တိုင်းသည် တနင်္ဂနွေနေ့က ဗီယက်နမ်သို့ရောက်ရှိလာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်းများ၏ ပြောကြားချက်အရ မုန်တိုင်းကြောင့်နေအိမ် (၄၀၀,၀၀၀) ကျော်ပျက်စီးခဲ့ပြီး၊ အနည်းဆုံး လူဦးရေ (၁၅၀,၀၀၀) ခန့်က ဆာလောင်မွတ်သိပ်မှုအန္တရာယ်နှင့် ကြုံတွေ့နေရသည်။

ကက်သလစ်သာသနာ၏လူမှုကူညီရေးအသင်း Caritas   ၏ပြောပြချက်အရ ချက်ချင်းအကူအညီ ရရှိရေးနှင့် ဆက်လက်ရှင်သန်ရေးအပြင်၊ နေအိမ်များပြန်လည်ဆောက်လုပ်ခြင်းနှင့် သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးသည် အလွန်အရေးကြီးသည်။ အလယ်ပိုင်းပြည်နယ်များတွင် ဟင်းသီးဟင်းရွက်နှင့် စပါးစိုက်ပျိုးခြင်း၊ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးကဲ့သို့ အဓိကကျသောလုပ်ငန်းများ အကြီးအကျယ်ပျက်စီးခဲ့သည်။ မိသားစု များစွာသည်လည်း ရေကြီးခြင်းနှင့်မြေပြိုခြင်းများအတွင်း အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။

ဒေသခံ Caritas ၏လုပ်ဆောင်ချက်

ဗီယက်နမ် Caritas ၏ဒါရိုက်တာသစ် Fr. Joseph Ngo Si Dinh သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ရေကြီးရေလျှံမှုများကို ရင်ဆိုင်ကြုံတွေ့နေရသောဒေသများကိုလေ့လာရန် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကွင်းဆင်းခဲ့သည်။ ဦးစွာ Huế သာသနာနှင့် ၎င်အနီးရှိပြည်နယ်နှစ်ခုသို့ သွားရောက်ကာ မိသားစုများစွာကို အားပေးစကားပြောခြင်း၊ အသုံးအဆောင်ပစ္စည်းအချို့ ဝေငှထောက်ပံ့ခြင်းနှင့် ဝိညာဉ်ရေးရာကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့သည်။

ရဟန်းတော်များသည် ရေဘေးသင့်သူများအတွက် စားနပ်ရိက္ခာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သယ်ဆောင်လာပြီး လုံခြုံစိတ်ချရသောနေရာများသို့ပြောင်းရွှေ့ပေးရာ၌ တက်ကြွစွာပါဝင်ခဲ့ကြကြောင်း၊ မိသားစု (၂၅) စုခန့် နေထိုင်နိုင်သော ယာယီတဲများတည်ဆောက်ထားကြကြောင်း၊ ရေလွှမ်းနေသော နေအိမ်များအတွင်း ပိတ်မိနေသည့်မိသားစုများကို သွားရောက်ကယ်တင်ပေးကြရန် လူငယ်များအား လှုံ့ဆော်ပေးထားကြောင်း Ha Tĩnh Caritas ဒါရိုက်တာ Fr. John Nguyen Huy Tuan က ပြောပြခဲ့သည်

မည်သူ့ကိုမှချန်လှပ်ထားခြင်းမရှိပါ

ဗီယက်နမ် Caritas သည် သာသနာနှင့်ပူးပေါင်း၍ လူမှုရေးလုပ်ငန်းများ၊ ကရုဏာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့်လူများကို ကူညီပေးခဲ့သည်။ ကက်သလစ်သာသနာတော်၏ လူမှုရေးဆိုင်ရာလက်ရုံးတော်ဖြစ်သော Caritas သည် လူတို့၏ ဘဝများကို ပြန်လည်တည်ဆောက်ရန်၊ ပျက်စီးနေသောနေအိမ်များကို ပြန်လည်ပြုပြင်ရန်နှင့် ဆုံးရှုံးခဲ့ရသောမိသားစုများအတွက် အိမ်အသစ်များဆောက်လုပ်နိုင်ရန် ကူညီပေးသည်။ မိသားစုများစွာကို မျိုးစေ့များဝေငှပေးခြင်း၊ မွေးမြူရေးအတွက် ကူညီပံ့ပိုးခြင်းအပြင် သောက်ရေသန့်ရရှိရေးနှင့် ကျောင်းတက်နေသောကလေးများအတွက် ငွေကြေးထောက်ပံ့ပေးသည်။

Caritas သည် ယုံကြည်ကိုးကွယ်ရာဘာသာတရားများကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ လူတို့၏ဘကိုပြန်လည်ထူထောင်နိုင်ရန်အတွက် စီမံကိန်းများပေါ်ပေါက်လာနိုင်ရေးကို ဆွေးနွေးခဲ့သည်။ လိုအပ်နေသူအားလုံးကို ကူညီပေးကြရန် Fr. Dinh က ကက်သလစ်ဘာသာဝင်များကို တိုက်တွန်းခဲ့သည်။ Caritas ဒါရိုက်တာက ဒီမုန်တိုင်းတွေရဲ့ဒဏ်ကို အများဆုံးခံစားခဲ့ရသူတွေဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်စေ၊ အခြားဘာသာဝင်တွေဖြစ်စေ သက်သာရာရလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟုဆိုသည်။

Source: Vatican News

                                                      


2020-11-19 05:37:18
NEWS AND EVENTS