Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၃၃)ကြိမ်မြောက် သာမန်တနင်္ဂနွေ
နိုဝင်ဘာ ၁၅၊ ၂၀၂၀

အနန္တတန်ခိုးတော်ရှင် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူရဲ့ ချစ်မြတ်နိုးခြင်းခံရတဲ့
ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

လူသားတို့ရဲ့ နှစ်သိမ့်ခြင်းအရှင်၊ ကယ်တင်ရှင် ယေဇူးခရစ်တော်နာမတော်၌ သင်တို့ကို ကျွန်ုပ် နှုတ်ခွန်းဆက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်ုပ်တို့ဟာ စိတ်သက်သာရာ ရစေတဲ့ အကြောင်းတွေ၊ သတင်းကောင်းတွေနဲ့ စုရုံးရောက်ရှိလာကြပါပြီ။ ကျွန်ုပ်တို့နိုင်ငံမှာ ရွေးကောက်ပွဲကို ငြိမ်းငြိမ်း ချမ်းချမ်း ကျင်းပနိုင်ခဲ့တဲ့အတွက်လည်း ကျွန်ုပ်တို့ဝမ်းမြောက် ကြရပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က စိတ်ကူးအိပ်မက် အဖြစ်သာ ရှိနေခဲ့တဲ့ ဒီမိုကရေစီဟာ အခုဆိုရင်တော့ ကျွန်ုပ်တို့အားလုံးရဲ့နှလုံးသားထဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေပါပြီ။ ကျွန်ုပ်တို့နိုင်ငံမှာ ဒီမိုကရေစီမျိုးစေ့ဆက်လက်ရှင်သန်တဲ့ အတွက်လည်း ကျွန်ုပ်တို့ကျေးဇူးတင် ရပါတယ်။ ကျွန်ုပ်တို့ရဲ့ ရွေးကောက် ခံခေါင်းဆောင်တွေကိုလည်း ကျွန်ုပ်တို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ သူတို့ဟာ ကျွန်ုပ်တို့နိုင်ငံတော်အတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ကြဉ်းနိုင်ပါစေလို့ ကျွန်ုပ်တို့ဆုတောင်းကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဗြွဗ =  Makန ဗာနမငခa Gမနအေ ဗါငေည ဆိုတဲ့ဆောင်ပုဒ်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Makန  ပြညောမေ Gသိူနည Lညေိ ဗါငေည ဆိုတဲ့ဆောင်ပုဒ်ထားရ ပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံ့ခေါင်းဆောင်တွေဟာ နိုင်ငံကို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်အောင် လုပ်ဆောင်နိုင်ကြပါစေ။

ကျွန်ုပ်တို့ရဲ့ရန်ကုန်သာသနာအတွက်လည်း သတင်းကောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ မွန်ဆီညော် နိုအဲလ်စောနောဧဟာ ရန်ကုန်သာသနာရဲ့ လက်ထောက် ဆရာတော်အဖြစ် တင်မြှောက် ခဲ့ခြင်း ခံခဲ့ရတဲ့သတင်းပဲ ဖြစ်ပါတယ်။ သာသနာမှာ ဘာသာဝင်တွေ၊ သာသနာအုပ်စုတွေ တိုးပွားလာတာနဲ့အမျှ ကြည့်ရှုစောင်မမယ့်သိုးထိန်းတွေပိုလိုအပ်လာပါတယ်။ ဒါကြောင့် မွန်ဆီညော် နိုအဲလ်စောနောဧကို ယေဇူးသခင်လိုမျိုး သိုးထိန်းကောင်းဖြစ်စေဖို့အတွက် ဝိညာဉ်တော်ဘုရားရဲ့ ကောင်းချီးတော် ခံစားရဖို့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ သင်တို့အားလုံးကိုလည်း ဖိတ်ခေါ် ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဆုတောင်းခဲ့သလို ဆရာတော်သစ် တွေဟာ သိုးစုတွေရှိရာကို သွားပြီးတဲ့အခါ သိုးနံ့တွေစွဲပြီးမှ ပြန်လာပါစေလို့ ကျွန်ုပ်တို့လည်း ဆုတောင်းကြပါတယ်။

တကယ်ဆိုရင် ကျွန်ုပ်တို့ဆုတောင်းရမယ့်အရာတွေအများကြီးရှိပါတယ်။ ကမ္ဘာ့ကပ်ရောဂါချုပ် ငြိမ်းဖို့ ကျွန်ုပ်တို့ဆုတောင်းကြနေတာတွေကိုလည်း မရပ်သေးပါဘူး။ ပြီးခဲ့တဲ့အပတ်ထဲမှာ ကာကွယ် ဆေးနဲ့ပတ်သက်လို့ သတင်းကောင်းတွေကြားခဲ့ရပြီး မျှော်လင့်ချက်တွေလည်း တိုးပွားလာခဲ့ ကြပါတယ်။ စိန်ခေါ်မှုအမြောက်အမြားကြုံတွေ့နေရပေမဲ့ ဘုရားသခင်ရဲ့ ကောင်းချီးတော်ခံစားရပြီး ကျန်းကျန်းမာမာရှိကြဖို့ ကျွန်ုပ်ဆုတောင်း ပါတယ်။ ဘုရားသခင်ရဲ့ ကုသခြင်းလက်တော်ကျရောက်ဖို့ အတွက်လည်း အထူးဆုတောင်းကြပါ။ နောက်ဆုံးမှာတော့ ဒီကမ္ဘာလောကကြီးဟာ ဘုရားသခင်ရဲ့ အထံတော်ကိုပဲ ဝင်ရောက်ခိုလှုံကြရပါတယ်။

ဒီ ၂၀၂၀ ခုနှစ်ကို မျှော်လင့်ခြင်းနဲ့ကုန်ဆုံးစေဖို့ ကျွန်ုပ်တို့ဆုတောင်း ကြပါတယ်။ ကယ်တင်ရှင် ဖွားမြင်တော်မူခြင်းဟာ ]]စိတ်ကောင်းနှလုံး ကောင်းရှိတဲ့သူတွေဆီကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းလာပါစေ}}။ ညီအစ်ကို မောင်နှမတို့၊ ကာကွယ်ဆေးမပေါ်သေးတဲ့အချိန်မှာ ကြင်နာသနားခြင်းဆိုတဲ့ ဖြေဆေးကို အမြဲမပြတ် အသုံးပြုကြပါ။ ဒုက္ခဝေဒနာခံစားနေရသူတွေ အတွက် ပူပန်စိတ်နဲ့ အမြဲလုပ်ဆောင်ပေးကြပါ။ ကပ်ရောဂါကာလအတွင်း ငတ်မွတ်နေသူထောင်ပေါင်းများစွာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးကြပါ။

ကပ်ကမ္ဘာကုန်ဆုံးမယ့်အကြောင်းနဲ့သက်ဆိုင်တဲ့ ကျမ်းစာတွေကို ကျွန်ုပ်တို့ ဖတ်နေကြရပါပြီ။ အာဒ်ဝင်တူးကာလနီးကပ်လာတာနဲ့အမျှ တနင်္ဂနွေနေ့ တွေမှာ ဖတ်ရတဲ့ကျမ်းစာတွေကလည်း ကျွန်ုပ်တို့ကို ]ပြင်ဆင်ထားရမယ့် အကြောင်း} ပြောဆိုနေကြပါတယ်။ ဒီနေ့ဖတ်ရှုခဲ့တဲ့ ဒုတိယကျမ်းမှာ ရှင်ပေါလုက ]]သခင်ဘုရားရဲ့နေ့ရက်ဟာ သူခိုးလို ရောက်လာမှာ ဖြစ်တဲ့ အတွက်}} ပြင်ဆင်ထားကြဖို့ တိုက်တွန်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေကလည်း အပျိုကညာ (၁၀)ဦးအကြောင်း ပုံဥပမာကို ဖတ်ခဲ့ရပြီး ကိုယ်တော်ရှင်ဟာ အချိန်မရွေးရောက်လာနိုင်တဲ့အတွက် ပြင်ဆင်ထားကြဖို့ သွန်သင်ထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြီးစိုးတဲ့ ကာလမှာ ဧဝံဂေလိအသင်းတော်က တရားဟောဆရာတချို့ဟာ ကမ္ဘာကုန် တော့မယ့်အကြောင်း ဟောပြောကြပြီး အပြစ်မဲ့တဲ့ တရားနာပရိသတ်ကို တုန်လှုပ်စေခဲ့ကြပါတယ်။ ဒီနေရာမှာ အထူးမှတ်သား ရမယ့်အချက်က ယေဇူးသခင်ရဲ့တရားတော်ဟာ ]အသက်ပေးတဲ့တရားတော်} သာဖြစ်တယ် ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်က ]]ငါသည် သင်တို့နှင့် အတူ အစဉ်အမြဲရှိသောကြောင့် ကြောက်ရွံ့ခြင်းမရှိနှင့်}}လို့ မိန့်ကြားခဲ့ ပါတယ်။ ကျွန်ုပ်တို့ရဲ့ကောင်းကျိုးအတွက် ကျမ်းစာ ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။

ဒီနေ့ဖတ်ရှုခဲ့တဲ့ဧဝံဂေလိကျမ်းမှာလည်း ယေဇူးသခင်က ပုံဥပမာနဲ့ ထပ်မံ မိန့်ကြားထားပါတယ်။ ကိုယ်တော်ရှင်ဟာ ဝိညာဉ်ရေးဆိုင်ရာသမ္မာတရားနဲ့ ယုံကြည်ခြင်းသင်ခန်းစာတွေကို ပုံဥပမာတွေနဲ့ ဟောပြောလေ့ရှိပါတယ်။ ကိုယ်တော်ရှင်ဟာ ဘုရားသခင်ရဲ့ဂုဏ်တော်တွေနဲ့ တရားတော်အတိုင်း နေထိုင်ကျင့်ကြံပုံတွေကို သာမန်လူတွေနားလည်နိုင်ဖို့အတွက် ပုံဥပမာတွေ သုံးပြီး ဟောပြောတတ်ပါတယ်။ ဒါဟာ ယေဇူးဘုရားရှင်အသုံးပြုတဲ့ ထူးခြားတဲ့သွန်သင်ခြင်းနည်းလမ်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ယေဇူးသခင်က ]]ဆရာသခင်ကြွလာမည့်နေ့ရက်ကို သင်မသိ သောကြောင့် သတိနှင့်အစဉ်ရှိနေလော့}}ဆိုပြီး ဆုံးမထားပါတယ်။ ပုံဥပမာ ထဲမှာတော့ ]]လူတစ်ယောက်ဟာ မိမိရဲ့စည်းစိမ် ဥစ္စာတွေကို အစေခံတွေ ဆီ လွှဲအပ်ခဲ့ပြီး ခရီးထွက်သွားတဲ့အကြောင်း}} ပြောထားပါတယ်။ ဆရာ သခင်ဟာ အစေခံတစ်ဦးကို ငါးတာလင်ပေးခဲ့ပြီး နောက်တစ်ဦးကို နှစ်တာ လင်ပေးခဲ့ပါတယ်။ နောက်ဆုံး တစ်ဦးကိုတော့ တစ်တာလင်ပေးခဲ့ပါတယ်။ အချိန်အတန်ကြာလို့ ဆရာသခင်ပြန်လာတဲ့အခါ ငါးတာလင်ရရှိခဲ့တဲ့ အစေခံက နောက်ထပ် ငါးတာလင် အပိုဆောင်းပြီး ပြန်ပေးခဲ့ပါတယ်။ နှစ်တာလင်ရခဲ့တဲ့သူလည်း နောက်ထပ်နှစ်တာလင် အပိုဆောင်းပြီး ပြန်ပေးခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ သူရထားတဲ့ တစ်တာ လင်ကို တိုးပွားအောင် မလုပ်ဘဲ မြေမှာမြှပ်ထားခဲ့တဲ့အတွက် ဆရာသခင် ကို အမျက် ထွက်စေခဲ့ပါတယ်။ ဒီအတွက် သူဟာ အပြစ်ဒဏ်သင့်ပြီး မီးထဲကို ပစ်ချခံခဲ့ရပါတယ်။

ဒီပုံဥပမာက ကျွန်ုပ်တို့ကို ဘာသင်ခန်းစာပေးချင်တာလဲ။ ကိုဗစ်ကာလမှာ ရောဂါကူးစက်တဲ့သူတွေ တိုးပွားနေတာကရော ကျွန်ုပ်တို့ကို ဘာသင်ခန်းစာ ပေးနေသလဲ။ ပိုးကူးစက်သူတိုးပွားလာ နေတာကို ကြည့်ပြီး ကျွန်ုပ်တို့ရဲ့ စိုးရိမ်ကြောက်ရွံ့စိတ်တွေဟာလည်း တိုးပွားလာနေပါတယ်။

ယေဇူးသခင်ရဲ့ပုံဥပမာတွေဟာ ဘ၀မှာ ထားရှိအပ်တဲ့ စိတ်နေသဘောထား တွေကို သွန်သင်နေပါတယ်။ မျိုးကြဲသူပုံဥပမာနဲ့ကောင်းတဲ့ ဆမာရီတန် ပုံဥပမာလိုမျိုး ဒီပုံဥပမာကလည်း စိန်ခေါ်မှုများစွာ ကြုံတွေ့နေရတဲ့ ကာလ အတွက် လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။ ပုံဥပမာထဲက ]]တာလင်}}ဆို တဲ့အရာဟာ ကျွန်ုပ်တို့တစ်ဦးစီကို ဘုရားသခင်ပေးထားတဲ့ အစွမ်းသတ္တိ တွေပဲ ဖြစ်ပါတယ်။ ယေဇူးသခင်ခေတ် အခါမှာတော့ ]]တာလင်}}ဆိုတာ လွန်စွာအဖိုးတန်တဲ့ ရွှေတွေထည့်ထားတဲ့အိတ်တစ်အိတ်ကို ဆိုလိုတာပါ။ ငါးတာလင်ဆိုရင် တော်တော့ကို ပမာဏ များပြားတဲ့ငွေကြေးလို့လည်း ဆိုနိုင်ပါတယ်။ ဆရာသခင်က အဲဒါတွေကို တိုးပွားစေဖို့အတွက် သူ့ရဲ့အစေခံတွေကို ပေးခဲ့တာပါ။

အဲဒီလိုမျိုးပဲ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို အဖိုးတန်တဲ့ အစွမ်းအစ တွေပေးထားပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ မကြာခဏဆိုသလိုပဲ မိုက်မဲတဲ့ အပျိုကညာ(၁၀)ယောက်လို ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို အသုံးမပြုဘဲ နေနေကြပါတယ်။ ကျွန်ုပ်တို့ဆီမှာလည်း အစွမ်းအစတွေဟာ ပုံစံအမျိုးမျိုးနဲ့ ငါးတာလင်၊ နှစ်တာလင်၊ တစ်တာလင်ဆိုပြီး ရှိနေကြပါတယ်။

ပုံဥပမာကို ဒီထက်ပိုပြီး လေးလေးနက်နက်ထောက်ရှုကြရအောင်။ ]]ငါးတာလင်}}ကို ကျွန်ုပ်တို့မှာရှိတဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ ထိတွေ့ခြင်း ဆိုတဲ့အာရုံငါးပါးအဖြစ် မြင်ယောင်ကြည့်လိုက်ပါ။ ဒီအာရုံ ငါးပါးနဲ့ ကျွန်ုပ်တို့ရဲ့ဘ၀မှာ ထူးခြားတဲ့အရာတွေကို ကျွန်ုပ်တို့ လုပ်ဆောင် နိုင်ကြပါတယ်။ ပထမအစေခံလိုပဲ ကျွန်ုပ်တို့ဟာလည်း ကိုဗစ်ကာလမှာ ကျွန်ုပ်တို့ရဲ့ အစွမ်းအစတွေကို တိုးမြှင့်ပြီး လုပ်ဆောင်ကြရပါမယ် Sသခငal Dငျအညေခငညါကြောင့် လူချင်းဝေးကွာပြီး နေရတဲ့အချိန်မှာ ဘုရားသခင်ပေး ထားတဲ့ အာရုံငါးပါးကို အသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ညီအစ်ကို မောင်နှမတွေကို ဆက်သွယ်ကြရပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့အကူအညီလိုတဲ့ သူတွေကို ကျွန်ုပ်တို့ မြင်အောင် ကြည့်နိုင်ပါတယ်။ သူတို့ခံစားနေရတဲ့ဒုက္ခ တွေကို ကျွန်ုပ်တို့နားထောင် ပေးနိုင်ပါတယ်။ ဒုက္ခရောက်တဲ့နေ့တွေမှာ ကြုံရတဲ့ သူတို့ရဲ့ဆင်းရဲခြင်းကို ကျွန်ုပ်တို့ခြေရာခံ နိုင်ပါတယ်။ သူတို့ရင်ဆိုင် နေရတဲ့ ခါးသီးမှုတွေကို ကျွန်ုပ်တို့ခံစားကြည့်နိုင်ပါတယ်။ သူတို့ဆီကို အကူအညီ တွေရောက်အောင် ကျွန်ုပ်တို့လုပ်ပေးနိုင်ပါတယ်။ မုန့်ငါးလုံးဟာ ပွားများပြီး တော့ လူထောင်ပေါင်းများစွာကို ကျွေးနိုင်သလို ကျွန်ုပ်တို့ရဲ့ အာရုံငါးပါး အစွမ်းကိုလည်း စောစောက ပြောခဲ့တဲ့နည်းလမ်းတွေနဲ့ တိုးမြှင့်လုပ်ဆောင် နိုင်ပါတယ်။

ဘုရားသခင်ထံတော်ကနေ ဒီအာရုံငါးပါးဆုကျေးဇူးတော် ရရှိထားသူတွေ အနေနဲ့ ဒါတွေကို အသုံးပြုပြီး မိမိတို့မိသားစုနဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိတဲ့ ညီအစ်ကိုမောင်နှမတွေထဲမှာ ဘုရားသခင်ကို မြင်အောင် ကြည့်တတ် ဖို့ ကြိုးစားရပါမယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ဝေမျှအသုံးပြု တာနဲ့အမျှ ပိုမိုများပြားတဲ့ကျေးဇူးတော်တွေကို ကျွန်ုပ်တို့ ရရှိကြပြီး အကူအညီ လိုအပ်နေသူတွေကို ပိုပြီး ကူညီနိုင်လာပါလိမ့်မယ်။ ပုံဥပမာ ထဲက ဆရာ သခင်ကလည်း ]]ရှိသောသူတို့အား ထပ်၍ပေးသဖြင့် ထိုသူ၌ ပိုလျှံနေ လိမ့်မည်}} (မာတေဦး ၂၅း၂၉)လို့ ဆိုခဲ့ပါတယ်။

]]နှစ်တာလင်}}ဆိုတာ အကောင်းကို ရွေးချယ်ပြီး အဆိုးကို ရှောင်ရှား နိုင်တဲ့အစွမ်းနှစ်မျိုးနဲ့ နှိုင်း ယှဉ်နိုင်ပါတယ်။ သေခြင်းကို ရှောင်ရှားပြီး ထာ၀ရအသက်ကို ရွေးချယ်ပါ။ အမုန်းစကားတွေ ပစ်ပယ်ပြီး မေတ္တာ စကားကိုပဲ ပြောဆိုကြပါ။ အမုန်းတရားကို ဖယ်ခွာပြီး မေတ္တာတရားပြသပါ။ အပြစ်ကို ရှောင်ရှားပြီး ကောင်းမှုပါရမီကို ကျင့်ကြံပါ။ ဘုရားသခင်အား ကျွန်ုပ်တို့အားလုံးကို ဆုကျေးဇူးတော် တွေပေးထားပါတယ်။ ကျွန်ုပ်တို့ ကောင်းကောင်းအသုံးမပြုရင် အဲဒီကျေးဇူးတော် တွေဟာ အလကားပါပဲ။ ဒါကြောင့် ဘ၀မှာ ရွေးချယ်မှုမှန်ကန်ဖို့ အရေးကြီးပါတယ်။ ဘ၀ တစ်လျှောက်လုံးမှာ အကောင်းနဲ့ အဆိုးဆိုပြီး ရွေးချယ်စရာနှစ်ခု အမြဲရှိ နေပါတယ်။ အပြစ်မကောင်းမှုကိုစွန့်ခွာပြီး ဘုရားသခင်နဲ့ပေါင်းစပ်ပါ။ တရားဟောရာကျမ်းမှာ ဘုရားသခင်က အခုလိုမိန့်ကြားခဲ့ပါတယ်။

]]အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင်၏ အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်း...နှင့်ယဉ်သောအသက်တရားကို ရွေးယူလော့။}} (တရား ၃ဝး၁၉)

ပုံဥပမာထဲမှာ တတိယမြောက်အစေခံကို တစ်တာလင်ပဲ ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အသုံး မပြုခဲ့ပါဘူး။ အဲဒီအတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပါတယ်။ အဲဒါဟာ ဘယ်လိုဆုကျေးဇူးတော်မျိုးလဲ။ ဒီဆုကျေးဇူး တော်ကို အသုံးမပြုတဲ့အတွက် ဘာကြောင့်ထာ၀ရ အပြစ်ဒဏ်ခံရတာလဲ။ တကယ်တော့ ဒါဟာ ချစ်ခြင်းမေတ္တာဆိုတဲ့ဆုကျေးဇူးတော်ပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အားလုံးဟာ ဆိုနိုင်တဲ့ပါရမီ၊ ကနိုင်တဲ့ပါရမီ၊ ပန်းချီဆွဲတဲ့နေရာမှာ ထူးချွန်တဲ့ပါရမီတွေ ရှိချင်မှ ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်ုပ်မှာရှိတဲ့ မွေးရာပါအစွမ်းတစ်ခုက ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။ နာ မည်ကျော် ဝတ္ထုရေးဆရာဖြစ်တဲ့ ဏကေူသ ဃသနူ့သ က
    ]]လူတိုင်းက ချစ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်ုပ်တို့ရဲ့ မွေးရာပါအစွမ်းပါ။ ကျွန်ုပ်မှာ အဲဒီအစွမ်းရှိပေမဲ့ အများစု ကတော့ အဲဒါကို အတိတ်က စိတ်ဒဏ်ရာတွေထဲမှာ မြှုပ်ထား တတ်ကြ ပါတယ်}}လို့ ပြောခဲ့ပါတယ်။

ယေဇူးဘုရားရှင်ကတော့ ]]သင်တို့အား ငါချစ်သည့်အတိုင်း သင်တို့ အချင်းချင်းလည်း တစ်ဦး ကိုတစ်ဦးချစ်ကြလော့}}ဆိုပြီး မေတ္တာအစွမ်းကို အဓိကပညတ်တော်အဖြစ် သတ်မှတ်တော်မူ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကလည်း ယေဇူးသခင်ပေးခဲ့တဲ့ မေတ္တာပညတ်တော် အကြောင်း ကျွန်ုပ်တို့ ထောက်ရှုခဲ့ကြပါတယ်။ ရှင်ပေါလုက (၁ ကော်ရိန့်သုဩဝါဒစာ ၁၃း၁၂-၁၃)မှာ

]]ငါတို့သည် ယခုအချိန်၌ ကြည့်မှန်ပေါ်တွင် မထင်မရှားတွေ့မြင်ကြရ၏။ ထိုအချိန်အခါ၌မူ ကား မျက်ဝါးထင်ထင်တွေ့မြင်ကြရလိမ့်မည်။ ငါသည် ယခုအခါ၌ စုံလင်စွာမသိပေ။ ထိုအချိန်အခါ၌ မူကား ဘုရားသခင်သည် ငါ့ကို စုံလင်စွာ သိမြင်တော်မူသကဲ့သို့ ငါသည် စုံလင်စွာ သိမြင်လိမ့်မည်။ သို့ဖြစ်၍ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ပါရမီသုံးပါးတို့သည် တည်လျက်ရှိပြီး ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း}}လို့ သွန်သင်ခဲ့ပါတယ်။

ဒါကြောင့် ချစ်ခြင်းမေတ္တာအစွမ်းကို ဘယ်တော့မှ ကွယ်ဝှက်မထားပါနဲ့။ ဒါဟာ ဒီနေ့ဖတ်ရှုခဲ့တဲ့ ပထမကျမ်းကပေးတဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး လူတွေဒုက္ခ ကြုံနေရ တဲ့အချိန်မှာ ဒီချစ်ခြင်းမေတ္တာအစွမ်းကို အသုံးပြုရပါလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးကို ကြောက် တာနဲ့ပဲ မေတ္တာ မပြချင်ဘူးဆိုရင် ]]ထိုသူတို့အား စိတ်ပျက် အားငယ် ခြင်းကြီးစိုးရာငရဲသို့ ပစ်ချကြလော့}}ဆိုတဲ့ အပြစ်ဒဏ်ကလည်း ရှင်းရှင်း လင်းလင်းကို ရှိနေပါတယ်။

ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျွန်ုပ်တို့မှာ အခြားသောအစွမ်းအစတွေ အများကြီးရှိနေပါသေးတယ်။ သမ္မာကျမ်းစာက အဲဒီအစွမ်းအစတွေကို ကိုယ့်အတွက်ဖြစ်စေ၊ တစ်ပါးသူအတွက်ဖြစ်စေ ဘ၀တစ်လျှောက်လုံး အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အဲဒီအစွမ်းအစတွေကတော့
•    ဧဝံဂေလိသတင်းကောင်းကြေညာဟောပြောခြင်း (မာတေဦး ၂၈း၁၆-၂၀)
•    မိမိအား ထိခိုက်ကျူးလွန်သူကို ခွင့်လွှတ်ခြင်း (မာတေဦး ၆း၁၄-၁၅)
•    အချင်းချင်း ချစ်ခင်မြတ်နိုးခြင်း (ယောဟန် ၁၃း၃၄-၃၅)
•    သာသနာတော်ကို ကြည့်ရှုစောင့်ရှောက်ခြင်း (ယောဟန် ၂၁း၁၇)
•    လောက၌ စံနမူနာကောင်းပြသခြင်း (မာတေဦး ၁၄း၁၃-၁၆)
•    ဆာလောင်ငတ်မွတ်သူတို့ကို ကျွေးမွေးခြင်း (မာတေဦး ၂၅း၂၅)
•    ဆင်းရဲသား၊ အကျဉ်းသား၊ နာမကျန်းသူများအား စောင့်ရှောက် ခြင်း (မာတေဦး ၂၅း၃၆)
•    သူစိမ်းနှင့် ပြင်ပဧည့်သည်များကို ဧည့်ဝတ်ကျေပွန်ခြင်း (၂၅း၃၅) စတာတွေပဲဖြစ်ပါတယ်။

အာဒ်ဝင်တူးကာလနီးကပ်လာတာနဲ့အမျှ ယေဇူးဘုရားရှင်ရဲ့ ဖွားမြင်တော်မူ ခြင်းကို ကျွန်ုပ်တို့ရဲ့ နှလုံးသားမှာ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေတဲ့အချိန် ဒီအစွမ်းအစတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော် အကျိုးအတွက် ဒီအစွမ်းအစကို အကျိုးရှိရှိ အသုံးပြု နေတာတွေ့တဲ့အခါ ကိုယ်တော်ရှင်က ]]ကောင်းလေစွ၊ ငါ၏သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် သေးငယ်သော အမှုကိစ္စတို့၌ သစ္စာရှိသောကြောင့် ငါသည် သင့်အား ပိုမိုကြီးမြတ်သောအရာတို့ကို ပေးအပ်မည်။ လာ၍ သင်၏ဆရာသခင်၏ ဝမ်းမြောက်ခြင်း၌ ပါဝင်လော့}}ဆိုပြီး ကောင်းချီး ပေးတော်မူပါလိမ့်မယ်။

မှန်ပါတယ်။ အာဒ်ဝင်တူးကာလနီးကပ်လာတာနဲ့အမျှ ဒါဟာ ကျွန်ုပ်တို့ လုပ်ဆောင်ရမယ့်အရာ၊ ကျွန်ုပ်တို့ဝမ်းမြောက်ရမယ့်အရာပဲဖြစ်ပါတယ်။

သင်တို့အားလုံး ဘုရားသခင်ရဲ့ကောင်းချီးတော်ခံစားရပြီး ကျန်းမာချမ်းသာ ကြပါစေ။


2020-11-14 06:43:22
NEWS AND EVENTS