Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ်ဘာဆက်တီအတွက်

နေ့စဉ်ဆုတောင်းပေးကြပါရန်တောင်းခံခြင်း

အီတာလျံဆရာတော်ကြီးများအဖွဲ့ချုပ် (CEI) ၏ဥက္ကဌ၊ ပေရူးဂျီအာဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ဘာဆက်တီသည် ကိုဗစ်ရောဂါကူးစက်ခံရသဖြင့် နိုဝင်ဘာ (၃) ရက်နေ့က သနားခြင်း၏မယ်တော်ဆေးရုံ၌ ဆေးရုံတင်ထားကြောင်း၊ ကာဒီနယ်၏ကျန်းမာရေးသည် ယခုရက်သတ္တပတ်အတွင်း၌ ပို၍စိုးရိမ်ဖွယ်အခြေအနေသို့ ရုတ်တရက် ရောက်ရှိလာကြောင်း လူထုဆက်သွယ်ရေးရုံး (CEI) မှ နိုဝင်ဘာလ (၉) ရက်နေ့က ထုတ်ပြန်ထားသည်။
ကာဒီနယ်၏ကျန်းမာရေးအခြေအနေကိုသိလိုသဖြင့် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ယမန်နေ့ညက ဖုန်းဆက်မေးမြန်းရာ “ကာဒီနယ်ကြီးကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ဂရုတစိုက် အနီးကပ်စောင့်ရှောက်ထားပါတယ်၊ ဒီထက်ပိုပြီးသင့်တော်မယ့် ကုသမှုတွေလည်း လုပ်ပေးနေပါတယ်။ အခုလိုအခြေအနေမှာ ဘာသာဝင်များအားလုံးက ဆုတောင်းပေးကြဖို့ ကျွန်ုပ်တို့ တောင်းခံပါတယ်” ဟု လက်ထောက်ဆရာတော်မွန်ဆီညော်မားရ်ကိုမှ ပြန်လည်ဖြေကြားခဲ့သည်။
(CEI) ၏ အထွေထွေအတွင်းရေးမှူး မွန်ဆီညော်စတေဖာနိုရူဆိုမှလည်း “ကာဒီနယ်ကြီးနဲ့အတူ ရောဂါဝေဒနာခံစားနေရသူတွေ အားလုံးအပေါ်မှာ ဘုရားရှင်ရဲ့သနားကရုဏာတော်နဲ့ နှစ်သိမ့်ခြင်းတွေ ရရှိခံစားကြရပါစေလို့ ဆုတောင်းပါတယ်။ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကိုလည်း ကျွန်ုပ်တို့ သတိရဆုတောင်းပေးပါတယ်။ ဘာသာဝင်များအားလုံးကိုလည်း နေ့စဉ်ဆုတောင်းကြတဲ့ အချိန်တိုင်းမှာ ဒီရည်ရွယ်ချက်တွေကို ထည့်သွင်းဆုတောင်းကြဖို့ ဖိတ်ခေါ်ပါတယ်” ဟုဆိုသည်။
 
NOVEMBER 11, 2020
 
News Source: zenit.org
Image: https://press.vatican.va/content/salastampa/en/documentation/cardinali_biografie/cardinali_bio_bassetti_g.html



2020-11-12 07:03:09
NEWS AND EVENTS