Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ်အဖြစ်ခန့်အပ်ရန် ရွေးချယ်ခြင်းခံရသော

ဖာသာရ် ကံတာလာမင်းဆာ

Father Raniero Cantalamessa သည် (၁၉၃၄) ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် အီတလီနိုင်ငံ Colli del Tronto, Ascoli Piceno ၌ဖွားမြင်ခဲ့သည်။ (၁၉၅၈) ခုနှစ်တွင် ရဟန်းသိက္ခာကိုခံယူခဲ့သည်။ ဆွိဇာလန်နိုင်ငံရှိ Fribourg တက္ကသိုလ်မှ သီဪလိုဂျီဘွဲ့ကိုလည်းကောင်း၊ မီလန်မြို့ရှိ ကက်သလစ်တက္ကသိုလ်မှ ရှေးဟောင်းစာပေဆိုင်ရာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။
မီလန်မြို့ရှိ ယေဇူးရွှေနှလုံးတော်တက္ကသိုလ်၏ History of the Christian Origins and Director of the Religious Sciences Department ၌ စာချပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ (၁၉၇၅ မှ ၁၉၈၁ ထိ)အပြည်ပြည်ဆိုင်ရာသီဩလော်ဂျီကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း အမှုတော်ထမ်းဆောင်ခဲ့ပြီး၊ The Catholic Delegation for Dialogue with the Pentecostal Churches ၏အဖွဲ့ဝင်အဖြစ် (၂) နှစ်ခန့် အမှုတော်ထမ်းဆောင်ခဲ့သည်။
နှုတ်တော်ထွက်စကားတော် (သမ္မာကျမ်းစာ) အတွက် အချိန်ပြည့်ဆက်ကပ်နိုင်ရန် (၁၉၇၉) ခုနှစ်တွင် စာသင်ကြားခြင်းအလုပ်ကိုရပ်နားခဲ့သည်။ (၁၉၈၀) ခုနှစ်တွင် ရဟန်းမင်းကြီးဂျွန်ပေါလ် ၂ မှ ဗာတီကန်မိသားစုအတွက် တရားဒေသနာတော် ဟောကြားပေးသောပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ပြီး၊ (၂၀၀၅) ခုနှစ်တွင် ရဟန်းမင်းကြီးဘေနဒစ် ၁၆ မှလည်းကောင်း၊ (၂၀၁၃) ခုနှစ်တွင် ရဟန်းမင်းကြီးဖရန်စစ်မှလည်းကောင်း ဤရုံးတော်၌ပင် ထပ်မံအတည်ပြု ခန့်အပ်ခဲ့ကြသည်။
အာဒ်ဝင်တူးကာလနှင့် ဝါတွင်းကာလများတွင် ရဟန်းမင်းကြီးအပါအဝင် ကာဒီနယ်ကြီးများ၊ ဆရာတော်ကြီးများ၊ ရဟန်းတော်များနှင့် သူတော်စင်အသင်းဂိုဏ်းအသီးသီးမှ တစ်ကမ္ဘာလုံးဆိုင်ရာအကြီးအကဲများကို အပတ်စဉ် ဩဝါဒမြွက်ကြားပေးသည်။
ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ဩဝါဒမြွက်ကြားပေးရန် သူ့အား တောင်းဆိုကြသည်။ အခြားညီအစ်ကိုခရစ်ယာန်အသင်းများမှ အကြီးအကဲများကလည်း သူ့အား မကြာခဏ ဖိတ်ခေါ်ကြသည်။ သူသည် University of Notre Dame in South Bend, Indiana မှ ဥပဒေဆိုင်ရာပါရဂူဘွဲ့ကိုလည်းကောင်း၊ The University of Macerata မှ ဆက်သွယ်ရေးဆိုင်ရာသိပ္ပံဘွဲ့ကိုလည်းကောင်း၊ Franciscan University, Steubenville, Ohio မှ သီဩလော်ဂျီဘွဲ့ကိုလည်းကောင်း ရရှိထားသည်။
ဗာတီကန်နန်းတော်၌ဟောပြောခြင်း၏အသီးအပွင့်အဖြစ် The Christian Origins, the Fathers’ Christology, the Easter of Resurrection in the Ancient Church နှင့် အခြားဘာသာရပ်များ၊ ဝိညာဉ်ရေးဆိုင်ရာ စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့ရာ ဘာသာစကားအမျိုးပေါင်း (၂၀) မှ ဘာသာပြန်ထားကြပြီးဖြစ်သည်။
News Source: https://zenit.org

2020-10-27 08:08:28
NEWS AND EVENTS