Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၂၉)ကြိမ်မြောက် သာမန်တနင်္ဂနွေ
အောက်တိုဘာ ၁၈၊ ၂၀၂၀
ကာဒီနယ်ချားလ်စ်မောင်ဘို

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊
    သင်တို့အားလုံးအပေါ်သို့ မင်္ဂလာအပေါင်း ခညောင်းပါစေလို့     ခရစ်တော်ရဲ့နာမတော်မြတ် ၌ ကျွန်ုပ်ဆန္ဒပြုလိုက်ပါတယ်။
    ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ကျွန်ုပ်တို့ရဲ့မိသားစုထဲမှာ၊ ကျွန်ုပ်တို့အထဲမှာ ဘုရားသခင်ရှိတော်မူပါတယ်။ မစ္ဆားတရားကို ဥညူငညန ကနေ လွှင့်ပေးနေတာ နာယူကြသူတိုင်း ဘုရားသခင်ရဲ့ကောင်းချီးတော်ကို ခံစားကြရပါစေ။
    နေကောင်းကျန်းမာတဲ့သူအားလုံး ဘုရားသခင်ရဲ့ဂုဏ်တော်ကို ချီးမွမ်းကြပါ။ ဘ၀မှာ စိန် ခေါ်မှုကြီးကြီးမားမားကြုံတွေ့နေရသူတွေအနေနဲ့လည်း ]]မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏}} (ဟေ ၄၁း၁၀)ဆိုတဲ့ ကျမ်းစကားနဲ့ ခွန်အားယူကြပါလို့ ကျွန်ုပ်ပြောကြားလိုပါတယ်။ ထာ၀ရကုသ ခြင်း၏အရှင် ယေဇူးသခင်ထံတော်မှာ အားကိုးအပ်နှံကြပါ။ ဧဝံဂေလိကျမ်းက အခုလိုဆိုထားပါ တယ်။
    ]]ကိုယ်တော်ကြွဝင်တော်မူသော မြို့ရွာဒေသတိုင်းတွင်လည်း သူတို့သည် ဈေးလယ်၌ လူနာ များကို ချထားကြပြီး ဝတ်ရုံတော်၏အနားစအမြိတ်ကိုမျှသာ တို့ထိရပါမည့်အကြောင်း တောင်းပန် ကြ၏။ တို့ထိသမျှသောသူတို့သည်လည်း ဝေဒနာပျောက်ကင်းကြလေ၏။}} (မာကု ၆း၅၆)
    စားဝတ်နေရေးခက်ခဲနေသူတွေအနေနဲ့လည်း မုန့်ငါးလုံးနဲ့ ဆာလောင်သူအများအပြားကို ကျွေးမွေးတော်မူတဲ့ ယေဇူးခရစ်တော်ရဲ့ဘုန်းအာနုဘော်ကြောင့် သဒ္ဓါရက်ရောသူတွေပေါ်ပေါက် လာပြီး ရောဂါကြောင့် Lသခိုသတည နဲ့ Sအပေ အေ Hသာန သတ်မှတ်ထားတဲ့ကာလမှာ သင်တို့ကို စား စရာတွေ ဝေမျှပေးကမ်းကြပါစေ။ ကျမ်းစာထဲမှာ အခုလိုဆိုထားပါတယ်။
    ]]ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မျှော်ကြည့် လျက် ကောင်းချီးပေးတော်မူ၏။ ထို့နောက် ပေါင်မုန့်များကိုဖဲ့၍ တပည့်တော်တို့အား ပေးလျက် လူတို့ရှေ့၌ တည်ခင်းစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် ငါးနှစ်ကောင်ကိုလည်း သူတို့အား လုံးအား ခွဲဝေပေးတော်မူ၏။ လူအပေါင်းတို့သည်လည်း စား၍ ၀ကြလေ၏။}} (မာကု ၆း၄၁-၄၂)
    ရောဂါပိုးကူးစက်ခံရတဲ့သူတွေ၊ ကွာရန်တင်းနေရတဲ့သူတွေအနေနဲ့ နှစ်ပေါင်းများစွာ ရောဂါ ခံစားနေရတဲ့အမျိုးသမီးဟာ ခရစ်တော်ရဲ့ဝတ်ရုံတော်ကို တို့ထိတာနဲ့ ရောဂါပျောက်ကင်းခဲ့သလို သင်တို့ခံစားနေရတဲ့ဝေဒနာဟာလည်း ပျောက်ကင်းသွားပါစေ။ သင်တို့ရဲ့ယုံကြည်ခြင်းဟာ သင်တို့ ရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို ဖယ်ရှားပါစေ။
    ရောဂါကူးစက်ခံရပြီး နာမကျန်းဖြစ်နေသူတွေကို ကုသဖို့အတွက် ရှေ့တန်းကနေ ကိုယ်ကျိုး စွန့် အနစ်နာခံပြီး တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအနေနဲ့ လည်း ]]ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကို ကြည့်ရှုကြ၏}} (မာတေဦး ၂၅း၃၆) လို့ မိန့် တော်မူတဲ့ ယေဇူးသခင်ထံတော်မှ အားပေးနှစ်သိမ့်မှုကို ခံစားကြရပါစေ။
    ပုပ်ရဟန်းမင်းကြီးက ]]နောင်တမျက်ရည်နဲ့အတူ ဒူးထောက်ဆုတောင်းကြဖို့}} ကျွန်ုပ်တို့အား လုံးကို တိုက်တွန်းထားတဲ့အတိုင်း ဒီကမ္ဘာ့ကပ်ရောဂါဆိုးကြီး လူသားတွေဆီကနေ ထွက်ခွာသွားဖို့ ကျွန်ုပ်တို့ရဲ့လက်ကိုဆန့်တန်းပြီး ဆုတောင်းကြပါစို့။
    ဒီနေ့ကျွန်ုပ်တို့ဖတ်ရှုကြားနာခဲ့တဲ့ကျမ်းစာတွေဟာ ဘုရားသခင်ရဲ့အစီအစဉ်တော်မှာ ပါဝင် တဲ့ အစိုးရတွေရဲ့အခန်းကဏ္ဍအကြောင်းကို ပြောထားပါတယ်။
    ပထမကျမ်းထဲမှာ ကုရုမင်းဟာ ဂျူးလူမျိုးလည်းမဟုတ်၊ အစ္စရာအဲလ်လူမျိုးရဲ့ဘုရားသခင်ကို ကိုးကွယ်တာလည်း မဟုတ်ဘဲနဲ့ ဘုရားသခင်ရဲ့အစီအစဉ်တော်မှာ ပါဝင်ဖို့ ခေါ်တော်မူခြင်းခံခဲ့ရပါ တယ်။ ကျွန်ုပ်တို့ယုံကြည်ထားတာက ဘုရားသခင်ဟာ ဤလောကကို စိုးပိုင်တော်မူပြီး လောကီ အစိုးရမင်းတွေဟာ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်ကြရခြင်းဖြစ်ပါ တယ်။ အစိုးရတွေဟာ လူအများရဲ့ကောင်းကျိုးကို ဖော်ဆောင်နေသရွေ့ သူတို့ကို ကျွန်ုပ်တို့ရိုသေ လေးစားရပါလိမ့်မယ်။
    ဒီအချက်ဟာ ကိုဗစ်ကပ်ရောဂါကာလမှာ အရမ်းကို အရေးပါ ပါတယ်။ အစိုးရနဲ့ ပြည်သူ တွေဟာ အတူလက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်။ လူအများစုကောင်းကျိုးအတွက် ပိုမိုကောင်းမွန် တဲ့အရာတွေကို အကောင်အထည်ဖော်နေတဲ့အစိုးရဟာ ဘုရားသခင်ရဲ့အလိုတော်ကို ထင်ဟပ်ပြ နေပါတယ်။ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီပုံစံအတိုင်း လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လူ့အသက်ဟာ ဘုရားသခင်ပေးသနားတော်မူတဲ့လက်ဆောင်ဖြစ်ပါတယ်။ အစိုးရတွေဟာ အဲဒီ လက်ဆောင်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိကြပါတယ်။
    ဒီနေ့ဖတ်ရှုကြားနာခဲ့ရတဲ့ဧဝံဂေလိကျမ်းမှာ ယေဇူးသခင်ကို မေးခွန်းမေးကြတယ်။ သူဟာ ဆီဇာဧကရာဇ်ကို နာခံရမလား၊ ဘုရားသခင်ကို နာခံရမလား။ ယေဇူးသခင်ရဲ့ခေတ်ကာလမှာ ရောမဧကရာဇ် ဆီဇာဟာ အစ္စရာအဲလ်ပြည်ကို သိမ်းပိုက်ပြီး ဟေရုဒ်မင်းရဲ့အပေါင်းအပါ ခရိုနီ တွေနဲ့အတူ တိုင်းပြည်အပေါ် အမြတ်ထုတ်ခဲ့ကြပါတယ်။ ဖာရီဇေဦးတွေက အကွက်ဆင်ပြီး ယေဇူး သခင်ကို ဒီမေးခွန်းမေးခဲ့တာပါ။ ဆီဇာကို နာခံမယ်လို့ဖြေရင် နယ်ချဲ့အားပေးသူအဖြစ် စွပ်စွဲကြ မယ်။ ဆီဇာကို မနာခံဘူးလို့ဖြေရင်လည်း ပုန်ကန်သူအဖြစ် စွပ်စွဲပြီး သေဒဏ်အပေးခံရအောင် လုပ်ကြမယ်။ ယေဇူးသခင်ကလည်း လိမ်မာပါးနပ်စွာနဲ့ ငွေဒင်္ဂါးတစ်ပြားပြခိုင်းပြီး ဒင်္ဂါးပြားပေါ်မှာ ဆီဇာရဲ့ပုံတွေ့တာနဲ့ ]]သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားလည်းကောင်း၊ ဘုရားသခင်နှင့် ဆိုင်ရာကို ဘုရားသခင်အားလည်းကောင်း ပေးဆက်ကြလော့}}လို့ မိန့်တော်မူလိုက်ပါတယ်။
    ဒီအချက်ဟာ ယခုကာလမှာ ကျွန်ုပ်တို့ကိုစိန်ခေါ်နေတဲ့အချက်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘ၀ မှာ အစိုးရရဲ့အခန်းကဏ္ဍက ဘာလဲ။ ဘုရားသခင်ရဲ့အခန်းကဏ္ဍက ဘာလဲ။ အစိုးရဟာ ဆင်းရဲသူ တွေ၊ ထိခိုက်လွယ်သူတွေအတွက် စဉ်းစားပေးရပါမယ်။ ချမ်းသာသူတွေ၊ ဩဇာရှိသူတွေကိုသာ ဦး စားပေးလိုတဲ့အစိုးရဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ပုပ်ရဟန်းမင်းကြီး ဖရန် စစ်ဟာ စာချွန်တော်ထဲမှာ ]]ကိုဗစ်ကပ်ရောဂါဟာ ဘုရားသခင်ရဲ့အပြစ်ဒဏ်မဟုတ်ဘဲ သတိပေး ချက်ဖြစ်ပါတယ်}}လို့ ထောက်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဦးစားပေးမမှား ဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။
    နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ စစ်ပွဲဆင်နွှဲဖို့လောက်ကိုပဲ စဉ်းစားနေ လို့မရပါဘူး။ ပြည်သူပြည်သားတွေရဲ့လုံခြုံရေး၊ စားဝတ်နေရေးကိုလည်း စဉ်းစားပေးဖို့ လိုပါတယ်။ တချို့နိုင်ငံတွေမှာ အသက်ကြီးတဲ့သူတွေအများအပြားသေခဲ့ရတယ်။ တချို့နိုင်ငံတွေမှာ ဆင်းရဲ သားတွေကို လျစ်လျူရှုထားကြတယ်။ အစိုးရတွေအနေနဲ့ မိမိတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကို ကူညီ ထောက်ပံ့ပေးဖို့ တာဝန်ရှိပါတယ်။ လူမျိုးနွယ်တိုင်းဟာ ဘုရားသခင်နဲ့သက်ဆိုင်ပါတယ်။ ဘုရား သခင်ဟာ အားလုံးရဲ့အရှင်သခင်ဖြစ်ပါတယ်။ ပရောဖက် အီဇာအိယက အခုလို ဟောခဲ့ပါတယ်။
    ]]ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုး ခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသ ခင်၊ ထာ၀ရအဖ၊ ငြိမ်သက်ခြင်း၏အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။}}(ဟေ ၉း၆)
    အစိုးရရဲ့အဓိကတာဝန်က ပြည်သူလူထုကို အကာအကွယ်ပေးဖို့ပါ။ ကိုယ့်ရဲ့အာဏာကို ကာကွယ်ဖို့ မဟုတ်ပါဘူး။ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာပေါ်မှာ မမျှမတဖြစ်နေတဲ့အချက်ကိုပါ သူ့ရဲ့ စာချွန်တော်ထဲမှာ ထောက်ပြထားပါတယ်။ ကမ္ဘာ့စီးပွားရေးစနစ်ဟာ ဆင်းရဲသားတွေကို အကျိုး မပြုပါဘူး။ လူအတော်များများဟာ ဆင်းရဲခြင်းဘေး၊ စစ်ဘေး၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဘေး တွေကို ခံနေရပြီးသားဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အစိုးရတွေရဲ့သရုပ်အမှန်ထွက်ပေါ်လာပါ တယ်။ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ဖို့ ပျက်ကွက်တဲ့အစိုးရဟာ ဘုရားကောင်းချီးမရပါဘူး။
    ကိုဗစ်ကပ်ရောဂါကတော့ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ အားလုံးကို ကူး စက်နေပါတယ်။ ပုပ်ရဟန်းမင်းကြီးက စတော့ရှယ်ယာဈေးကွက်ထက် ပြည်သူတွေရဲ့ကျန်းမာ ရေးအခြေအနေကို ပိုအလေးထားတဲ့ အစိုးရမျိုး၊ စစ်လက်နက်ဝယ်ဖို့ထက် ကျန်းမာရေးကဏ္ဍကို အားဖြည့်မယ့်အစိုးရမျိုး၊ ကြီးမားတဲ့စစ်တပ်တည်ဆောက်ဖို့ထက် ဆရာဝန် သူနာပြုတွေ ပိုပြီးမွေး ထုတ်ပေးမယ့်အစိုးရမျိုး ကမ္ဘာကြီးမှာ လိုအပ်နေပြီလို့ မိန့်ဆိုထားပါတယ်။ ကျွန်ုပ်တို့နိုင်ငံရဲ့အစိုးရ ဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လုပ်ဆောင်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ထားပါတယ်။ ကျ ရောက်လာတော့မယ့် ရွေးကောက်ပွဲကနေ အဲဒီလိုအစိုးရမျိုးကို ရွေးချယ်တင်မြှောက်နိုင်ပါစေ။ ကျွန်ုပ်တို့နိုင်ငံရဲ့အစိုးရဟာ မြန်မာနိုင်ငံမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ ဆင်းရဲခြင်းဘေး၊ စစ်ဘေး၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဘေး၊ လူကုန်ကူးခံရတဲ့ဘေး စတာတွေကို တိုက်ဖျက်နိုင်တဲ့သတ္တိ အစွမ်းမျိုးရှိပါစေလို့ ကျွန်ုပ်တို့ဆုတောင်းကြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့စာချွန်တော်အတိုင်း မြန် မာနိုင်ငံရဲ့အစိုးရဟာ ကိုဗစ်အလွန်မှာ နိုင်ငံသားအားလုံး ညီအစ်ကိုမောင်နှမပမာ တန်းတူညီမျှရပ် တည်နိုင်ကြဖို့ ဆောင်ရွက်လိမ့်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။
    ဖာရီဇေဦးတွေကို ယေဇူးသခင်ထပ်ပြီးမိန့်ကြားတဲ့စကားရှိပါသေးတယ်။ ]]ဘုရားသခင်နှင့် ဆိုင်ရာကို ဘုရားသခင်အား ပေးကြလော့}}ဆိုတဲ့စကားပါ။ ဒါနဲ့ပတ်သက်လို့ ဖာရီဇေဦးဘက်က ဘာသံမှ ထွက်မလာတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အသိစိတ်က အမှောင်ဖုံးနေပါပြီ။ ကျွန်ုပ်တို့ကတော့ ယေဇူးသခင်ရဲ့ကျေးဇူးတော်ကြောင့် သိခွင့်ရကြပါတယ်။ ဘုရားသခင်တောင်းဆို တော်မူတဲ့အရာနှစ်ခုပဲရှိပါတယ်။ အဲဒါတွေကတော့ ]]ဘုရားသခင်ကို ချစ်ပါ။ သင်တို့အချင်းချင်း ချစ်ကြပါ}}ဆိုတဲ့ ပညတ်ချက်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အပြုအမူအားဖြင့် မေတ္တာပြသဖို့ လိုပါ တယ်။ ဒီအချိန်ကာလဟာ ပေးဆပ်ခြင်းအားဖြင့် ကောင်းသောခရစ်ယာန်ဖြစ်ကြောင်း ပြသရမယ့် အချိန်ဖြစ်ပါတယ်။
    မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအချိန်အတွင်း ပေးကမ်းလှူဒါန်းတဲ့သူတွေ၊ ဘ၀နဲ့ အချိန်ကို ပေးဆပ်ကြတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ရှေ့တန်းကနေ ရောဂါကို တိုက်ဖျက်နေတဲ့ ကျန်းမာရေးဝန် ထမ်းတွေအားလုံးဟာ ]]ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အား ပေးကြလော့}}ဆိုတဲ့စကား အတိုင်း လိုက်နာကျင့်ကြံနေကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့အကြောင်း ဖတ်ရကြားရတဲ့အခါမှာ ကျွန်ုပ်တို့အံ့ဩကြရပါတယ်။ ဘ၀ရဲ့အဓိပ္ပာယ်ကိုလည်း ပိုပြီးသိလာရပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့အကြားမှာ ဆက်လက်တည်ရှိနေပါတယ်။
    ဒီလိုအချိန်မှာ နတ်ဆိုးဟာလည်း အနားမနေပါဘူး။ နတ်ဆိုးက အမုန်းစကားအသွင်နဲ့ လှုပ်ရှားနေပါတယ်။ မြန်မာလူမျိုးအများစုကတော့ ကရုဏာစိတ်ကြီးမားကြပါတယ်။ ကိုးကွယ်ရာ ဘာသာတိုင်းမှာ ကရုဏာရှင်သူရဲကောင်းတွေရှိကြပါတယ်။ ကရုဏာတရားဟာ ဘာသာတရား တိုင်း လက်ကိုင်ထားတဲ့တရားဖြစ်ပါတယ်။ အားလုံးဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ဟာ အတူ တကွရပ်တည်ပြီး တစ်ဦးကိုတစ်ဦး ကူညီဖေးမကြရပါလိမ့်မယ်။ အတိဒုက္ခရောက်သူကို ဖေးမကူညီ တဲ့နေရာမှာ ဘာသာလူမျိုး၊ ဆင်းရဲချမ်းသာ ခွဲခြားနေလို့ မရပါဘူး။ ကျွန်ုပ်တို့ဟာ တစ်မြေထဲနေ၊ တစ်ရေတည်း သောက်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဖြစ်ပါတယ်။
    ဝမ်းနည်းစရာကောင်းတာက ဘာသာရေးခေါင်းဆောင်တွေအပါအဝင် တချို့သောခေါင်း ဆောင်ဟာ ကိုယ့်အုပ်စုအတွက်ကိုပဲ စိုးရိမ်ပူပန်နေကြပါတယ်။ ဒီလိုကမ္ဘာ့ကပ်ရောဂါဖိစီးနေတဲ့ အချိန်မှာတောင်မှ သူတို့ဟာ အမုန်းစကားနဲ့တိုက်ခိုက်ပြီး အပြစ်ရှာကို ကြိုးစားနေကြတာ တွေ့ရပါ တယ်။ ဒုက္ခရောက်နေတဲ့ ကျွန်ုပ်တို့နိုင်ငံသားတွေရဲ့မျက်နှာကိုပဲ ကြည့်ကြပါ။ နတ်ဆိုးက အမုန်း စကားဖြန့်ဝေနေတဲ့ လူမှုကွန်ယက်တွေကို မကြည့်ကြပါနဲ့။
    အခု ကျွန်ုပ်တို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့ကာလဟာ အရမ်းကို ခက်ခဲတဲ့ကာလဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ကာလကို ကျော်ဖြတ်နိုင်ဖို့အတွက် ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ ဇွဲမလျှော့တဲ့ ဆုတောင်း ခြင်းလိုအပ်ပါတယ်။ ကိုဗစ်ရောဂါကို တိုက်ဖျက်မှာက ကာကွယ်ဆေးမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အနန္တဘုန်းတန်ခိုးနဲ့ပြည့်စုံတဲ့လက်တော်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့အခြေအနေက ဒုတိယကျမ်းမှာ ဖော်ပြထားတဲ့ သက်သာလောနိတ်မြို့သားတွေရဲ့အခြေအနေနဲ့ တူနေပါတယ်။ သူတို့တွေလည်း ဆင်းရဲဒုက္ခပေါင်းစုံကြုံတွေ့နေကြရပါတယ်။ ဒါပေမဲ့ ရှင်ပေါလုက သူတို့ကို ယုံကြည်ခြင်း၊ မျှော် လင့်ခြင်း၊ ချစ်ခြင်းနဲ့ နေထိုင်အသက်ရှင်ကြဖို့ တိုက်တွန်းထားပါတယ်။
    ကျွန်ုပ်တို့ရဲ့လက်တွေကို ဆန့်တန်းပြီး ဆုတောင်းကြပါစို့။
    အိုထာ၀ရဘုရားသခင်၊ အမှောင်ကမ္ဘာကြီးစိုးသောအချိန်၌ ကျွန်ုပ်တို့အား ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းနှင့် နေထိုင်အသက်ရှင်နိုင်ဖို့ ကူညီစောင်မတော်မူပါ။
    အသက်ရှင်တော်မူသော မေတ္တာတော်ရှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိပါ။
    ယခုကပ်ရောဂါအပါအဝင် အားလုံးသောမကောင်းမှုများ ကမ္ဘာပေါ်မှ အပြီးတိုင်ချုပ်ငြိမ်း သွားမယ့်နေ့ရက်ကို မျှော်လင့်ပါ။
    စိန်ခေါ်မှုအများအပြားကြုံနေရတဲ့ဘ၀မှာ အချင်းချင်းမေတ္တာပြကြပါ။
    ဘေးရန်ကင်းရှင်းပြီး ဘုရားသခင်၏ကောင်းချီးတော်ကို ဆက်လက်ခံစားကြပါစေ။


2020-10-19 19:56:38
NEWS AND EVENTS