Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

နှစ်ပေါင်း ၂၆၉ နှစ်ကြာစွန့်ပစ်ခံ မြန်မာနိုင်ငံရှိ ဘုရားကျောင်းများတွင် ရှေးအကျဆုံး ဘုရားကျောင်းမြေပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် မစ္ဆားပူဇော်မည်

    မြန်မာနိုင်ငံရှိ ကက်သလစ် ဘုရား ကျောင်း များထဲတွင် ရှေးအကျဆုံး ဘုရား ကျောင်းအဖြစ် သတ်မှတ်ထား ခံရသော ဘုရားကျောင်းသည် "အပြစ်မဲ့ သန္ဓေယူ တော်မူသော မယ်တော်သခင်မ"  ဘုရား ကျောင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သန် လျင်မြို့ ရေနံဝင်း အတွင်း တည်ရှိသည်။
    ပေါ်တူဂီဘုရားကျောင်းဟု လူသိ များပြီး အချိန်က မူးယစ်ဆေးသမားများ၏ နေရာ၊ စုံတွဲများ မဖွယ်မရာ လုပ်သည့် နေ ရာ တစ်ခုဖြစ်သည်။ ယခုအခါတွင် ရန်ကုန် ဂိုဏ်းချုပ်သာသနာနှင့် ရှေးဟောင်း သုတေ သနဌါနတို့၏ မွမ်းမံမှုဖြင့် သန့်ရှင်း သပ်ရပ် လှပသော နေရာတစ်ခု ဖြစ်နေပေပြီ။
    ၂၀၁၇ ခုနှစ်ဆန်းပိုင်း အချိန်က စတင်မွမ်းမံခဲ့ပြီး လုပ်ငန်းများ အဆင့်ဆင့် လုပ်ဆောင်ခဲ့ကာ ယခုအချိန်တွင် အဆုံး သတ်ကိုင်တွယ်မှုများ ပြုလုပ်နေပြီ ဖြစ် သည်။ လုပ်ငန်းအားလုံးကို ကိုလာဇရု (ကို လားဇယ်) မှ အနီးကပ်တာဝန်ယူ လုပ် ဆောင်ခဲ့သည်။
    ပထမဦးဆုံးအကြိမ် ပူဇော်မည့် မစ္ဆားတရားတော်မြတ်ကို ၂၀၁၉ ခုနှစ် ဇန္နဝါ ရီလ ၁၂ ရက် စနေနေ့၊ နေ့လည် ၃ နာရီ အချိန်တွင် ကျင်းပမည်ဖြစ်သည်။ မစ္ဆား တရားတော်မြတ်ကို ကာဒီနယ် ချားလ်စ် ဘို မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအားလုံး ပါ ဝင်နိုင်မည်ဟု မျှော်လင့်ထားသည်။
    ထိုမစ္ဆားတရားတော်မြတ်၌ ပါဝင် ရန် ဘာသာဝင်များအားလုံးကို ရန်ကုန် လက်ထောက်ဆရာတော် ဂျွန်စော ယော ဟန်၏ လက်မှတ်ဖြင့် ဖိတ်ကြားထားသည်။


2019-01-07 10:36:12
NEWS AND EVENTS