Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၂၀၂၀ ခုနှစ်

ဒုတိယနှစ်ဝက်အစည်းအဝေးမှထုတ်ပြန်ချက်

(ကောက်နှုတ်တင်ပြခြင်း)

 
စီဘီစီအမ် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်ခန့်အပ်ခြင်း
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ကာဒီနယ် ချားလ်စ်ဘို၊ ဘဏ္ဍာရေးဌာနအတွင်းရေးမှူး အဖြစ် ဆရာတော်ဂျွန်စောယောဟန်၊ လူထုဆက်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆရာတော်ပီတာလှ၊ ရိုးရာဓလေ့ အနုပညာနှင့်အားကစားကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဆရာတော် လုကပ်စ် Dau Ze၊ ဘာသာတရားများနှီးနှော်ဖလှယ်ခြင်းကော်မရှင် အတွင်းရေးမှူးအဖြစ် ဖာသာရ်မောရစ်ညွှန့်ဝေ နှင့် ခရစ်ယာန်များတစ်လုံးတစ်ဝတည်းပေါင်းစည်းညီညွတ်ရေးကော်မရှင် အတွင်းရေးမှူးအဖြစ် ဖာသာရ်ဆိုင်းမွန်းတင်မောင် တို့ကို ဆရာတော်ကြီးများမှ အသီးသီးရွေးချယ်ခဲ့ပြီး ၄င်းတို့မှာ ၂၀၂၁ ဇန်နဝါရီလမှ စတင်၍ တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်သည်။
 
ရဟန်းဖြစ်သင်ကျောင်းများနှင့် ပက်သက်၍ ရဟန်းဖြစ်တက္ကသိုလ် (ရန်ကုန်) မှ စာချရဟန်းဖြစ်လာရန်ရည်ရွယ်၍ပညာတော်သင်စေလွတ်ပေးရန် ထောက်ခံတင်ပြလာသူများအား ဆရာတော်ကြီးများမှ စေလွှတ်ရန်သဘောတူခြင်း၊ Society of Divine Word အသင်းဂိုဏ်းမှ ဖာသာရ် Devasagayan Savariyappan အား ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးအဖြစ်ခန့်အပ်ခြင်း၊ ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦး၏ ၂၀၂၀-၂၀၂၁ အတွက် တစ်နှစ်စာကုန်ကျစရိတ် ကျပ် ၅ သိန်း သတ်မှတ်အတည်ပြုခြင်းတို့ကို ဆုံးဖြတ်ခဲ့ပါသည်။
 
ပြင်ဦးလွင်ရဟန်းဖြစ်သင်ကျောင်း၌ ဖာသာရ် Paul Pi Pi of Loikaw (အချိန်ပိုင်း) ဖာသာရ် Lucas Run Nai Uk of Hakha (အမြဲ) တို့ကို စာချရဟန်းအဖြစ်ခန့်အပ်ခြင်း၊ ဖာသာရ် Patrick Alo စာချရဟန်းအဖြစ်အတည်ပြုခြင်း ကို ဆုံးဖြတ်ခဲ့ပါသည်။
 
တောင်ကြီး ရဟန်းဖြစ်သင်ကျောင်းတွင်လည်း ဖာသာရ် John Htun Htun Naing of Mandalayအား စည်းကမ်းထိန်းတာဝန်ဖြင့်လည်းကောင်း၊ ဖာသာရ် Bruno Klein Kot of Pathein အား ဝိညာဉ်ရေးလမ်းညွှန် တာဝန်ဖြင့်လည်းကောင်း ခန့်အပ်ခဲ့သည်။
 
ဧဝံဂေလိတရားတော်ပြန့်ပွားရေးကော်မရှင်အနေဖြင့် အွန်လိုင်းအစီအစဥ်များမှ ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များ ထုတ်လွှင့်ရန်နှင့် ဆရာတော်များ Archbishop Marco Tin Win, Archbishop Basilio Athai, Bishop. John Hsane Hgyi, Bishop. John Saw Yaw Han နှင့်အတူ ရဟန်းဖြစ်တက္ကသိုလ်မှ စာချရဟန်းတော်များ၊ လူထုဆက်သွယ်ရေးကော်မရှင် နှင့် ဖာသာရ်ပီတာစိန်လှိုင်ဦးတို့မှ အတူတကွပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်ချက်ပေးခါ ဆုံးဖြတ်ခဲ့ပါသည်။
 
ဂိုဏ်းအုပ် ဂိုဏ်းချုပ် သာသနာအသီးသီး၌ လက်ထက်ခြင်းခံယူရန် ပြင်ဆင်ပေးခြင်းသင်တန်းများထားရှိရန် လူငယ်ကော်မရှင်မှတင်ပြချက်ကို ဆရာတော်ကြီးများမှ အတည်ပြုခဲ့ပါသည်။
 
ဂိုဏ်းအုပ်/ဂိုဏ်းချုပ်သာသနာများ တိုက်နယ်သာသနာများ သူတော်စင်အသင်ဂိုဏ်းများ နှင့် သာသနာ့အဖွဲ့အစည်းများ သတ်မှတ်ခေါ်ဆိုရာ၌ "ကက်သလစ်" နှင့် "ကက်သလစ်ခရစ်ယာန်" ဟူသော သာသနာတော်၏အမည်နာမကို ထည့်သွင်းအသုံးပြုကြရန် လမ်းညွှန်ခဲ့ပါသည်။

2020-10-13 02:34:41
NEWS AND EVENTS