Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

သောက်သုံးရေ အရေးကိစ္စနှင့် ဆက်စပ်၍ အကြမ်းဖက်မှု
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

အောက်တိုဘာလ ၃ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

အလွန်ဆိုးဝါးသည့် အခြေအနေမျိုးတွင် သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် လူပုဂ္ဂိုလ်များနှင့် ရပ်ရွာအဖွဲ့အစည်းများသည် ခြိမ်းခြောက်မှုဒဏ်အား ခံစားရတတ်သည်။ လူ့အခွင့်အရေး ကာကွယ်သူများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ၊ ၎င်းတို့၏ မိသားစုဝင်များသည် သတ်ဖြတ်ခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ နာမည်ပျက်စေသည့် ကြိုးပမ်းမှုများနှင့် အခြားသော ခြိမ်းခြောက်မှုများ စသည့် အကြမ်းဖက်မှု အမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံရသည်။

ထောက်ရှုရန် မေးခွန်း

ကျွန်ုပ်တို့၏ သဘောထား အမြင်အား ထုတ်ဖော်ပြောကြားခွင့် ရှိပါသလား၊ သို့မဟုတ် မိမိတို့၏ သဘောထား အမြင်အား ထုတ်ဖော်ပြောကြားနိုင်လျှင် အာဏာပိုင် အဖွဲ့အစည်းများက ပစ်မှတ်ထား အရေးယူမည်ကို ကြောက်နေရပါသလား။  

လက်တွေ့လုပ်ဆောင်ရန်

ရပ်ရွာအဖွဲ့အစည်းများက မှီခိုအားထားသည့် မြစ်ကြောင်းများအား ကာကွယ်ပေးနေသော၊ ထိုရပ်ရွာတို့၏ အခွင့်အရေးအား ကာကွယ်ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများ/ အစိုးရ မဟုတ်သော အဖွဲ့အစည်း အန်ဂျီအိုများ၏ လုပ်ဆောင်ချက်များအား ဖတ်ရှုလေ့လာပါ။
တရားမျှတခြင်း မရှိသည့် အတွက် ခံစားနေကြရသော သူများ၊ ရပ်ရွာ အဖွဲ့အစည်းများ အတွက် တလုံးတဝတည်း ရှိကြောင်း ပြသပါ။ ထိုသူတို့အတွက် လှုပ်ရှားမှုများတွင် ဝင်ရောက်ပါဝင်ပါ။
ဥပမာ - International Rivers အဖွဲ့အစည်း/ India’s Human Rights Defender Alert အဖွဲ့ အင်တာနက် စာမျက်နှာအား ကြည့်ပါ။

အပိတ်ဆုတောင်း

အိုသခင်၊ ရပ်ရွာအသိုင်းအဝန်းနှင့် ထိရှလွယ်သော အားနည်းသည့် အုပ်စုများ၏ အခွင့်အရေး အတွက် တိုက်ပွဲဝင်ပေးနေသူ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ အားလုံး၊ အထူးသဖြင့် သောက်သုံးရေ အတွက် တိုက်ပွဲဝင်ပေးနေသူများ အားလုံး အတွက် ကျွန်ုပ်တို့ ဆုတောင်းပါသည်။
လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများသည် ၎င်းတို့ ကိုယ်တိုင်နှင့် မိသားစုဝင်များက ဘေးအန္တရာယ် ရှိသော်လည်း အများအကျိုးအတွက် ကြိုးစားလုပ်ကိုင်နေကြသူများ ဖြစ်သည့် အတွက် ၎င်းတို့အား ခွန်အားကျေးဇူးတော်များ ပေးသနားပါရန်  သန့်ရှင်းသော ဝိညာဉ်တော် ဘုရားထံ တောင်းလျှောက်ပါသည့် အကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song


2020-10-02 07:00:58
NEWS AND EVENTS