Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တခါသုံး ပလက်စတစ် ပစ္စည်းများနှင့် ကမ်းခြေ သန့်ရှင်းရေး လုပ်ခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

အောက်တိုဘာလ ၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ဘုရားကျောင်းဝန်းနဲ့ ဘုရားကျောင်း ပွဲများမှာ တခါသုံး ပလက်စတစ် ပစ္စည်းများကို ဖြစ်နိုင်လျှင် အသုံးမပြုသင့်။ ကမ်းခြေများ၊ မြစ်ချောင်းကမ်း နံဘေး သန့်ရှင်းစေရန် တတ်နိုင်သမျှ ပံ့ပိုးသင့်သလို လူငယ်များ၊ မိသားစုဝင်များ၊ ဘာသာရေး သမားများ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းပြီး ကမ်းခြေမြစ်ချောင်းကမ်းနံဘေး သန့်ရှင်းရေး အတွက် စည်းရုံးဆောင်ရွက်သင့်သည်။  
 
ထောက်ရှုရန် မေးခွန်း

သင့် ဘုရားကျောင်းဝန်း အတွင်း ပလက်စတစ်သားဖြင့် ပြုလုပ်ထားသော ပစ္စည်းများအား အလှဆင်ခြင်းတွင် အသုံးပြုခြင်း၊ အလံများတွင် အသုံးပြုခြင်း၊ ပလက်စတစ် ရေသန့်ဘူး အသုံးပြုခြင်း အစရှိသည့် အသုံးပြုမှုများ အပေါ် ဘုရားကျောင်း စည်းကမ်းချမှတ်ထားသည် ရှိပါသလား။  

လက်တွေ့လုပ်ဆောင်ရန်

သင့် သာသနာနယ်မှ ကျောင်းထိုင်ဘုန်းကြီး သို့မဟုတ် ဘုရားကျောင်း ဂေါပက လူကြီးအား တွေ့ပါ၊ မိမိ ဘုရားကျောင်း အတွင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စည်းကမ်း မူဝါဒ အကြောင်း၊ ပလက်စတစ် ပစ္စည်း/ ပလက်စတစ် ရေသန့်ဘူး သိုမှီးအသုံးပြုမှုအကြောင်း ဆွေးနွေးပါ။ ဘုရားကျောင်း အတွင်း ထိုသို့ စည်းကမ်း သတ်မှတ်မည် ဆိုလျှင်လည်း အသေးစိတ် ဆွေးနွေးသတ်မှတ်ပါ။
မိသားစုဝင်များအား စုစည်း၍ မြစ်ကမ်းနား သန့်ရှင်းရေး လုပ်ပါ။  

အပိတ်ဆုတောင်း

အိုသခင်၊ ကျွန်ုပ်တို့၏ လိုသုံးပစ် အလေ့အထများကြောင့် ကမ္ဘာကြီးအား အမှိုက်များဖြင့် ပြည့်နှက်လာစေမှု အတွက် ကျွန်ုပ်တို့၏ ဘုံကမ္ဘာမြေအား ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း မပြုနိုင်ခဲ့သည့် အပေါ် ကျွန်ုပ်တို့ ဝမ်းနည်းမိပါသည်။ သောက်ရေသန့်ဘူး ကဲ့သို့ တခါသုံး ပလက်စတစ်၊ ပလက်စတစ် အလှဆင် ပစ္စည်းများ၊ ပလက်စတစ် အလံများ၊ စသည်တို့အား အသုံးမပြုတော့ရန် စိတ်ခွန်အား ပေးတော်မူပါ။   
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song


2020-09-30 09:11:28
NEWS AND EVENTS