Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပင်လယ်ပြင်၌ အလုပ်လုပ်နေသူများနှင့် သင်္ဘောသားများ၏ အခွင့်အရေး
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၃၀ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

သဘောၤများ၏ စွန့်ပစ်ပစ္စည်းများအား စီမံဆောင်ရွက်ရသူများနှင့် ရေကြောင်း ကဏ္ဍ အပါအဝင် ပင်လယ်ပြင်နှင့် ဆက်စပ်၍ အလုပ်လုပ်နေသော လုပ်သားများ အားလုံး၏ လူ့အခွင့်အရေးအား ကာကွယ်ပေးရပါမည်။ သင်္ဘောသားများသည် သင်္ဘော မတက်သည့် အချိန်ကာလတွင် ကုန်းပေါ်၌ မိသားစုဝင်များနှင့် လုံလောက်စွာ အချိန်ူနေထိုင်နိုင်ရန်၊ ထိုသို့ နေထိုင်ရာတွင်လည်း ၎င်းတို့၏ သင်္ဘောသား အလုပ်အကိုင် ဆုံးရှုံးခြင်း မရှိပဲ နေထိုင်ခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်ခွင့်၊ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ပိုင်ခွင့် ရှိရပါမည်။
 
ထောက်ရှုရန် မေးခွန်း

အမိအသင်းတော်သည် လူ့အခွင့်အရေးနှင့် အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးအကြောင်း ထုတ်ဖော် ပြောဆိုသင့်ပါသလား။ ကျွန်ုပ်တို့သည် ကက်သလစ် အသင်းတော်၏ လူမှုရေး ဆိုင်ရာ သွန်သင်ချက် သို့မဟုတ် လူမှုရေး သင်ကြားချက်များအား သင် သိရှိပါသလော၊ သတိပြုမိပါသလော။

လက်တွေ့လုပ်ဆောင်ရန်

သင်္ဘောသား တစ်ဦးအား ဆက်သွယ်၍ သဘောၤလိုက်စဉ် ၎င်းတို့၏ ဒုက္ခ အခက်အခဲများနှင့် စိန်ခေါ်မှုများအား နားလည်ရန် ကြိုးစားပါ။  

အပိတ်ဆုတောင်း

အိုသခင်၊ ပင်လယ်ပြင်၌ အလုပ်လုပ်နေကြသူများ၊ သင်္ဘောသားများအား ကိုယ်တော်ရှင် အစဉ် လမ်းပြ၊ ကာကွယ်ပေးတော်မူရန် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။
အထူးသဖြင့် မိသားစုနှင့် လပေါင်းများစွာ ဝေးကွာနေရကာ ပင်လယ်ပြင်၌ လပေါင်းများစွာ ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ်နေရသော သူအပေါင်းတို့ အတွက် ကိုယ်တော်ရှင်ဘုရားထံ အထူးပြု ဆုတောင်းပေးပါသည့် အကြောင်း

ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song


2020-09-29 07:14:03
NEWS AND EVENTS