Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
မိမိသာသနာနယ်၊ ဘုန်းတော်ကြီး တစ်ပိုင်၌ ထားရမည့် စိတ်ဓာတ်
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
 
စက်တင်ဘာလ ၂၆ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

 
သောက်သုံးရေ ဖြန့်ဖြူးရေး လုပ်ငန်းလုပ်ကိုင်ကြသူများ၊ တံငါသည်များနှင့် ကျေးလက် စိုက်ပျိုးရေး လုပ်ကိုင်သူများ၊ ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်ကြသူများထံသို့ သွား၍ ဘာသာရေး အရ၊ ဝိညာဉ်ရေး အရ အားပေးမှုများ ပြုပါ၊ ၎င်းတို့နှင့် အတူတကွ ရှိကြောင်း ပြသပါ။ ဒေသတွင်း၌ ရေအရည်အသွေးအား ဆန်းစစ်ကာ ရေသည် သောက်သုံးရန် သင့်မသင့်၊ ဘေးအန္တရာယ် ရှိမရှိ စစ်ဆေးပေးသော ဘာသာရေး အဖွဲ့များ သို့မဟုတ် ‘တရားမျှတမှုနှင့် ငြိမ်းချမ်းရေး’ မြှင့်တင်ဆောင်ရွက်ကြသည့် အဖွဲ့များ၏ လုပ်ငန်းစဉ်များအား ပံ့ပိုးပေးပါ။
 
ထောက်ရှုရန် မေးခွန်း
 
လူမှုရေး အရေးပြဿနာများတွင် ပါဝင်ရန် အမိအသင်းတော်သည် တာဝန်ရှိပါသလား။ ကက်သလစ် ဆရာတော်များနှင့် ရဟန်းများသည် တရားမျှတရေး ဆိုင်ရာ အရေး ပြဿနာများတွင် ဖြေရှင်းကူညီ ပေးသင့်ပါသလား။
 
လက်တွေ့လုပ်ဆောင်ရန်
 
မိမိ ရပ်ရွာ၊ မိမိသာသနာ ဘုန်းတော်ကြီး တပိုင်တွင် လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ အဖွဲ့ သို့မဟုတ် သဘာဝ ပတ်ဝန်းကျင် အဖွဲ့သို့ ဝင်ပါ။ သို့မဟုတ် သောက်သုံးရေ အရင်းအမြစ် ထိန်းသိမ်းသည့် လုပ်ငန်း၌ ပါဝင်လုပ်ကိုင်သော အဖွဲ့များသို့ ဝင်ပါ။
သောက်သုံးရေ သိုလှောင်ရန် ဖြစ်နိုင်ချေရှိသည်များအား မိမိ ဘုရားကျောင်း၊ မိမိ သာသနာနယ်တွင် အကြံပြုပါ၊ သို့မဟုတ် မိမိရပ်ရွာ/ အဆောက်အအုံတွင် အကြံပြုပါ။
 
အပိတ်ဆုတောင်း
 
အိုသခင်၊ အမိကက်သလစ် အသင်းတော်သည် အခွင့်အလမ်းကောင်း မရကြသော လူမှုအသိုင်းအဝန်းများနှင့် လက်တွဲ၍ တန်းတူညီမျှမှုနှင့် တရားမျှတမှု မြှင့်တင်သည့် သင်္ကေတ တစ်ခု ဖြစ်လာပါစေ။
တရားမျှတမှုနှင့် ငြိမ်းချမ်းခြင်း အတွက် လုပ်ဆောင်နေကြသူများသည် လူမငရေး ဖိအားများ အားလုံးမှ ကာကွယ် စောင့်ရှောက် ပေးတော်မူပါရန်နှင့် စိတ်ရင်းစေတနာ အစစ်အမှန်ဖြင့် ၎င်းတို့၏ လုပ်ငန်း တာဝန်ကို ထမ်းဆောင်နိုင်ရန် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song

2020-09-25 08:30:48
NEWS AND EVENTS