Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

                                ရေကြီးခြင်းမှ ကာကွယ်တားဆီးရေး စီမံကိန်းနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ                                 အလေ့အထများ လုံလောက်မှု မရှိခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၂၄ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ရေရှားပါးခြင်း သို့မဟုတ် ရေကြီးခြင်းတို့ ဖြစ်လာလျှင် ဆင်းရဲနွမ်းပါးလွန်းသော သူများသည် မိမိကိုယ်ကို ကာကွယ်ဖို့ရန် မတတ်နိုင်ကြချေ။ သဘာဝ ဂေဟစနစ် ယိုယွင်းလာမှု နှင့် မျှော်မှန်းမရတော့သော ရာသီဥတု ပြောင်းလဲမှုများကြောင့် ရေကြီးမည့် ဘေး ပိုမို များပြားလာသည်။ ထို့အတူ ကမ္ဘာအလွှား၌ ရေကြီးခြင်းမှ ကာကွယ်တားဆီးရေး စီမံကိန်းနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ အလေ့အထများ လုံလောက်မှု မရှိခြင်းတို့ကြောင့် ကမ္ဘာတလွှား ရေဘေးဒဏ်ကို စိုးရိမ်လာကြရပေသည်။

ထောက်ရှုရန် မေးခွန်း

စဉ်ဆက်မပြတ် မိုးသည်ထန်စွာ ရွာခြင်းကြောင့် ရေမျက်နှာပြင် မြင့်တက်လာခြင်း သို့မဟုတ် ရေကြီးသကဲ့သို့သော ဘေးအန္တရာယ်မျိုး ရင်ဆိုင်ဖူးပါသလား။
ရေမကြာခဏကြီးသည့် နေရာများတွင် ရှိသော သန်းပေါင်းများစွာသော သူများ၏ ဘဝသက်တာသည် မည်သို့ ရှိနိုင်သနည်း။

လက်တွေ့လုပ်ဆောင်ရန်

မြို့ပြ၊မြို့နယ်များ၏ လမ်းများ၊ ပလက်ဖောင်းများသည် ကွန်ကရစ် ခင်းခြင်းကြောင့် ရေများသည် မြေကြီးအတွင်းသို့ မစိမ့်ဝင်တော့ခြင်းကြောင့် ထိုသို့သော မြို့ပြဒေသများသည် ရေကြီးသည့် ဘေးအန္တရာယ်အား ကြုံတွေ့တတ်ပါသည်။ ကွန်ကရက် အလွန်အကျွံ မခင်းရန်၊ အဆောက်အအုံ လမ်းထောင့်များတွင် ကွန်ကရက် မခင်းပဲ ရေစီးဆင်းနိုင်အောင် လုပ်ဆောင်ဖို့ စဉ်းစားပါ။
ကွန်ကရက် အပြည့်ခင်းခြင်းထက် မြေသား အပေါ်တွင် လမ်းလျှောက်မည့် ကျောက်ခင်းလမ်းသည် အကျိုးရှိနိုင်ပါသည်။ ရေချိုးသည့် အခါတွင် ရေပန်းဖြင့် ချိုးသဖြင့် ပိုမို ရေကုန်ခြင်းထက် ရေခွက် ရေပုန်းဖြင့် ရေချိုးပါ။

အပိတ်ဆုတောင်း

အိုသခင်၊ မကြာခဏ ရေကြီးခြင်းကြောင့် အတိုဒုက္ခရောက်ကြသော၊ ဒုက္ခရောက်ကြသော သူများ အားလုံးအတွက် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။ ထိုသူတို့ ဘဝ အခက်အခဲများ ကျော်လွန်နိုင်ရန် ၎င်းတို့အား ခွန်အားပေးသနားတော်မူပါ၊ လမ်းပြပေးတော်မူပါ၊ ကာကွယ်စောင့်ရှောက်ပေးတော်မူပါ မည့် အကြောင်း

ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။
 
အာမင်။

Translated by Lawrence Jangma Mung Song


2020-09-23 07:52:31
NEWS AND EVENTS