Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

စက်ရုံများမှ ဖြစ်ပေါ်လာသော ညစ်ညစ်မှုများကြောင့် ကျန်းမာရေး အပေါ် သက်ရောက်မှုများ
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၂၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ရေအရင်းအမြစ်များအား အလွဲသုံးစားပြုသည့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အမြင်ကြောင့် ဖြစ်ပေါ်လာသော ရေရှည်တည်တံ့မှု မရှိသည့် ဘေးအန္တရာယ်သည် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဓာတုနှင့် စက်ရုံများ၊ ဆေးဝါး စက်ရုံများ၊ စားသောက်ကုန် စက်ရုံလုပ်ငန်း အချို့၊ ရေနံ သဘာဝ ဓာတ်ငွေ့ဆိုင်ရာ စက်ရုံလုပ်ငန်းများနှင့် သတ္တုတွင်း တူးဖော်သည့် စက်ရုံလုပ်ငန်းများ စသည့် စက်ရုံများက စွန့်ထုတ်သည့် ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကြောင့် အပင်များ၊ တိရစ္ဆာန်များနှင့် လူခပ်သိမ်း၏ ကျန်းမာရေးကို ထိခိုက်မှုရှိပါသည်။

ထောက်ရှုရန် မေးခွန်း

စက်ရုံလုပ်ငန်းများမှ ထွက်လာသော စွန့်ပစ်ပစ္စည်းများသည် တိရစ္ဆာန်နှင့် လူသားတို့၏ ကျန်းမာရေးအား မည်သို့ သက်ရောက်မှု ရှိပါသနည်း။ စက်ရုံများမှ စွန့်ပစ်ပစ္စည်းများ လျော့နည်းစေရန် စက်ရုံလုပ်ငန်းများက မည်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါသနည်း။

လက်တွေ့လုပ်ဆောင်ရန်

ဂျပန်နိုင်ငံတွင် ညစ်ညမ်းသော ရေကြောင့် ဖြစ်လာသော ရောဂါ အကြောင်း ရိုက်ကူးထားသည့် Minamata Disease ဟုခေါ်သော Youtube ဗီဒီယိုအား ကြည့်ပါ။ https://youtu.be/0Yhaei1S5oQ
လက်ဆေးစဉ် လက်အား ဆပ်ပြာဖြင့် ပွတ်တိုက်နေချိန်၌ ရေပိုက်ခေါင်းမှ ရေမကျအောင် ရေပိတ်ထားပါ။

အပိတ်ဆုတောင်း

အိုသခင်၊ စက်ရုံ စွန့်ပစ်အညစ်အကြေးများ၊ စွန့်ထုတ်ရေများကြောင့် ရောဂါဘယ ခံစားနေကြရသော လူသား အပေါင်းအတွက် ကျွန်ုပ်တို့ ဆုတောင်းပါသည်။
ထိုသူတို့သည် ၎င်းတို့ ချိုးဖောက်ခံနေရသည့် အခွင့်အရေးများအား သိမြင်သဘောပေါက် နားလည်ကြကာ မတရားမှု ပုံစံများအားလုံးကို တွန်းလှန်နိုင်ရန် ကျွန်ုပ်တို့ ဆုတောင်းပါသည်။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-21 07:15:15
NEWS AND EVENTS