Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အစားအစာများ အလဟသ မဖြစ်စေရ
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၂၀ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ပလက်စတစ် သောက်ရေသန့် ပုလင်းများ အသုံးပြုပြီးသည်နှင့် လွှင့်ပစ်သည့် အလေ့အကျင့်အား စွန့်ပစ်ပါ။ ထို့အပြင် အမှိုက်အား အစိုအခြောက် သီးခြား ပလက်စတစ် သီခြား စွန့်ပစ်တတ်သည့် အလေ့အထအား စတင် ဆောင်ရွက်ပါ။ အစားအသောက်များ အလေအလွင့် ဖြစ်စေသည့် အမူအကျင့်များအား ရှောင်ကြဉ်ပါ။ စွန့်ပစ် အစားအစာများအား ရေ၊ စွမ်းအင်နှင့် လုပ်အားများဖြင့် ပြန်လည် မွမ်းမံရသည့် အပိုင်များ ရှိပါသောကြောင့် အစားအစာအား အလေအလွင့် ဖြစ်စေခြင်းသည် အင်မတန် ဆိုးရွားသည့် စွန့်ပစ်ခြင်း ဖြစ်ပါသည်။

ထောက်ရှုရန် မေးခွန်း

သင့်မှာ အစားအသောက် အလေအလွင့် ဖြစ်စေသော အကျင့် ရှိပါသလား။ ‘Water footprint’ တနေ့တွင် လူတစ်ဦး၏ ဆက်စပ် လုပ်ဆောင်ချက်များကြောင့် ဖြစ်လာသော ရေသုံးစွဲမှု အကြောင်းအား သင်သိပါသလား။

လက်တွေ့လုပ်ဆောင်ရန်

ကြက် ၁ ကီလိုဂရမ် အလေးချိန်ရှိသော ကြက်သား ထုတ်လုပ်ရန် ရေလီတာပေါင်း ၄၃၂၅ လီတာခန့် အသုံးပြုရသည်ကို သင်သိပါသလား။ အစားအသောက် ထုတ်လုပ်သည့် အခါ၌ စားသောက်ကုန် ထုတ်လုပ်သည့် အခါ အသုံးပြုရသော၊ အညစ်အကြေား အဖြစ် စွန့်ထုတ်ရသော ရေ အသုံးချမှု ပမာဏအကြောင်းကို အင်တာနက်တွင် လေ့လာပါ။ ၁ ပါတ် ၁ ကြိမ် သို့မဟုတ် ၁ ပတ် ၂ ကြိမ် အသား ဝယ်ယူစားသောက်ခြင်းအား ရှောင်ရှားပါ။

အပိတ်ဆုတောင်း

အိုသခင်၊ အဟာရဓာတ်ပေးသည့် ကျွန်ုပ်တို့၏ အစားအသာက် အတွက် ကျေးဇူးတင်ရှိပါသည်။  
ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် ငတ်မွတ်နေသူများ၊ အဟာရ ချို့တဲ့နေသူမျာသည် အစာအဟာရ ရရှိစားသောက်ကြစေရန် တောင်းလျှောက်ပါကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-19 07:59:51
NEWS AND EVENTS