Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရေ မဖြုန်းတီးရေး တာဝန်ဝတ္တရား
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၇ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ရေမဖြုန်းတီးရေး၊ ရေသုံးစွဲရာတွင် စည်းစနစ်တကျ အသုံးပြုရေးသည် လူတိုင်း၏ တာဝန် ဖြစ်သည်။ ရေသန့်စင်ခြင်း၊ ရေ သယ်ယူပို့ဆောင်ခြင်းနှင့် ရေသုံးစွဲခြင်းတို့တွင် ငွေကြေးကုန်ကျမှု ရှိသလို စွမ်းအင်လည်း လိုအပ်ပေသည်။ ထို့ကြောင့် သောက်သုံးရေ ချွေတာသုံးစွဲရန်နှင့် ထိုသို့ ချွေတာသုံးစွဲရန် အစိုးရ အုပ်ချုပ်ရေးအဖွဲ့၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း ရဟန်းမင်းကြီး ရုံးအဖွဲ့ Holy See က ထပ်မံ အတည်ပြုထောက်ခံခဲ့သည်။

ထောက်ရှုရန် မေးခွန်း

ရေဖြုန်းတီးသည့် ပုံစံများမှာ အဘယ်နည်း၊ ဆွေးနွေးပါ။
ရေဖြုန်းတီးသည့် အလေ့အထနှင့် ဆက်စပ်၍ အသိပညာပေးရန် သင်တို့ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

လက်တွေ့လုပ်ဆောင်ရန်

ဘိုထိုင် အိမ်သာ၌ ရေဆွဲသည့် အခါတွင် ရေတဝက် သို့မဟုတ် ရေအပြည့် ရေဆွဲချသည့် ပုံစံမျိုး တပ်ဆင်အသုံးချပါ။ သွားတိုက်သည့် အခါ၊ မုတ်ဆိတ်ရိတ်သည့် အခါတွင် ရေပိုက်ပိတ်ထားပါ။ သွားတိုက်၊ မုတ်ဆိတ်ရိတ်သည့် အခါတွင် ရေပိုက်မှ ရေဖွင့်ထားသည်ထက် ရေခွက်အသုံးပြုပါ။
ဖြစ်နိုင်လျှင် ရေဖိတ်ယိုခြင်း မရှိသော၊ ရေချွေတာစေသော ပစ္စည်းများအား အသုံးပြုပါ။

အပိတ်ဆုတောင်း

အိုသခင်၊ ကျွန်ုပ်တို့သည် ရေ ချွေတာခြင်း မရှိ၊ ရေယိုဖိတ်ခြင်းအား လစ်လျူရှုခဲ့သည့် အတွက်၊
သခင်ပေးသော ရေတန်ဖိုး ကျေးဇူးတော်အား တန်ဖိုးမထားမိသည့် အတွက် ကျွန်ုပ်တို့ များစွာ ဝမ်းနည်းမိပါသည်။
လူ့အသက်တာ၏ အရင်းမြစ်ဖြစ်သော သောက်သုံးရေအား ထိန်းသိမ်းစောင့်ရှောက်မည့် ကျေးဇူးတော်အား ကျွန်ုပ်တို့ကို ပေးတော်မူပါ။

ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-16 06:43:33
NEWS AND EVENTS