Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တစ်ကိုယ်ရေ တစ်ကာယ သန့်ရှင်းရေးနှင့် အိမ်သာမရှိပဲ အလေးအပင်သွားခြင်း  
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၃ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

မှန်းဆချက်များအရ ကမ္ဘာပေါ်ရှိ လူပေါင်း သန်း နှစ်ထောင်သည် အိမ်သာ ရေချိုးခန်းကဲ့သို့သော တကိုယ်ရေ တကာယ သန့်ရှင်းရေး အဆောaက်အအုံများ လုံလောက်စွာ မရရှိကြောင်း ဖော်ပြထားသလို လူ သန်းပေါင်း ရာချီသော သူများသည်လည်း အိမ်သာ မရှိပဲ အလေးအပင်သွားနေရကြောင်း ဖော်ပြထားပါသည်။

အိမ်သာ ရေချိုးခန်းကဲ့သို့သော တကိုယ်ရေ တကာယ သန့်ရှင်းရေး အဆောက်အအုံများ ကင်းမဲ့ခြင်းကြောင့် အလေးအပင် စွန့်ရန် ရှာသည့် အမျိုးသမီးများ အတွက် လိင်အမြတ်ထုတ်ခြင်းနှင့် အဓမ္မကျင့် ခံရနိုင်သည့် အခြေအနေများ ဖြစ်လာတတ်ပါသည်။
စာသင်ကျောင်းများတွင် အိမ်သာ မရှိခြင်းကြောင့် အမျိုးသမီးငယ်များသည် စာသင်ကျောင်း မသွားတော့သည့် အခြေအနေမျိုးများလည်း ရှိပါသည်။

ထောက်ရှုရန် မေးခွန်း

လမ်းပေါ်တွင် သို့မဟုတ် လူမြင်ကွင်းတွင် မစင်စွန့် အပေါ့အပါးသွားနေကြသူများအား မြင်လျှင် ကျွန်ုပ်တို့သည် ထိုသူတို့အား လှောင်ရီခဲ့ပါသလော၊ နှိမ်ခဲ့ပါသလော၊ ငြီးငြူပြောဆိုခဲ့ဖူးပါသလော။
ထိုသူတို့သည် အဘယ်ကြောင့် လူမြင်ကွင်း၌ အလေးအပေါ့သွားခြင်း ပြုကြသလောဟု မိမိကိုယ်ကို မေးမြန်းခဲ့ဖူးပါသလော။ ထိုသူတို့သည် တမင် အလေးအပေါ့သွားခြင်းလော သို့မဟုတ် မဖြစ်မနေ စွန့်မိခြင်းလော။

လက်တွေ့လုပ်ဆောင်ရန်

အိမ်သာ မလုံလောက်ခြင်း နှင့် အိမ်သာမရှိ၍ အပြင်၌ အလေးအပင် စွန့်ခြင်း ကိစ္စအား အစိုးရဘက်မှ အစပြု ဆွေးနွေးလုပ်ဆောင်မှုများ ပြုလုပ်လာလျှင် သွားရောက်လေ့လာ၍ ပူးပေါင်း ပါဝင်နိုင်ရန် ကြိုးပမ်းပါ။
ကျူးကျော်ရပ်ကွက်များ၊ သို့မဟုတ် ထိုသို့သော ဒေသရှိ အဆောက်အအုံတစ်ခုတွင် အိမ်သာ ဘယ်နှလုံး ရှိသနည်းကို လေ့လာပါ။ ထိုအိမ်သာများသည် လုံခြုံမှု ရှိသလော၊ လုံလောက်သလော၊ ကောင်းစွာ မွမ်းမံ ပြင်ဆင်ထားပါသလော၊ စသည်တို့အား လေ့လာပါ။
ထိုသို့သော အိမ်သာမျိုးများ တွေ့လျှင် အိမ်နီးနားချင်းများ နှင့် မိတ်ဆွေများ၏ အကူအညီဖြင့် အိမ်သာများ သန့်ရှင်းရေးနှင့် ဘေးကင်းစေရေး အရေးယူ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်များထံ စာရေးပေးပို့ပါ။

အပိတ်ဆုတောင်း

အိုသခင်၊ ရေအိမ် မလုံလောက်သူများ၊ အပြင်၌သာ အပေါ့အပါးသွားနေရသူများ အတွက်၊ အထူးသဖြင့် အရှက်ကို မငှဲ့ကွက်ပဲ အပေါ့အပါးသွားနေရသည့် အမျိုးသမီးများ အတွက် ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။
လူတိုင်းသည် သင့်တင့်လျောက်ပတ်သော အိမ်သာများ ရရှိကြရန် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။
 
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။
Translated by Lawrence Jangma Mung Song


2020-09-12 08:52:41
NEWS AND EVENTS