Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

လိင်အမြတ်ထုတ် အပေးအယူလုပ်ခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ဤကိစ္စမှာ ရေရရှိလိုသူများထံမှ လိင်အမြတ်ထုတ်သည့် အမှုတွဲများနှင့် ဆက်စပ်သော တမူထူးခြားသည့် ပြဿနာ တစ်ခု ဖြစ်ပေသည်။ ရေပေးဝေသည့် အစိုးရ ဩဏာပိုင်များ သို့မဟုတ် နည်းပညာသမားများကဲ့သို့ တာဝန်ရှိသူများက (အထူးသဖြင့် အမျိုးသမီးများ ကဲ့သို့) ဆင်းရဲနွမ်းပါး၍ ရေဖိုး မပေးနိုင်ကြသူများအပေါ် ရေမပေးတော့ဟူ၍ ခြိမ်းခြောက်ခြင်းဖြင့် လိင်ဆက်ဆံခွင့် ရရှိရန် အလို့ငှာ ရေနှင့် လိင်ကိစ္စအား အလဲအလှယ်လုပ်ခြင်းအား ပြုလုပ်တတ်ပေသည်။  
ထိုသို့သော ရေကိစ္စ အခြေပြု၍ လိင်အမြတ်ထုတ်သည့် အမှု၊ အကျင့်ပျက် ခြစားသည့် အပြုအမူအား ရေကဏ္ဍတွင် Sextorsion လိင်အမြတ်ထုတ် အပေးအယူလုပ်ခြင်းဟု ခေါ်တွင်သည်။

ထောက်ရှုရန် မေးခွန်း

သောက်သုံးရေ ပေးဝေမှု အပေါ် အခြေပြု၍ လိင်အမြတ်ထုတ်ခြင်းသည် ကြီးလေးသော ရာဇဝတ်မှု တစ်ခု ဖြစ်ပါသလော။ လူ့အဖွဲ့အစည်း အတွင်း၌ ဆင်းရဲနွမ်းပါးသူများနှင့် ထိရှလွယ် အားနည်းသော သူများ၌ လူ့ ဂုဏ်သိက္ခာ မရှိသလော။ ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ထိုသို့သော အမြတ်ထုတ်သည့် လုပ်ရပ်များအား သည်းခံ၍ လက်ခံသင့်ပါသလော။  
 
လက်တွေ့လုပ်ဆောင်ရန်

Sextorsion ဟုခေါ်သည့် လိင်နှင့် ရေကဲ့သို့သော အရေးပါသော ပစ္စည်း အလဲအလှယ် ပြုခြင်း ကိစ္စရပ်အား မိသားစု၊ မိတ်ဆွေများနှင့် အိမ်နီးနားချင်းများအား အသိပေး ပြောပြပါ။
ထိုသို့သော ပြဿနာ အခက်အခဲအား Faecbook, Twitter, WhatsApp ကဲ့သို့သော လူမှုကွန်ရက် အသုံးပြု၍ တင်ပြ ဆွေးနွေးပါ။

အပိတ်ဆုတောင်း

အိုသခင်၊ ဆင်းရဲမွဲတေမှုနှင့် ထိခိုက်အားနည်းမှု ရှိသော အခြေအနေများကြောင့် ရေကဲ့သို့သော အထောက်အပံ့ ပစ္စည်းနှင့် လိင် အလဲအလှယ်လုပ်၍ ဩဇာအာဏာ ရှိသူများနှင့် အာဏာပိုင်များ၏ အမြတ်ထုတ်ခြင်း ခံရသော သူများအတွက် ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။
ထိုသို့ လိင်အမြတ်ထုတ်ခြင်း ခံရသူများ အထူးသဖြင့်အမျိုးသမီးများသည် ထိုသို့သော ခြိမ်းခြောက် အမြတ်ထုတ်ခြင်းမှ တွန်းလှန်ကာကွယ်နိုင်ရန်နှင့် ၎င်းတို့၏ လူ့ဂုဏ်သိက္ခာအား ကာကွယ်နိုင်ရန် ခွန်အား ပေးသနားတော်မူပါ။  
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။


2020-09-11 08:29:21
NEWS AND EVENTS