Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရေဝယ်ယူခြင်းနှင့် ရေဈေးနှုန်းသတ်မှတ်ခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

မိသားစုများစွာသည် သမားရိုးကျ မဟုတ်သော ရေပေးဝေရေး ကုမ္ပဏီများမှ ဈေးကြီးကြီးပေး၍ ရေဖိုးပေး၊ သောက်သုံးရေ ဝယ်ယူရတတ်ပါသည်။ ဆင်းရဲနွမ်းပါးသူများသည် သောက်ရေသန့် အတွက် ရေဖိုးဆောင်ရန် သို့မဟုတ် ရေဖိုးပေးရန် မတတ်နိုင်ကြသောကြောင့် သမားရိုးကျ မဟုတ်သည့် ရေသယ် ထရပ်ကားများမှ ရေ ဝယ်ယူအသုံးချရကာ ထိုရေကား၏ ရေသန့် အရည်အသွေးအား သိရှိနိုင်ခွင့် မရှိကြပေ။   

ထောက်ရှုရန် မေးခွန်း

သမားရိုးကျ မဟုတ်သည့် အဖွဲ့များသည် ဒေသခံ အာဏာပိုင်များ နှင့် နိုင်ငံရေး သမားများ မသိပဲ ရေ ရောင်းချ၍ ရနိုင်ပါသလား။ ပြည်သူအားလုံးထံသို့ လုံလောက်စွာ ရေမပေးဝေနိုင်ခြင်းသည် အစိုးရ၏ ရှုံးနိမ့်မှုဟု မဆိုနိုင်သလော။

လက်တွေ့လုပ်ဆောင်ရန်

ရေအခြေပြု၍ အမြတ်ကြီးစားလုပ်ဆောင်နေသူတို့ အကြောင်း သင် သတိပြုမိပါသလော။
ထိုသို့ အမြတ်ကြီးစား လုပ်ဆောင်နေသူတို့သည် မြို့နယ်၊ မြို့ပြ၊ တိုင်းဒေသ ပြည်နယ် အလိုက် ရေအခြေပြု၍ လက်ဝါးကြီးအုပ်နေမှုများဖြင့် ထိန်းချုပ်နေကြပါသလော။
အိမ်တွင်း သန့်ရှင်းရေးနှင့် လမ်းသန့်ရှင်းရေး လုပ်ရာ၌ ပလက်စတစ် တံမြက်စည်းအား အသုံးမပြုပဲ သဘာဝ တံမြက်စည်းအား အသုံးပြုပါ။
ကားရေဆေးခြင်း၊ စက်ဘီးဆေးခြင်း နှင့် အိမ်မွေးတိရစ္ဆာန်များအား ရေချိုးပေးရာ၌ ရေပိုက်သုံး၍ ဆေးခြင်းထက် ရေပုံး၌ ရေထည့်၍ ဆေးပါ။

အပိတ်ဆုတောင်း

အိုသခင်၊ အစိုးရ အသိအမှတ်မပြုပဲ ရေရောင်းနေကြသူများသည် အတွင်းစိတ် ပြုပြင်ပြောင်းလဲလာကြရန်နှင့် လူအများ အကျိုးအတွက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း မပြုကြရန် ကျွန်ုပ်တို့ တောင်းလျှောက်ကြပါသည်။  
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။
Translated by Lawrence Jangma Mung Song


2020-09-10 07:03:56
NEWS AND EVENTS