Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

လူသားထု တရပ်လုံး အသုံးပြုရသည့် ရေ
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၉ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ကမ္ဘာ့လူဦးရေ ၂ ဘီလီယျံသည် သောက်သုံးရေး မလုံလောက်မှုဒဏ်ကို ခံစားနေရပြီး သောက်သုံးရေ မလုံလောက်မှု ဟူသည်မှာ သောက်သုံးရေ ပုံမှန် မရရှိခြင်း၊ နေအိမ်နှင့် သောက်သုံးရေ ရရှိနိုင်သည့် နေရာ အလွန်ဝေးကွာခြင်း၊ သောက်သုံးရန် မသင့်တော်သည့် ညစ်ညမ်းသော ရေအား အသုံးပြုနေရခြင်း စသည့် အကြောင်းချက်များကို ဆိုလိုသည်။

ထောက်ရှုရန် မေးခွန်း

သန်းပေါင်းများစွာသော လူများသည် သောက်ရေသန့် ကောင်းစွာ မရရှိသည့် အချိန်တွင် မိမိ နေအိမ်၌ သောက်သုံးရေ ကောင်းစွာ ရရှိခြင်းကြောင့် ဘုရားကျေးဇူးခံစားရသည်၊ ကံကောင်းသည်ဟု မိမိကိုယ်ကို သတိပြုမိပါသလား။ မိမိတို့ မိသားစုအတွင်း၌ သောက်သုံးရေ ထိန်းသိမ်းချွေတာ သုံးစွဲကြရန် မိမိတို့ မည်သို့ ပိုမို သတိပြု နေထိုင်သင့်ပါသနည်း။

လက်တွေ့လုပ်ဆောင်ရန်

နေအိမ်၌ ရေယိုစိမ့်နေသော ပိုက်များ သို့မဟုတ် ရေပိုက်ခေါင်းများ ရှိသလော၊ ရှိလျှင် ရေယိုစိမ့်ရာနေရာများအား ရေမစိမ့်အောင် ချက်ချင်း ပြုပြင်ပါ။
နေအိမ်၌ နေ့တဓူဝ ရေအသုံးချမှု မည်မျှရှိကြောင်း  လေ့လာပါ၊ အကယ်၍ ရေဖြန်းတီးမှု ရှိနေသလား ဆန်းစစ်ပါ။

အပိတ်ဆုတောင်း

အိုသခင်၊ အကြောင်းအမျိုးမျိုးကြောင့် သောက်ရေသန့် ရရှိရေး ခက်ခဲစွာ ကြိုးပမ်းလုပ်ဆောင်နေကြသူများ အတွက် ကျွန်ုပ်တို့ တောင်းလျှောက်ကြပါသည်။
ဘဝတွင် ခက်ခဲကြီးစွာဖြင့် လုံးပမ်းနေရသူများအား ခွန်အားပေးသနားတော်မူ၍ ၎င်းတို့ အပေါ် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-08 08:53:45
NEWS AND EVENTS