Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပင်လယ်ပြင်အား အပိုင်စီးသိမ်းယူခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း၊ ပင်လယ်ရေအောက် ပြသမှု၊ လျှပ်စစ် စွမ်းအင်ထုတ်ယူခြင်း၊ သဲသောင် တူးယူခြင်း နှင့် ပင်လယ်ကြမ်းပြင်မှ အဖိုးတန် အရင်းအမြစ်များ ရယူခြင်း အစရှိသည့် လုပ်ငန်းများ လုပ်ဆောင်ရန် အလို့ငှာ ဩဇာအင်အားကြီးမားသည့် စီးပွားရေး လုပ်ငန်းရှင်များသည် ပင်လယ်ပြင်အား စီးပွားဖြစ် အပိုင်စီးသိမ်းယူရန် ကြိုးပမ်းလုပ်ဆောင်မှုများ ပြုလုပ်နိုင်ပေသည်။ ထိုသို့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဝင်ရောက်လာခြင်းကြောင့် ရှေးရိုးနည်းဖြင့် တနိုင်တပိုင် လုပ်ကိုင်သည့် အသေးစား ငါးဖမ်းလှေသမားများသည် ၎င်းတို့၏ ရေလုပ်ငန်း အခွင့်အလမ်းများ ဆုံးရှုံးနိုင်သည်ဖြစ်ရာ ၎င်းတို့၏ စားဝန်နေရေးအား ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ပေသည်။
ထိုသို့ ပင်လယ်ရေမျက်နှာပြင်အား အထိစီးပွားရေး လုပ်ငန်းရှင်များ အကျိုးအတွက် စီးပွားရေးအရ ပုဂ္ဂလိကပိုင်ပြုခြင်းအား နိုင်ငံတော် အစိုးရ အဖွဲ့အစည်းများက ပံ့ပိုးမှုရှိလာလျှင် ထိုလုပ်ရပ်အား “ပင်လယ်ပြင်အား အပိုင်စီးသိမ်းယူခြင်း”ဟု ခေါ်ဆိုနိုင်ပေသည်။

ထောက်ရှုရန် မေးခွန်း

ပင်လယ်ပြင် အခြေပြု ခရီးသွားလုပ်ငန်းများ၊ စွမ်းအင် အရင်းအမြစ် ထုတ်ယူသည့် လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာခြင်းများ အစရှိသည့် လုပ်ဆောင်ချက်များကြောင့် ဒေသခံ ရပ်ရွာအသိုင်းအဝန်း အတွက် စားဝတ်နေရေး အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှု ဖြစ်နိုင်သော အခြေအနေမှာ မည်သို့ ဖြစ်သနည်း။ ထိုသို့သော အပမ်းဖြေလုပ်ငန်းများဖြင့် ဒေသခံ ရပ်ရွာလူထုအပေါ် အခွင့်ကောင်းယူခြင်းသည် အဆင်ပြေပါ၏လော။

လက်တွေ့လုပ်ဆောင်ရန်

အမိမယ်တော် မာရီးယား ဖွားမြင်တော်မူသည့် ပွဲနေ့ကြီးအား ကျင်းပချိန်တွင် ပင်လယ်ပြင်အား အပိုင်စီးသိမ်းယူသည့် လုပ်ရပ်များကြောင့် ထိခိုက်ခံစားကြသူများနှင့် ၎င်းတို့၏ ရပ်ရွာလူထု၊ မိသားစုဝင်များ အတွက် စိပ်ပုတီးစိပ်၍ ဆုတောင်းပေးပါ။

အပိတ်ဆုတောင်း

အိုသခင်၊ ပင်လယ်ရေ အခြေစိုက် အားကစား၊ စီးပွားဖြစ် အပမ်းဖြေလုပ်ငန်းများကြောင့် လုပ်ငန်းထိခိုက်ကြသော၊ လုပ်ကိုင်ခွင့် ဆုံးရှုံးသွားကြသော ငါးလုပ်ငန်း၊ ရေလုပ်ငန်း လုပ်ဆောင်နေကြသူတို့အား စောင်မကြည့်ရှုပေးတော်မူပါ။
တရားမျှတရေး အတွက် စုစည်းကြကာ အရေးဆိုတိုက်ပွဲဝင်နိုင်မည့် ကျေးဇူးတော်နှင့် ခွန်အားတို့အား ရေလုပ်သားများနှင့် ၎င်းတို့၏ မိသားစုအား ပေးတော်မူပါ။  
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-07 10:29:16
NEWS AND EVENTS