Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
ရေ၏ အဖိုးတန်မှုအား အသိအမှတ်ပြုခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
စက်တင်ဘာလ ၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်
ထောက်ရှုချက်
ရေသည် အသက်တာ၏ ရင်းမြစ် တစ်ခု ဖြစ်သကဲ့သို့ လူသားအပေါင်း၏ သက်ရှင်နေထိုင်ရေးနှင့် ကျန်းမာရေး သာမက အစားအသောက်၊ စွမ်းအင်နှင့် အခြားသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် အတွက် ရေရင်းမြစ်အပေါ်တွင်သာ တိုက်ရိုက် အားပြုရသည်။ ရေနှင့် ဥတုရာသီ စက်ဝန်း လည်ပတ်ခြင်းများသည် ကျွန်ုပ်တို့ အတွက် ဘုရားသခင်ပေးထားသော ကျေးဇူးတော်ပင် ဖြစ်သည်။
ရေသည် ကျွန်ုပ်တို့ အတွက် ဘုရားသခင်ပေးထားသော လက်ဆောင်မွန် ဖြစ်ကြောင့် သတိပြုမိပါသလော။ ကျွန်ုပ်တို့သည် ရေ ၂၄ နာရီခန့် မသောက်လျှင် ဘာဖြစ်သွားမည်ဟု သင် ထင်ပါသနည်း။
လက်တွေ့လုပ်ဆောင်ရန်
လမ်းဘေးတွင် မကြီးထွားတော့သော၊ ရေမလောင်းပဲ လစ်လျူရှုထားသည့် အပင် တစ်ပင် သို့မဟုတ် သစ်ပင် တစ်ပင်အား ဂရုတစိုက် ရေလောင်းပါ။
သို့မဟုတ် သစ်ပင် တစ်ပင်အား သတ်မှတ်၍ အစဉ် ဂရုစိုက်မည်ဟု တွေးတောလိုက်ကာ ပုံမှန် ရေလောင်းပေးပါ။
အပိတ်ဆုတောင်း
အိုသခင်၊ ရေရှည်အဓွန့်ရှည်မည့် ရေရင်းမြစ်ဖြင့် ကျွန်ုပ်တို့အား ကောင်းချီးပေးတော်မူပါရန်နှင့် ဤရေရင်းမြစ် လက်ဆောင်မွန်အား တန်ဖိုးထားရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ကျွန်ုပ်တို့ သင်ယူ လေ့လာနိုင်ရန် ကျွန်ုပ်တို့ တောင်းလျှောက်ကြပါသည်။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။
အာမင်။
 
Translated by ​ေလာရန့်စ် ဂျန်မာဂမ်

2020-09-01 08:44:49
NEWS AND EVENTS