Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မစ္ဆားပူဇော်ခြင်းဝိနည်း အသစ်သည် အသင်းတော် ဥပဒေနှင့် အညီ ဝိုင်းဝန်းလုပ်ဆောင်ထားခြင်း ဖြစ် ဟု ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ နာယကဆရာတော် မိန့်ကြား

    မြန်မာဘာသာဖြင့် မစ္ဆားပူဇော်ရာတွင် အ သုံးပြုရမည့် ဝိနည်းတော်စာအုပ် အသစ်ကို ပြင်ဆင် ရေးသားရာတွင် ကာနွန်ဥပဒေ၏ ညွှန်ကြားချက်များ နှင့်အတူ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် တရားဝင်ဖြစ်လာသော ပုပ်ဖရန်စစ်၏ လမ်းညွှန်ချက်  များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝတ်ပြုကိုး ကွယ်ခြင်း ကော်မရှင်ဥက္ကဌ မန္တလေးဂိုဏ်းချုပ်ဆရာ တော်ကြီး နီကောလပ်စ် မန်ထန်းက ရှင်းလင်း ပြောပြ ခဲ့သည်။
"ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်များ၊ ဆုတောင်း မေတ္တာများကို မိမိတို့သာသနာနယ်အတွင်းရှိဘာသာ ဝင်များအသုံးပြုနိုင်ရေး ဘာသာပြန်ဆိုခြင်းကို သက် ဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း ထုတ်ပြန် ထားတဲ့ အတိုင်း ကျွန်ုပ်တို့ တာဝန်ယူ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။"
"ဘာသာပြန်တဲ့အချိန်မှာလည်း ဒေသခံ ဘာသာဝင် များ နားလည်နိုင်တဲ့ ဘာသာစကားဖြစ်ရမယ်၊ ပြီး တော့ ဘာသာစကား အရည်အသွေးရှိရမယ်လို့လည်း ညွှန်ကြားထားတယ်။"
"တာဝန်အနေနဲ့ ဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာတိုင်း က ဆရာတော်တွေမှာ သူတို့ သာသနာမှာ ရှိတဲ့ ဘာ သာဝင်တွေအတွက် ဝတ်ပြုကိုးကွယ်ခြင်း စာအုပ် တွေကို ဒေသခံတိုင်းရင်းသား ဘာသာစကားနဲ့ လုပ် ပေးဖို့တာဝန်ရှိတယ်။ အဲ့ဒီလို ဒေသခံဆရာတော်က သူ့သာသနာအတွက် လုပ်လိုက်တဲ့ အရာကို အခြား နေရာတွေမှာလည်း သုံးသင့်တယ်လို့ ယူဆရင် ဆရာ တော်ကြီးများ အဖွဲ့ချုပ်က အတည်ပြုပြီး အားလုံး အသုံးပြုဖို့ လုပ်နိုင်တယ်။ ဗမာလိုထုတ်တော့မယ်ဆို ရင် သာသနာ ၁၆ ခုမှာ မန္တလေးသာသနာ တစ်ခုသာ ဗမာလို ထုတ်နိုင်မယ်။ အခြားသာသနာတွေ က ကချင်၊ ကရင်၊ ကယား၊ ချင်း စသဖြင့် ထုတ်ကြရမယ်။ အဲ့လိုပြောလို့ အခြားသာသနာတွေက ဗမာစကား မတတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး၊ ဗမာဆိုပြီး သီး ခြားရှိတာက မန္တလေးသာသနာပဲ။ အဲ့ဒါကို အခြေခံပြီး ဗမာတွေ နားလည်နိုင်ပြီး ဗမာစကား အရည် အသွေး ပြည့်ဝတဲ့ ဝိနည်းစာအုပ် ထွက်လာဖို့ မန္တလေးဆရာ တော်အဖြစ်ရှိနေတဲ့ ကျွန်ုပ်မှာ တာဝန်ရှိတယ်လို့ ခံယူ ပြီး ဒီအလုပ်ကိုလုပ်ခဲ့တယ်။ ဆရာတော်ကြီးများ အဖွဲ့ ချုပ်ကိုလည်း တင်ပြတော့ အသိအမှတ်ပြုပြီး တာဝန် ပေးအပ်ခဲ့ကြတယ်။"
"ဘာသာစကားနေနဲ့ကတော့ ဗုဒ္ဓဘာသာဗမာစကား ကို အခြေခံတယ်။ ဗုဒ္ဓဘာသာ မြန်မာတွေ နားလည် အောင် ပြုလုပ်ခြင်းအားဖြင့် သတင်းကောင်း မျှဝေ ခြင်းကိုလည်း တခါတည်း ဆောင်ရွက်ပြီးသားဖြစ် သွားတယ်။ ဘုရားသခင်အတွက် ဘုရားနဲ့ဆိုင်တဲ့ စကားလုံးသာ သုံးခြင်းအားဖြင့် ဗုဒ္ဓဘာသာတွေကြား တဲ့အခါ သူတို့ဘုရားဟာလည်း ဒီလိုရှိပါလား ဆိုပြီး သိလာကြလိမ့်မယ်။ တနည်းအားဖြင့် ယုံကြည်ခြင်းကို မြန်မာမှုပြုတဲ့သဘောပေါ့။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ကို မြန်မာလူမျိုးတွေ နားလည်နိုင်တဲ့ စကားလုံးနဲ့ ပြောပြနိုင်မှ သူတို့လက်ခံနိုင်မှာ။ အခုကလည်း ပြည့် စုံတယ်လို့ဆိုလို့ မရသေးပါဘူး။ ဆက်လက် လုပ် ဆောင်သွားရမယ့် ရေရှည်လုပ်ငန်းစဉ်တစ်ခုပေါ့။"
"အခုပြင်ဆင်ထားတဲ့ စာအုပ်ကတော့ သာသနာတိုင်း က ကိုယ်စားလှယ်တွေ ပါဝင်ပြီး လုပ်ထားတဲ့ အရာ ဖြစ်ပါတယ်။ ကျွန်ုပ်က တာဝန်ခံဆိုပြီး၊ မန္တလေးက တာဝန်ရှိတယ်ဆိုပြီး လုပ်ထားတာ မဟုတ်ပါဘူး။ အများသဘောတူ ဆုံးဖြတ်ပြီးမှ ထွက်လာတဲ့ စာအုပ် ဖြစ်ပါတယ်။ အခုပြီးသွားတဲ့အထဲမှာ မကြိုက်တာတွေ ပါတယ်။ ဒါပေမယ့် အများသဘောတူတော့လည်း လိုက်လျောရတာပဲ။ ဥပမာ - ကိုယ်တော်၏ ဝိညာဉ် နှင့်လည်း ရှိပါစေ လို့ ဖြေတာကို မကြိုက်ဘူး။ အများ ကဒီအတိုင်း ကြိုက်တယ်၊ ပိုသင့်တော်တယ်လို့ ပြော တော့လည်း လက်ခံရတာပေါ့။"
"မစ္ဆားပူဇော်ခြင်းဟာခရစ်ယာန်အသက်တာရဲ့အခြေ ခံ အုတ်မြစ်ဖြစ်တယ်။ ပါဒရေ ပီအိုရဲ့ မိန့်မှာချက်အရ ဆိုရင် ရဟန်းတစ်ပါး မစ္ဆားပူဇော်တဲ့အခါ မယ်တော်သခင်ရော သိကြားရဟန္တာတွေဟာ အဲ့ဒီ ဘု ရားစင်မှာ ဝိုင်းဝန်း ခြံရံနေကြတယ်။ အတူတကွပါဝင်ကြတယ်။ ရဟန်းတွေ ဟာ တစ်ပါးတည်း မစ္ဆားပူဇော်နေရင်တောင် သူတပါးတည်းမဟုတ်ဘူး ဆို တာ သိမှတ်ရမယ်။ လောကမှာရှိတဲ့ အသင်းတော်၊ ကောင်းကင်မှာ ရှိတဲ့ အသင်းတော်ဟာ တလုံးတဝတည်း ရှိတယ်ဆိုတာ ဒီအချိန်မှာ ခံစားနိုင် တယ်။ ငရဲငယ်မှာ ဆပ်ဖြေနေတဲ့ အသင်းတော်အတွက် ဒီအချိန်မှာ အထူး ဆုတောင်းပေးကြတယ်။ မစ္ဆားပူဇော်ခြင်းမှာ သိကြားရဟန္တာတွေဟာ တစု တရုံးတည်း မစ္ဆားပူဇော်ခြင်းရဲ့ ရည်ရွယ်ချက်အတွက် ဝိုင်းဝန်း တောင်း လျှောက် ပေးကြတယ်။ အတူတကွ ကျေးဇူးတင်ကြတယ်။"
"အခြားတိုင်းရင်းသား ဘာသာစကားတွေနဲ့ ဒီလို ဝိနည်းစာအုပ်တွေရှိဖို့လည်း ဆရာတော်တိုင်းကို တိုက်တွန်းချင်တယ်။ အခု မြန်မာလို ထွက်ပြီ။ ကျန်တဲ့ တိုင်းရင်းသား ဘာသာစကားတိုင်းနဲ့လည်း ထုတ်စေချင်တယ်။ ဒါမှ တိုင်း ရင်းသားတိုင်းက ကိုယ့်ရဲ့ ဘာသာစကားနဲ့ အနှစ်သာရ ရှိရှိ ဝတ်ပြုကိုး ကွယ်ခြင်းအမှုကို ပြုနိုင်ကြမယ်။ ဒါက အားမှ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ အဓိကလုပ်ရမယ့် အချက်ဆိုတာ သိစေချင်တယ်။"
(ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နှုတ်ဖေါ်ပြသည်)
CBCM-OSC


2018-11-12 03:40:12
NEWS AND EVENTS