Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၂၁)ကြိမ်မြောက် သာမန်တနင်္ဂနွေ

ကျွန်ုပ်တို့၏အနာရောဂါအားလုံးကို ပျောက်ကင်းစေသူ၊

မမြင်နိုင်သည့်ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူသောယေဇူးသခင်

 

 

 ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

 

          ထာ၀ရတည်တော်မူတဲ့၊ ကုသခြင်း၏အရှင် ယေဇူးခရစ်တော်ရဲ့ကောင်းချီးမင်္ဂလာဟာ သင် တို့အားလုံးအပေါ် သက်ရောက်ပါစေ။ ယေဇူးသခင်ဟာ ကျွန်ုပ်တို့ရဲ့ဘုရားသခင်၊ ကျွန်ုပ်တို့ရဲ့ကယ် တင်ရှင်၊ ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူတဲ့အရှင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ကုသခြင်းအရှင် အဖြစ် ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့လိုအပ်ပါတယ်။

          ခြေလက်မသန်စွမ်းသူတွေ၊ မျက်မမြင်တွေ၊ နာမကျန်းဖြစ်သူတွေကို ကုသပေးခဲ့တဲ့အရှင်၊ သေပြီးသူတွေကို ပြန်ရှင်စေတော်မူတဲ့အရှင်ရဲ့လက်တော်ဟာ သင်တို့အားလုံးအပေါ် အုပ်မိုးပြီး သင်တို့ကို ကောင်းချီးပေးတော်မူပါစေ။ ယခုလိုခက်ခဲကျပ်တည်းတဲ့ကာလမှာ သင်တို့ကို ကာကွယ် ပေးတော်မူပါစေ။ ယေဇူးသခင်ဟာ ကုသပေးတဲ့အရှင်၊ ဖြေသိမ့်ပေးတဲ့အရှင်ဖြစ်တော်မူတဲ့အတွက် ကိုယ်တော်ရှင်ရဲ့ကုသခြင်းလက်တော်ကို ကျွန်ုပ်တို့ တကယ်ပဲလိုအပ်ပါတယ်။

          ဒီနေ့ဖတ်ရှုရတဲ့ကျမ်းတွေက ယေဇူးသခင်အကြောင်းကို ကျွန်ုပ်တို့ဘယ်လိုနားလည်သလဲဆို တာ မေးထားပါတယ်။ ယေဇူးသခင်က သူ့ရဲ့တပည့်တော်ကြီးတွေကို ]]သင်တို့မူကား ငါမည်သူဖြစ် သည်ဟု ဆိုကြသနည်းလို့ မေးတော်မူခဲ့တယ်။ ကိုဗစ်ကပ်ရောဂါကြောင့် စိန်ခေါ်မှုများစွာကြုံနေရ ပြီး ယုံကြည်ခြင်းကလည်း အစမ်းသပ်ခံနေတဲ့အချိန်မှာ ယေဇူးသခင်က ကျွန်ုပ်တို့တစ်ယောက်ချင်း စီကို ဒီမေးခွန်းမေးထားပါတယ်။

သင်တို့မူကား ငါမည်သူဖြစ်သည်ဟု ဆိုကြသနည်း

          ဒီကာလမှာ ဒီလိုမေးခွန်းကို ဖြေရတာ ခက်ခဲတယ်ဆိုတာ ကျွန်ုပ်တို့အားလုံးသိခဲ့ကြပါပြီ။ ကို ဗစ်ကပ်ရောဂါကြောင့် အရာရာလဲကျပြိုပျက်နေတဲ့အချိန်မှာ အဆိုးမြင်တဲ့သူတွေက ဒါဟာ ယေဇူး ဘုရားရှင်ဆီက အပြစ်ဒဏ်ခတ်ခြင်းပဲလို့ ပြောဆိုလာကြပါတယ်။ တချို့ကျပြန်တော့လည်း ဘုရား သခင်ကို ပစ်ပယ်ရုံမျှမက လူ့ဂုဏ်သိက္ခာကိုပါ လျစ်လျူရှုလာကြပါတယ်။ သန်းပေါင်းများစွာသော လူတွေ ဒုက္ခအခက်အခဲခံစားရချိန်မှာ သူတို့တွေဟာ ဘုရားသခင်ဆီကို ခိုလှုံရကောင်းမှန်း မသိကြ ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားတဲ့သူတွေလည်း ရှိနေကြပါတယ်။ ပုပ်ရဟန်းမင်း ကြီးကတော့ ကမ္ဘာသစ်ဖြစ်ပေါ်လာမယ့်လမ်းကို အဆိုးထဲကအကောင်းအဖြစ် မျှော်လင့်နေပါတယ်။ ဒီလမ်းဟာ ယေဇူးသခင်ရဲ့အလိုတော်အတိုင်း ကောင်းကင်နိုင်ငံတော်ရဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့လမ်းဖြစ် ရပါမယ်။

          ယေဇူးသခင်ဟာ သမိုင်းကို ပုံဖော်ပေးတဲ့သူဖြစ်တယ်ဆိုတာ ရှင်းနေပါပြီ။ ကျွန်ုပ်တို့သုံးစွဲကြ နေတဲ့ ဘီစီ၊ အေဒီဆိုတဲ့ သက္ကရာဇ်အမှတ်အသားတွေဟာ ]]ခရစ်တော်မပေါ်မီ}}သခင်ဘုရား၏ နှစ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ယေဇူးခရစ်တော်ဖွားမြင်တော်မူတဲ့နှစ်ကို ဗဟိုပြုပြီး သတ်မှတ်ထားကြတာပါ။ နွားတင်းကုပ်မှာ မွေးတဲ့ လက်သမားသားဟာ ကားတိုင်ပေါ်မှာ အသတ်ခံရပြီး တစ်ပါးသူရဲ့အုတ်ဂူ မှာ သဂြုØဟ်ခံခဲ့ရပေမဲ့ ဒီအချိန်မှာတော့ သန်းထောင်ပေါင်းများစွာသောလူတွေရဲ့နှလုံးသားထဲမှာ ကိန်းဝပ်နေပါပြီ။ ကိုယ်တော်တိုင် ဘာစာအုပ်မှ မရေးခဲ့ပေမဲ့ လူသန်းပေါင်းများစွာက ကိုယ်တော် ရှင်ရဲ့အကြောင်းကို စာအုပ်မျိုးစုံ ရေးသားထုတ်ဝေနေကြပါပြီ။

          မြေခွေးတို့တွင် တွင်းရှိ၏။ ကောင်းကင်ငှက်တို့တွင် အသိုက်ရှိ၏။ လူသားမှာမူကား ခေါင်း ချစရာနေရာမရှိလို့ မိန့်တော်မူတဲ့သူကို ကမ္ဘာတစ်ဝန်းက ဘုရားကျောင်းတွေ၊ ကာသီဒြယ်တွေမှာ အလေးအမြတ်ထားပြီး ကိုးကွယ်နေကြပါပြီ။ ဓားကို ဓားအိမ်ထဲ ပြန်ထည့်ခိုင်းတဲ့အရှင်၊ တိုက်ခိုက် လာသူကို ပါးနောက်တစ်ဖက်လှည့်ပေးဖို့ မိန့်ကြားခဲ့တဲ့အရှင်ဟာ အာဏာရှင်တွေရဲ့စိတ်ထဲမှာ စိုး ရိမ်ကြောက်ရွံ့တဲ့စိတ်တွေဖြစ်ပေါ်စေပါတယ်။ ]]သင်တို့ရော ထွက်သွားကြဦးမှာလားလို့ မေးတော် မူတဲ့အရှင်အတွက် ထောင်ပေါင်းများစွာသောဓမ္မအာဇာနည်တွေက လိုလိုလားလားနဲ့ အသက်ကို တောင် ပေးခဲ့ကြပါပြီ။

ခရစ်တော်ဟာ သမိုင်းတွင်ရုံတင်မကဘဲ သမိုင်းကိုတောင် ကျော်လွန်မယ့်အရှင်ဖြစ်ပါတယ်

သမိုင်းထဲမှာ ကျွန်ုပ်တို့ကြားနာရတဲ့ ယေဇူးသခင်ဟာ တကယ့်ကို အံ့ဖွယ်ရာတွေနဲ့ပြည့်နေ တဲ့အရှင်ဖြစ်ပါတယ်။ ယေဇူးသခင်ကို ထူးခြားတဲ့လူသားတစ်ယောက်အဖြစ်လောက်သာ လက်ခံလို တဲ့သူတွေတောင်မှ ကိုယ်တော်ရှင်ကို အံ့ဖွယ်တစ်ပါးအဖြစ် အောင့်သက်သက်နဲ့ လက်ခံထားရပါ တယ်။ သန်းထောင်နဲ့ချီတဲ့လူတွေက သူ့ကို ယုံကြည်လာခဲ့တာ နှစ်ပေါင်းထောင်နဲ့တောင် ချီနေပါ ပြီ။ ကိုယ်တော်ရှင်ကြွလာတော်မူပြီးနောက်ပိုင်း လူ့သမိုင်းကြောင်း၊ ဝိညာဉ်ရေး၊ နိုင်ငံရေးနဲ့ ကိုး ကွယ်ယုံကြည်ခြင်းတွေဟာ အကုန်ပြောင်းလဲသွားပါတယ်။ လူ့သမိုင်းအပေါ် ကိုယ်တော်ရှင်ရဲ့လွှမ်း မိုးမှု ဘာလို့ဒီလောက်ကြီးမားရသလဲဆိုတာကို ယနေ့ထိတိုင်အောင် လူတွေနားလည်ဖို့ ကြိုးစားနေ ကြတုန်းပါပဲ။

ဒါပေမဲ့ ယုံကြည်သူတစ်ယောက်အတွက်ကတော့ ယေဇူးဟာ သခင်ဘုရားဖြစ်ပါတယ်။ ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းမှာ ရှင်ပေတရုက ယေဇူးဘုရားရှင်အပေါ်ထားရှိတဲ့ သူ့ရဲ့ယုံကြည်ခြင်းကို အခုလို ထုတ်ဖော်သက်သေခံခဲ့ပါတယ်။

               ကိုယ်တော်သည် အသက်ရှင်တော်မူသည့်                        ဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်။

ခရစ်တော်ဟာ ကမ္ဘာလောကမပေါ်ပေါက်မီကတည်းက တည်ရှိတော်မူတဲ့ အသက်ရှင်တော် မူသောဘုရားဖြစ်ပါတယ်။ လူမျက်စိနဲ့ မမြင်နိုင်တဲ့ဘုရားရဲ့ပုံသဏ္ဌာန်တော်လည်းဖြစ်ပါတယ်။ ခရစ် တော်ဟာ ဗူစah ဥာနါ၊ေ အစဦးနဲ့ နောက်ဆုံးလည်းဖြစ်ပါတယ်။ ခရစ်တော်ဟာ ကယ်တင်ရှင် ဖြစ်သလို အချုပ်အနှောင်မှ ဖြေလွှတ်ပေးသူလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရှင်မပါဘဲ လူသားတို့ရဲ့ ဘ၀ခရီးဟာ မပြည့်စုံနိုင်ပါဘူး။

ခရစ်တော်ဟာ ခရစ်ယာန်မဟုတ်တဲ့သူတွေအတွက် နားလည်ရခက်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ပြဿနာကို ပိုရှုပ်ထွေးစေတာက ခရစ်တော်ရဲ့နောက်လိုက်ဆိုပြီး အသင်းကွဲတွေအမြောက်အမြားရှိ နေတာပါပဲ။ နာမည်ကျော် မဟတ္တမဂန္ဓီကတောင် ]]ခရစ်တော်ကို ကျွန်တော်ကြိုက်ပါတယ်။ ကျွန် တော်နားမလည်နိုင်ဖြစ်နေတာက ခရစ်ယာန်တွေပါပဲလို့ ပြောခဲ့ဖူးပါတယ်။ ခရစ်ယာန်တွေကို ဆန့် ကျင်တဲ့အတွေးအခေါ်ပညာရှင် Friedrich Nietzsche က ခရစ်တော်နဲ့ပတ်သက်ပြီး ]]တကယ် တော့ ခရစ်ယာန်ဆိုတာ တစ်ယောက်ပဲရှိခဲ့တာပါ။ အဲဒီတစ်ယောက်ကလည်း လက်ဝါးကားတိုင် ပေါ်မှာ အသေခံသွားခဲ့ပါပြီလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင်ခရစ်တော်ဟာ အိမ်ယာမဲ့သူ၊ ဥစ္စာပစ္စည်းမရှိသူ၊ နေရာစုံ လှည့် လည်သွားလာသူ၊ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ခြင်းခံရသူ၊ ဆွေမျိုးသားချင်းကို အလေးမထားသူ၊ အလုပ်အကိုင်မရှိသူ၊ ဆိုးညစ်သူများနဲ့ပေါင်းဖော်သူ၊ ရုပ်ဝါဒကို ဆန့်ကျင်သူ၊ အသက်ဘေးအတွက် မစိုးရိမ်သူ၊ ခေတ်စနစ်ကို တိုက်ဖျက်သူ၊ အာဏာရှင် ဓနရှင်များကို ဝေဖန်ပြစ်တင်သူအဖြစ် တွေ့ မြင်ရပါတယ်။

အခုဆိုရင် ကျွန်ုပ်တို့လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါရဲ့သက်ရောက် မှုတွေကြားမှာ မေးခွန်းက ကျွန်ုပ်တို့ဘက်ကို ပြန်လှည့်လာပါပြီ။ယေဇူးသခင်ဟာ ကျွန်ုပ်တို့တစ်ဦး စီအတွက် ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။

သမ္မာကျမ်းစာထဲမှာတော့ ကောင်းကောင်းရှင်းပြထားပါတယ်။ ယေဇူးသခင်ဟာ ဖန်ဆင်း ခြင်းအစမှာ ဘုရားသခင်ပြုခဲ့တဲ့ကတိတော်ကို ဖြည့်ဆည်းပေးတဲ့အရှင်ဖြစ်ပါတယ်။ အဲဒီအကြောင်း ကို ပရောဖက်အဆက်ဆက်ဟောကြားခဲ့ကြပါတယ်။ ကိုယ်တော်ရှင်ဟာ ဧမာနူအဲလ်၊ ကျွန်ုပ်တို့နှင့် အတူရှိသောဘုရားဖြစ်ပါတယ်။ ကိုယ်တော်ရှင်မွေးဖွားမယ့်အကြောင်းကို ဘုရားသခင်ရဲ့တမန်တော် က ကြိုတင်ပြီး အမိန့်တော်ပြန်ခဲ့ပါတယ်။ ပရောဖက်တွေကလည်း ခရစ်တော်ရဲ့ကယ်တင်ခြင်းအမှု တော်အကြောင်း ကြိုတင်ဟောပြောခဲ့ကြပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို ထာ၀ရငရဲဒဏ်က နေ ရွေးနုတ်တော်မူတဲ့ ကယ်တင်ရှင်ဖြစ်သလို တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဘက်က ရပ်တည် တော်မူတဲ့ ဖြေလွှတ်ပေးသူလည်းဖြစ်ပါတယ်။

၁။ ယေဇူးသခင်ဟာ ကျွန်ုပ်တို့ကို အပြစ်ရဲ့ထမ်းပိုးကနေ

ရွေးနုတ်တော်မူတဲ့ကယ်တင်ရှင်ဖြစ်ပါတယ်

          နာမည်ကျော်ကျမ်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ယောဟန် (၃း၁၆-၁၇)မှာ အခုလိုပြောထား ပါတယ်။သားတော်အား ယုံကြည်သူဟူမျှကို ပျက်စီးခြင်းသို့ မရောက်စေဘဲ ထာ၀ရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာ လောကသားတို့ကို ချစ်တော်မူ၏။ အကြောင်းမူကား ဘုရားသခင်သည် ဤလောကကို အပြစ်စီရင် စေခြင်းငှာ သားတော်အား လောကထဲသို့ စေလွှတ်တော်မူသည်မဟုတ်။ သားတော်အားဖြင့် လောကသည် ကယ်တင်ခြင်းခံရစေရန် စေလွှတ်တော်မူခြင်းသာဖြစ်၏။

၂။ ယေဇူးသခင်ဟာ လူ့ပယောဂမကင်းတဲ့ မကောင်းမှုမှန်သမျှကနေ

ရွေးနုတ်တော်မူတဲ့ ဖြေလွှတ်ပေးသူဖြစ်ပါတယ်

          ဓမ္မဟောင်းကျမ်းထဲမှာ တွေ့ရတဲ့ဘုရားသခင်ကို တရားမျှတမှုရဲ့အရှင်၊ ဆင်းရဲသား၊
2020-08-22 08:38:34

NEWS AND EVENTS