Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲ
မယ်တော်လိုလားတော်မူသော တရားမျှတမှုဖြေဆေး

ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

 မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲနေ့မှာ မင်္ဂလာအပေါင်း ခညောင်းပါစေ လို့ မေတ္တာပို့သပါတယ်။ ဒီနေ့မှာ ကျွန်ုပ်တို့ဟာ မယ်တော်ရဲ့ကြီးမြတ်တော်မူခြင်းကို ဂုဏ်ပြုကျင်းပဖို့ စု ဝေးနေကြတာဖြစ်ပါတယ်။ နာဇရက်မြို့က သမီးကညာလေးဟာ ဒီကနေ့မှာ မြင့်မြတ်တဲ့ဂုဏ်ပြုခြင်းကို ခံယူဖို့ ချီးမြှောက်ခြင်းခံရပါတယ်။ မယ်တော်ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာလည်း မယ်တော်နဲ့ အတူ ဘုရားသခင်ရဲ့ကောင်းချီးတော်တွေကို ခံစားနေရပါပြီ။
    မယ်တော်သခင်မဟာ လောကအသက်တာကုန်ဆုံးပြီးတဲ့နောက်မှာ ခန္ဓာရော၊ ဝိညာဉ်ပါ ကောင်း ကင်ဘုံကို ပင့်ဆောင်ခြင်းခံခဲ့ရပါတယ်။ မယ်တော်ဟာ ထာ၀ရအဆက်ဆက်တည်တော်မူတဲ့ ဘုရားသခင် ကို ဖွားမြင်ပေးသူဖြစ်တာကတစ်ကြောင်း၊ အပြစ်ရဲ့အကြေးအညော်နဲ့လည်း ကင်းစင်တာကတစ်ကြောင်း တို့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်ဟာ သာမန်လူတွေလို ပုပ်သိုးပျက်စီးဖို့ မထိုက်တန်ပါဘူး။ မယ်တော်ဟာ အပြစ်မဲ့သန္ဓေယူခဲ့ရုံမျှမက သူ့ဘ၀တစ်လျှောက်လုံးမှာလည်း အပြစ်ကို ရှောင်ကြဉ်နိုင်ခဲ့သူဖြစ်ပါတယ်။ ]]အပြစ်၏အဖိုးအခကား သေခြင်းပင်ဖြစ်၏}}လို့ (ရောမ ၆း၂၃)မှာ ဆိုထားတဲ့အတိုင်း မယ်တော်ဟာ အပြစ်ကင်းစင်သူဖြစ်တဲ့အလျောက် လောကအသက်တာကုန်ဆုံးပြီးတဲ့နောက်မှာ ခန္ဓာရော၊ ဝိညာဉ်ပါ ကောင်းကင်ဘုံကို ပင့်ဆောင်ခံရခြင်းဖြစ်ပါတယ်။
    မယ်တော်ကို ချီးမြှင့်တဲ့ဂုဏ်ပုဒ်တွေထဲက တစ်ခုကတော့ ]]သဟာဖွဲ့ရာ သေတ္တာတော်}}ဆိုတဲ့ ဂုဏ် ပုဒ်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဖတ်ရှုကြားနာခဲ့တဲ့ပထမကျမ်းမှာ ရှင်ယောဟန်က ကောင်းကင်ဘုံကို ရူပါရုံ မှာ မြင်ခဲ့ရပြီး ထူးခြားတဲ့နိမိတ်လက္ခဏာတွေကို တွေ့ခဲ့ပါတယ်။ သူဟာ သဟာဖွဲ့ရာသေတ္တာတော်ကို လည်း တွေ့ခဲ့ပါတယ်။
    ]]ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား မိန်းမတစ်ဦးသည် နေကို ဝတ်လျက်၊ လကို ခြေဖြင့် နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်တစ်ဆယ့်နှစ်လုံးဖြင့် ပြီးသောသရဖူကို ဆောင်းလျက် ပေါ်လာ၏။}} (ဗျာဒိတ် ၁၂း၁)
    ရှင်ယောဟန်မြင်ခဲ့ရတဲ့ ဗျာဒိတ်ရူပါရုံမှာ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်ထားပြီး သားယောက်ျm; ကို ဖွားမြင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နဂါးကြီးက သားဖြစ်သူကို စားဖို့ စောင့်နေပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့စောင်မမှုကြောင့် မိခင်ရော၊ ကလေးပါ အသက်ချမ်းသာရာရခဲ့ကြတယ်။ ရှင်ယောဟန်မြင် တွေ့ခဲ့ရတဲ့ ဗျာဒိတ်ရူပါရုံဟာ ဓမ္မဟောင်းကနေ ဓမ္မသစ်ဖြစ်ပေါ်လာပုံ၊ အစ္စရာအဲလ်အမျိုးအနွယ်ကနေ အသင်းတော်မွေးဖွားလာပုံကို ဖော်ညွှန်းခြင်းဖြစ်တယ်လို့ ကျွန်ုပ်တို့နားလည်ထားပါတယ်။ နဂါးကြီးဖြစ်တဲ့ ဆာတန်နတ်ဆိုးနဲ့ သူ့အပေါင်းအပါတွေကလည်း အသင်းတော်ကို ဖျက်ဆီးဖို့ ကြံရွယ်နေကြပါတယ်။
    ကမ္ဘာပေါ်မှာ ကပ်ရောဂါဆိုးကျရောက်နေတဲ့အချိန်မှာ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့် ဆောင်ခံရခြင်းပွဲကို ကျွန်ုပ်တို့ကျင်းပနေကြပါတယ်။ ဒီကပ်ရောဂါဟာ နဂါးကြီးလိုပဲ လူ့အသက်တွေကို ဖျက်ဆီးဖို့ ချောင်းမြောင်းနေပါတယ်။ ကျွန်ုပ်တို့ကို ကယ်မဖို့အတွက် အမိမယ်တော်ကတစ်ဆင့် ကျွန်ုပ်တို့ ဆုတောင်းကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးတဲ့လူအရေအတွက်များလာတဲ့အချိန်ကတည်းက စပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ဖို့ မယ်တော်ဆီ အပ်နှံခဲ့ပါတယ်။ ကိုယ်ခန္ဓာပုပ်သိုးပျက်ဆီးမှုလုံး၀မရှိဘဲ ကောင်းကင်ဘုံကို ပင့်ဆောင်ခြင်းခံရတဲ့ အမိ မယ်တော်ဟာ ကျွန်ုပ်တို့ကို ကာကွယ်ပေးဖို့ အဖဘုရားသခင်ဆီ ကြားဝင်တောင်းလျှောက်ပေးပါစေ။
    ကက်သလစ်တွေအဖို့ကတော့ ကြားဝင်တောင်းလျှောက်ပေးမယ့် မိခင်မြတ်တစ်ပါးရှိနေတာဟာ ဝမ်းသာစရာပါ။ သမ္မာကျမ်းစာထဲမှာ ဧလိဇဘက်ကိုယ်တိုင်က ]]ကျွန်ုပ်သခင်၏မယ်တော်}}ဆိုပြီး ချီးမွမ်းခဲ့ ရတဲ့မယ်တော်ကို တန်ဖိုးမထားချင်တဲ့ အခြားသောခရစ်ယာန်တွေကို သနားတဲ့စိတ်လည်း ဖြစ်မိပါတယ်။
    ဒီကနေ့ ကျင်းပတဲ့ပွဲဟာ ကယ်တင်ခြင်းသမိုင်းမှာ အမျိုးသမီးတစ်ဦးရဲ့အခန်းကဏ္ဍကို ပေါ်လွင် စေပါတယ်။ သမ္မာကျမ်းစာထဲမှာ အမျိုးသမီးတွေကနေတစ်ဆင့် အံ့ဖွယ်ရာတွေလုပ်ဆောင်ခဲ့တာ တွေ့ရ ပါတယ်။ ဘုရားသခင်ရဲ့ဘုန်းတန်ခိုးတော်ဟာ ထူးခြားတဲ့အမျိုးသမီးတွေ၊ သားသမီးမမွေးဖွားဘဲ မြုံနေတဲ့ အတွက် လူ့အသိုင်းအဝိုင်းက ကဲ့ရဲ့ခြင်းခံရတဲ့ ဆာရာနဲ့ ဟန္န လိုအမျိုးသမီးတွေကနေ ထွက်ပေါ်လာခဲ့ပါ တယ်။ ဘုရားသခင်ဟာ အစ္စရာအဲလ်လူမျိုးတွေရဲ့လွတ်မြောက်ရေးအတွက် အဲဒီအမျိုးသမီးတွေရဲ့ဘ၀ကို အသုံးပြုတော်မူခဲ့ပါတယ်။
    ကညာစင် မာရိယာကိုကျတော့ ဘုရားသခင်က ကမ္ဘာလောကရဲ့ကယ်တင်ရှင်ကို မွေးဖွားပေးဖို့ ရွေးချယ်တော်မူခဲ့တယ်။ ကယ်တင်ခြင်းသမိုင်းမှာ မယ်တော်ဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်နေ ပါတယ်။ မယ်တော်ကို လက်မခံခြင်းဟာ သမ္မာကျမ်းစာကို လက်မခံခြင်းပါပဲ။ မယ်တော်ကို လက်မခံ ခြင်းဟာ ယေဇူးဘုရားရှင်ရဲ့သာသနာပြုလုပ်ငန်းကို လက်မခံတာနဲ့ အတူတူပါပဲ။ မယ်တော်ကို ငြင်းပယ် ခြင်းဟာ သမ္မာကျမ်းစာရဲ့အဓိကသတင်းစကားကို ငြင်းပယ်တာနဲ့ ဘာမှမခြားပါဘူး။
    ]]အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။...သူတို့မြည်တမ်း သောအသံကိုလည်း ငါကြားခဲ့ပြီ}}ဆိုပြီးတော့ သိုးထိန်းဖြစ်တဲ့ မိုးဇက်ကို ထာ၀ရဘုရားမိန့်ကြားခဲ့တဲ့စကား ကို ငြင်းပယ်ခြင်းလည်း ဖြစ်ပါတယ်။ ဒီနေ့ဖတ်ရှုခဲ့တဲ့ဧဝံဂေလိကျမ်းမှာ မယ်တော်ရဲ့ဂုဏ်တော်ဧကျူးခန်း ကနေ ပြောပြထားတဲ့ ကြီးမြတ်တဲ့အမှုတော်အကြောင်း ကျွန်ုပ်တို့သိခဲ့ရပါတယ်။
    လောကရဲ့ကယ်တင်ခြင်းအတွက် ကြိုးပမ်းနေကြသူတွေဟာ ဘယ်သောအခါမှ သေဆုံးခြင်းမရှိဘဲ ဘုရားသခင်ရဲ့အနွယ်တော်ဝင်ဖြစ်သွားတယ်ဆိုတာကို ဒီနေ့ကျင်းပတဲ့ပွဲက မီးမောင်းထိုးပြနေပါတယ်။ မယ်တော်မာရိယာဟာ ယနေ့ထက်တိုင် ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ ယေဇူး
2020-08-15 01:16:17

NEWS AND EVENTS