Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

၂၀၁၂ နှင့်​ ၂၀၁၃ ခုနှစ်​တွင်​ ရဟန်းသိက္ခာ ခံယူခဲ့ကြ​သော ဘုန်း​တော်​ကြီးများ မွမ်းမံသင်တန်း

    ၂၀၁၂ နှင့်​ ၂၀၁၃ ခုနှစ်​တွင်​ ရဟန်းသိက္ခာခံယူခဲ့ကြ​သော ဘုန်း​တော်​ကြီးများ၏ ပြန်​လည်​ဆန်းသစ်​ မွမ်းမံ သင်​တန်းကို ပုသိမ်​မြို့ မရမ်​​ချောင်းတွင်​ ​အောင်​တိုဘာလ ၂၂ရက်​​နေ့မှ ၂၇ ရက်​ထိ ECC အဖွဲ့မှ ကြီးမှူးကာ ၆ ရက်​တာ သင်​တန်းကို ​အောင်​မြင်​စွာ ကျင်း ပခဲ့ပါသည်​။
    ဤသင်​တန်းကို မြန်​မာနိုင်​ငံလုံးဆိုင်​ရာ သာသနာအသီးသီးမှ ဘုန်း​တော်​ကြီးများ အပါး ၄၀ တက်​​ရောက်​ခဲ့ပါသည်​။ ဤ သင်​တန်း တက်​​ရောက်​ခြင်းဖြင့်​ ရဟန်း​တော်​များသည်​  မိမိတို့၏ ရဟန်းဘဝကို ပြန်​လည်​ဆန်းသစ်​ မွမ်းမံပြီး ဘုရားသခင်​နှင့်​အတူ ​လျှောက်​လှမ်း ရမည်​ဖြစ်​သည်​။ ရဟန်းများသည်​ မိမိတို့၏ ငယ်​စဉ်​က​လေးဘဝမှ ယခုချိန်​ထိ မိမိတို့၏ ကြီးပြင်း လာရသည့်​ ပတ်​ဝန်​ကျင်​၊ မိသားစုကို ပြန်​လည်​ဆန်းစစ်​ခဲ့ကြပြီး ​ရှေ့ဆက်​အသက်​တာတွင်​ ဘုရားသခင်​ ရဲ့အလို​တော်​အတိုင်း ​လျှောက်​လှမ်းရမည်​ဖြစ်​သည်​။
    ဤသင်​တန်းတွင်​ ECC အဖွဲ့မှ Bishop Stephen Tje Phe, Bishop John Saw Yaw Han, Bishop John Mahn Hsane Hgyi,Fr. Simon Tin Mg, Fr. Henry, Fr. Cyprian Ag Win, Fr. Vinny Joseph, Fr. Victor Mg Thit, Sr Ida, Sr. Ada တို့မှ အသီးသီး ​ဝေငှခဲ့ကြပါသည်​။  သင်​တန်း၏ ​နောက်​ဆုံး ​နေ့တွင်​ ​ချောင်းသာသို့ ​အပန်းဖြေ ခရီးစဉ်​ ထွက်​ခဲ့ကြပါသည်​။
Pathein OSC


2018-11-12 03:40:36
NEWS AND EVENTS