Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘေရွတ်ပေါက်ကွဲမှုကြီးအပြီး၌ အကူအညီပေးရန်သာသနာအနေနှင့်

ကြီးလေးသော တာဝန်ရှိလာကြောင်း လက်ဘနွန်နိုင်ငံသား ကာဒီနယ်က ပြောကြားခြင်း       

*****************************************

 

“မြို့ဆိပ်ကမ်းကအကြောင်းရင်းသေချာမသိရတဲ့ ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ် ကတော့ ဝမ်းနည်းစရာ ပျက်စီးနေတဲ့မြို့ဖြစ်သွားပြီ။ စစ်မဖြစ်ဘဲနဲ့ စစ်မြေပြင်သဖွယ် မြင်တွေ့နေရပါတယ်” ဟု ဘေရွတ်မြို့သား ကာဒီနယ် Bechara Boutros Rai ကပြောဆိုရင်း နဂိုလ်ကပင် စီးပွါးရေးအခက်အခဲကြုံနေသော လက်ဘနွန်အတွက် နိုင်ငံတကာကရုဏာရေးအဖွဲ့အစည်းများမှ ပါဝင်ကူညီကြပါရန် အထူးသဖြင့် ကုလသမ္မဂ္ဂသို့ တောင်းခံလိုက်သည်။

“ကက်သလစ်အသင်းတော်အနေနဲ့ ကူညီကယ်ဆယ်ရေးချိတ်ဆက်ဆောင်ရွက်မှု တွေ ကို လက်ဘနွန်နယ်တစ်ခွင်လုံး အရင်ကတည်းက လုပ်နေတာပါ။ ဒီနေ့တော့ မနိုင်မနင်းကြီးလေးတဲ့တာဝန်အသစ်ရလာပါပြီ”ဟုလည်း ကာဒီနယ်ကပြောဆိုရင်း ဤထိတ်လန့်ဖွယ်ဖြစ်ရပ်ကြောင့် ကြောက်ရွံ့တုန်လှုပ်နေသူများ၊သေဆုံးရသူတို့၏ ဝမ်းနည်းကြေကွဲနေသောမိသားစုများ၊ထိခိုက်ဒဏ်ရာရသူများ၊‌ဘေးလွတ်ရာတွင်ခိုလှုံ နေသူများအားလုံးနှင့် အတူတကွခံစားလျက်ရှိနေပါကြောင်း၊ ကူညီစောင့်ရှောက် ပေးရန်အဆင်သင့်ရှိပါကြောင်းအားပေးပြောကြားခဲ့သည်။

ယခုအခြေအနေအတွက် ကက်သလစ်ဘာသာတူများကိုဆုတောင်းပေးကြပါရန် တောင်းခံခဲ့သည်နှင့် ဘာသာတူအမြားအပြားသည် ထိုနိုင်ငံသားများကိုးစားသော ရဟန္တာ Charbel Makhlouf ၏ကြားဝင်ဆုတောင်းပေးမှုကိုလည်း တောင်းခံခဲ့ကြ သည်။ ထိုရဟန္တာသည် ၁၈၂၈-၁၈၉၈-ခုနှစ်ကြားရှိခဲ့သည့် ကက်သလစ်ရသေ့တစ်ပါး ဖြစ်ကာ လက်ဘနွန်နိုင်ငံတွင်တည်ထားသော သူ၏သင်္ချိုင်းဂူ၌ ဆုတောင်းသူ ခရစ်ယာန်နှင့်မူဆလင် တို့သည် ဆုတောင်းပြည့်ခဲ့ ကြသည့်သာဓကများရှိသည်။

အရှေ့အလယ်ပိုင်းဒေသခရစ်ယာန် TV အစီအစဉ်ဖြစ်သည့် Noursat မှလည်း အခင်းဖြစ်ပွါးသည့်နေရာကိုထုတ်လွှင့်ပြသရင်း ထိုပေါက်ကွဲမှုကြောင့်ထိုခိုက်ခံစား နေ ရသူအားလုံးကိုစာနာသတိရ၊ဆုတောင်းပေးလျက်ရှိပါကြောင်းနှင့်၊ မိမိတို့ချစ်မြတ်နိုး သောလက်ဘနွန်နိုင်ငံအတွက်၎င်း၊ ဤTV အစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့် နိုင်ပြီး မိမိတို့၏ယုံကြည်ခြင်း၊ ရဟန်းမင်းကြီးနှင့်အသင်းတော်ဆိုင်ရာသတင်း၊ ဘုရား ရှင်၏နှုတ်ကပတ်တော်သတင်းကောင်းတို့ကို ဖြန့်ချိသွားနိုင်ရန်အတွက်၎င်း အထူး ဆုတောင်းကြပါရန်တောင်းခံကြောင်း ထုတ်လွှင့်ပြောကြားခဲ့သည်။

မူရင်း-https://www.thecatholictelegraph.com/lebanese-cardinal-the-church-has-a-great-duty-after-beirut-explosion/68341

ဘာသာပြန် OSC-CBCM (Myanmar)


2020-08-09 22:04:00
NEWS AND EVENTS