Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကိုဗစ်ကပ်ရောဂါအတွက် ရှေ့တန်းမှပါဝင်သော ကက်သလစ်သီလရှင်များအား အမေရိကန်နှင့်ဗြိတိန်သံအမတ်များမှ ဂုဏ်ပြုလွှာကို

ရဟန်းမင်းကြီးထံသို့ပေးပို့ခြင်း

*******************

ကက်သလစ်သီလရှင်များသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွါးနေစဉ်အတွင်း ရှေ့တန်းမှ ပါဝင်လုပ်ဆောင်နေကြသည်ကို လေးစားဂုဏ်ပြုကြောင်း အမေရိကန်နှင့်ဗြိတိန် သံအမတ်များမှ ရဟန်းမင်းကြီးဖရန်စစ်ရုံးတော်သို့ စာတမ်းတစ်စောင် ကို ဇွန်လ ၂၃-ရက်နေ့က ရေးသားပေးပို့လျက်အသိအမှတ်ပြုခဲ့ကြသည်။

သီလရှင်များကိုအခမ်းအနားဖြင့်လည်းဂုဏ်ပြုခဲ့ရာ လူစုဝေးရာတွင်ကျင့်သုံးရမည့် ကိုဗစ်စည်းမျဉ်းလမ်းညွှန်ချက်အတိုင်း လိုက်နာကြလျက် သက်ဆိုင်ရာသံအမတ်များ နှင့်ကက်သလစ်သီလရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိုဂုဏ်ပြုအခမ်းအနားကို ရောမမြို့ရှိ “ကမ္ဘာလုံးဆိုင်ရာ သီလရှင်ဂိုဏ်းပေါင်းစုံ၏အကြီးအကဲများ အစည်းအရုံး ဌါနချုပ်” (International Union of Superiors General (UISG))တွင်ပြုလုပ်ခဲ့ကာ အခမ်းအနားကို အွန်လိုင်း ရုပ်သံ (Zoom)ဖြင့်လည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

 ဗြိတိန်သံအမတ်ကြီး Sally Axworthy က “ကျွန်မ ဒီရောမမှာ သံအမတ် တာဝန်စထမ်းဆောင်တဲ့ လွန်ခဲ့သော ၄-နှစ် လောက် ကတည်းကစပြီး ကမ္ဘာ တစ်ဝန်းမှာရှိနေကြတဲ့ ကက်သလစ်သီလရှင်တွေရဲ့ လူသားတွေအတွက် လုပ်ဆောင် ပေးနေတာတွေက အတော်ကိုကြီးမားထိရောက်တယ်ဆိုတာ သတိထားမိခဲ့ပါတယ်” ဟု ထုတ်ဖော်ရင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကက်သလစ်သီလရှင်များ၏ ကပ်ရောဂါ အတွက်စွမ်းစွမ်းတမံပါဝင်မှုများသည်တန်ဖိုးမဖြတ်နိုင်သောပေးဆပ်မှုများဖြစ်ကြောင်း  နှုတ်အားဖြင့်လည်းအထပ်ထပ်ပြောဆိုချီးမွမ်းခဲ့သည်။

မူရင်း- https://zenit.org/2020/07/29/feature-women-religious-on-frontlines-of-covid19-pandemic-honored-by-american-british-ambassadors-to-the-holy-see/?utm_medium=email&utm_campaign=FEATURE%20Women%20Religious%20on%20Frontlines%20of%20COVID19%20Pandemic%20Honored%201596038501%20ZNP&utm_content=FEATURE%20Women%20Religious%20on%20Frontlines%20of%20COVID19%20Pandemic%20Honored%201596038501%20ZNP%20CID_cc6639e084281a64d2f5f248c1b00d3c&utm_source=Editions&utm_term=FEATURE%20Women%20Religious%20on%20Frontlines%20of%20COVID19%20Pandemic%20Honored%20by%20American%20%20British%20Ambassadors%20to%20the%20Holy%20See&fbclid=IwAR0EgvTDAdi4RDjNMjZ0dU5qOApLQ2S_wvFqFbmWmpQ4CGqsa6RnWaFzmwY

ဘာသာပြန် OSC-CBCM (Myanmar)

 

 

 

 

 

 

 

 

 

 

 

 

 

 

 


2020-08-06 20:39:01
NEWS AND EVENTS