Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဝမ်းနည်းထိတ်လန့်ဖွယ် ဘေရွတ် (Beirut)

ပေါက်ကွဲမှု ဒဏ်ခံစားနေရသူများအတွက်

ရဟန်းမင်းကြီးဖရန်စစ်ဆုတောင်းပေးခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့က လက်ဘနွန်(Lebanon)နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမြို့တွင်ဖြစ်ပွါးခဲ့သည့် ဝမ်းနည်းတုန်လှုပ်ဖွယ် ပြင်းထန်သော ပေါက်ကွဲမှုကြီး ကြောင့် လူ ၁၀၀-ကျော်အသက်ဆုံးရှုံးခဲ့ရပြီး၊ ဆေးရုံတွင် ဒဏ်ရာရသူများထောင်နှင့် ချီကာပြည့်နှက်သွားခဲ့၍ မြို့ကိုလည်းကြီးမားစွာပျက်စီးစေခဲ့သည့်အပေါ် ဆုတောင်းပေး ကြရန်ဗုဒ္ဓဟူးနေ့ကအွန်လိုင်းရုပ်သံမှလူထုပရိသတ်အား တောင်းခံခဲ့သည်။
“လက်ဘနွန်တွင်ဖြစ်သွားတဲ့ ပြင်းထန် လှသောပေါက်ကွဲမှုကြီးကြောင့်ထိခိုက်ခံစားနေကြတဲ့ မိသားစုတွေအတွက် ဆုတောင်း ပေးကြရအောင်။ ဒီဖြစ်ရပ်ဟာ နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေးနဲ့ ဘာသာရေး အားလုံးကို ထိခိုက်စေတာဖြစ်လို့ နိုင်ငံပြည်သူများဟာပြင်းပြင်းထန်ထန် ဆုံးရှုံးခံစား နေကြရမှာ ဖြစ်တယ်။ နိုင်ငံတကာအသိုင်းအဝန်းရဲ့အကူအညီများအားဖြင့်လည်းပြန်လည် ထူထောင် ကုစားသွားနိုင်ကြပါစေ”ဟုပြောကြားသွားသည်။
ပေါက်ကွဲမှုသည် အမိုင်နိုနီယမ် နိုက်ထြိတ်ဓါတု တန်ချိန် ၂၇၀၀ ခန့်ကို၊ ၂၀၁၄-ခုနှစ် ကတည်းက သိုလှောင်ထားသည့် သင်္ဘောကျင်း ဆောက်အဦးတစ်ခုမှ အစပြု ခဲ့ကြောင်း တရားဝင်ဖော်ပြထားသည်။
ယခုဖြစ်ရပ်ဖြစ်ပွါးသည့် နေရာသည် လူနေထူထပ်သော ဘေရွတ်အရှေ့ပိုင်းဖြစ်ကာ ခရစ်ယာန်အများစု နေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ထိခိုက်မှုပိုမိုပြင်းထန်သော အပိုင်း လည်းဖြစ်နေသည်။
လက်ဘနွန်သားကက်သလစ်ဘုန်းတော်ကြီးဖြစ်သူ Keserwan မြို့မှ Fr. Miled el-Skayyem မှ တစ်ကမ္ဘာလုံးအားဆုတောင်းပေးကြပါရန်တောင်းခံရင်း “လက်ဘနွန် နိုင်ငံ နဲ့ နိုင်ငံသားများတို့ သင်တို့စိတ်အားမလျှော့ကြပါနဲ့။ သင်တို့ဟာ ဒီဒုက္ခကြီး အလယ် ကနေရုန်းထွက် ကျော်ဖြတ်နိုင်ကြမယ့်သူတွေလို့စိတ်ချယုံကြည်ပါတယ်။ ဘုရား သခင်ရဲ့ ကာကွယ် စောင့်ရှောက်ကူညီမှုရရှိဖို့ဆက်လက်ဆုတောင်းကြပါစို့။ ကမ္ဘာကြီး ကလည်း သင်တို့ အတွက်ဆုတောင်းပေးနေကြပါတယ်” ဟု ကလည်းပြောကြားခဲ့သည်။
ဘာသာပြန် OSC-CBCM (Myanmar)

2020-08-05 20:07:15
NEWS AND EVENTS