Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

စိတ်ကျန်းမာရေးကိုအလေးထားရမည့်အချိန် ဖြစ်နေပြီ

*************************

ကိုရိုနာကပ်ရောဂါကြီးကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများမြင့်တက် လာနေပြီ ဖြစ်ရာ စိတ်ကျန်းမာရေးပိုင်းကိုလည်း ဦးစားပေးရမည့်အချိန်ဖြစ်ကြောင်း Camillian အသင်းဂိုဏ်းဝင်ဘုန်းတော်ကြီး Fr. Dan Cancino မှ အလေးအနက် ထောက်ပြ ပြောဆိုလိုက်သည်။
ကိုယ်တိုင်လည်း လူထုကျန်းမာရေးနှင့် ကူးစက်ရောဂါ ဆိုင်ရာအထူးကု ဆရာဝန် တစ်ဦးဖြစ်သည့်အပြင် ကက်သလစ်သာသနာ ကျန်းမာရေးကော်မစ်ရှင်၏ အမှုဆောင် အတွင်းရေးမှူးဖြစ်သော Fr. Dan Cancino က ဤကပ်ရောဂါသည် လူတို့၏ ကာယကျန်းမာရေးသာမက စိတ်ကျန်းမာရေး ကိုလည်း တိုက်ခိုက်နေပြီဟုဆိုသည်။
လွန်ခဲ့သော လများအတွင်း ကိုဗစ်ရောဂါကြောင့် စောင့်ကြည့်ဆောင် ဝင်ကြရသော သူများ၊ အထူးသဖြင့် လူငယ်များတွင် စိတ်ထိခိုက်သည့်ဝေဒနာရသွားကြကိုတွေ့ရှိခဲ့ သည်။
“ဒီအချိန်ဟာ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိစ္စကိုအရေးတကြီးထားပြီး အာရုံ စိုက်ဖို့၊ လုပ်ပေးဖို့ ထိပ်တန်းလိုအပ်တဲ့ကာလပါ။ စိတ်ကျန်းမာရေးဆိုတာ လူမှု ဆိုင်ရာရှုထောင့်တိုင်းအတွက်အရေးကြီးတန်ဖိုးရှိတဲ့အရာဖြစ်တယ်ဆိုတာကို လူတွေ ပိုပိုပြီးသိမြင်သတိထားလက်ခံမိလာကြဖို့လုပ်ဆောင်သွားကြရအောင်” ဟု ကျောင်းဆရာ/ဆရာမများ၊ ကျောင်းအုပ်များဆိုင်ရာ အွန်လိုင်းရုပ်သံမှ ပြောကြား ခဲ့သည်။
“AKAP Guro: CONNECTed” ဟု အမည်ပေးထားသော အွန်လိုင်းရုပ်သံမှတစ်ဆင့် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီပေးရန် Unilab Inc မှ ပထမဆုံး ဖွဲ့စည်းဖွင့်လှစ်လိုက်ကာ လာမည့် စာသင်နှစ်အတွက်ပြင်ဆင်ထားပြီဖြစ်သည်။
“လူတွေရဲ့စိတ်ကျန်းမာရေးဆောင်ရွက်ပေးမှုအပိုင်းကို အလေးမထားဘဲ၊ လျစ်လျူရှု ခဲ့ကြတာ နှစ်ပေါင်းတော်တော်များခဲ့ပါပြီ။ ဒါကြောင့်အခု ကိုဗစ်ကပ်ရောဂါက လူ့အဖွဲ့အစည်းကြီးကို အတိုးချပြီးစိတ်ဒဏ်ရာတွေနဲ့ပိအောင်လုပ်နိုင်တာပဲ။ ပိုပြီး ထိခိုက်ခံစားရသူတွေကတော့ ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူတွေရဲ့ ကြေကွဲ နေတဲ့ မိသားစုဝင်များ၊ ကိုဗစ်လူနာတွေကိုရှေ့တန်းကပြုစုနေရတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုနဲ့ လူငယ်တွေပါ။ လောလောဆယ်ကိုလိုအပ်နေတာ ကတော့ တစ်ဦးကိုတစ်ဦးဂရုစိုက်စဉ်းစားပေးကြပြီး ဒီစိတ်ကျန်းမာရေးကဏ္ဌကို ထုတ်ပြန်ကြေညာပြီးဆောင်ရွက်သွားကြတဲ့အထိအင်တိုက်အားတိုက်လုပ်ဖို့ဖြစ်ပါ တယ်” ဟုလည်း ဆရာဝန်ဘုန်းတော်ကြီးဆိုသည်။
အသင်းတော်အတွင်းမူကား သာသနာအလိုက် စိတ်ကျန်းမာရေးကူညီမှုဆိုင်ရာ အစီအစဉ်များကို ထောက်ခံအားပေးနေပြီဖြစ်သည့်အပြင် စာသင်ကျောင်းများအတွက် ဤအစီအစဉ်ကို ဘက်စုံပိုမို ကျယ်ပြန့်စွာ တိုးချဲ့လုပ်ဆောင်နေကြောင်းလည်း ပြောဆို ရင်း လူထု၏စိတ်ကျန်းမာရေး မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက် သွားမှု၊ ကူညီဖေးမမှု များတွင်အများကပါဝင်၍ အဖွဲ့အစုဖြင့် စုပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်းလည်း အကြံပြုပြောဆိုလိုက်သည်။
ဘာသာပြန် OSC-CBCM (Myanmar)
Photo: Camillian Father Dan Cancino, Executive Secretary of the CBCP Episcopal Commission on Health Care. PHOTO FROM FR. CANCINO’S FB ACCOUNT

2020-08-04 03:04:35
NEWS AND EVENTS