Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
ပုပ်ဘေနဒစ်၏ကျန်းမာရေး အားလျော့နည်းလာခြင်း
-----------------------------
သက်တော် ၉၃ နှစ်ရှိပြီဖြစ်သော ပုပ်ဘေနဒစ်(၁၆) သည် ဂျာမနီနိုင်ငံမှ ပြန်လာပြီးကတည်းက ကျန်းမာရေး အခြေနေကျဆင်းလျက်ရှိကြောင်း သူ၏ အတ္ထုပတ္တိရေးသူ Peter Seewald ၏ ပြောပြချက်ကို ကိုကားလျက် ဂျာမန်သတင်းစာ Passauer Neue Presse (PNP) က သြဂုတ်လ ၃ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
Seewald က သူသည် ပုပ်ဘေနဒစ်၏အတ္ထုပတ္တိစာအုပ်အား ပုပ်ဘေနဒစ်ထံ ဆက်သရန် ဗာတီကန်ရှိ Mater Ecclesia ကျောင်း​ဆောင်၌ သြဂုတ်လ ၁ ရက်နေ့က ပုပ်နှင့်တွေ့ဆုံခဲ့ကြောင်း၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါကလည်း စာဆက်ရေးရန်သူ့၌ ဆန္ဒရှိသေးကြောင်း၊ သူ၏အသံမှာလည်း ကြားနိုင်ရန်ခက်ခဲလျက်ရှိကြောင်း၊ ပျံလွန်သွားပါကလည်း စိန့်ပီတာဘာစီလီကာအောက်ရှိ စိန့်ဂျွန်ပေါလ် (St. John Paul II) အား သဂြိုလ်ခဲ့သောနေရာဟောင်းတွင် သဂြ်ိုလ်စေရန် ဆန္ဒရှိကြောင်း (စိန့်ဂျွန်ပေါလ် အုတ်ဂူမှာ ၂၀၁၄ ရဟန္တာတင်မြှောက်စဥ်က ပြောင်းရွှေ့ထား)၊ စိန့်ဂျွန်ပေါလ်ကဲ့သို့ပင် ပျံလွန်တော်မူပြီးမှထုတ်ဝေမည့် ဝိညာဥ်ရေးဆိုင်ရာစာအုပ်တစ်အုပ်လည်းရေးသားပြီးပြီဖြစ်ကြောင်း PNPသို့ပြောကြားခဲ့ပါသည်။

2020-08-04 04:14:13
NEWS AND EVENTS