Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

Louisiana ပြည်နယ်၏ ကက်သလစ်ဘာသာဝင် အုပ်ချုပ်ရေးမှူးမှ

ကိုရိုနာကပ်ကြီးအတွက် အစာရှောင်ဆုတောင်းကြရန်ဖိတ်ခေါ်လိုက်ခြင်း ******************************************************

ကက်သလစ်ဘာသဝင်တစ်ဦးဖြစ်တဲ့ Louisiana ပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူး John Bel Edwards ဟာကိုရိုနာကပ်ရောဂါကူးစက်ခံရသူများအတွက်နဲ့ဒီကပ်ရောဂါ အမြန်ချုပ်ငြိမ်း သွားစေဖို့ ရည်ရွယ်ချက်ပြီးသူကိုယ်တိုင် ၃-ရက်တာနေ့လည်မစားဘဲ အစာရှောင် ဆုတောင်းမှုပြုသွားမှာဖြစ်ပြီး လူမျိုးဘာသာခွဲခြားမနေဘဲ ဒီအစီအစဉ်မှာ ပါဝင်ကြဖို့ ပြည်သူလူထုကိုလည်း ဖိတ်ခေါ်နှိုးဆော်လိုက်ပါတယ်။
New Orleans ဂိုဏ်းချုပ် ဆရာတော်ကြီး Gregory Aymond ကလည်း ဒီပြည်နယ် တစ်ခုလုံးက ကက်သလစ် ဘာသာဝင်များကတော့ အားတက်သရောပါဝင်ကြလိမ့်မယ်လို့ သူမျှော်လင့်ကြောင်းပြောဆိုခဲ့တဲ့အပြင် အစာရှောင်တယ်ဆိုတာ ဘုရားသခင်ရဲ့ကာကွယ် စောင့်ရှောက်မှုအတွက် ကျွန်ုပ်တို့စားမယ့်အစာ ထက်ပိုပြီး ဆာလောင်တမ်းတပါတယ်။ ကျွန်ုပ်တို့ရဲ့လုံခြုံမှုဆာငတ်ခြင်းကိုကြည့်ရှုကူညီ တော်မူပါလို့ အော်ဟစ်ဆုတောင်းခြင်းပဲ ဖြစ်တယ် လို့လည်းရှင်းပြခဲ့ပါတယ်။
ပြည်နယ်မှူးကြီး John Bel Edwards က ဒါဟာလုပ်ရိုးလုပ်စဉ်မဟုတ်ပေမယ့် ပြည်နယ်အတွက် အကျိုးသက်ရောက်မှုရှိမယ်လို့ ယုံကြည်ပြီး လုပ်ဆောင်သွားမယ့် ကိုရိုနာကပ်ရောဂါကူးစက်မှုတားဆီးဖို့ကြိုးပမ်းချက်တစ်ခုဖြစ်တယ်လို့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး အစိုးရရဲ့တန်ပြန်ဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ကျွန်ုပ်တို့ပြည်နယ်ရဲ့ ကောင်းကျိူးအတွက် အားလုံးအစာရှောင်ဖို့ ဇူလိုင် ၂၀ ကနေ ၂၂ ရက်အထိ ၃-ရက်သတ်မှတ်လိုက်ပေးလိုက်တယ်။ ဆုတောင်းခြင်းနဲ့အစာရှောင်ခြင်းဟာ ဝိညာဉ်ရေး အားကောင်းသန့်စင်စေမယ့် အလွန်အရေးကြီးတဲ့ ကျင့်စဉ်ဖြစ်တယ်လို့ ကက်သလစ်တွေကတော့ယုံကြည်မှုရှိကြပါတယ်။
ကပ်ရောဂါကြီးကိုတားဆီးကာကွယ်ရာမှာ ဝိညာဉ်ရေးနည်းလမ်းတွေလည်းအသုံးပြုဖို့ ပြည်နယ်တစ်ခုလုံးက ဘာသာရေးခေါင်းဆောင်တွေဆီကနေ အကြံပြုတောင်းဆိုထားကြ တာတွေ ရှိပါတယ်။
ကျွန်ုပ်ကိုယ်တိုင် တနင်္လာနေ့ကနေဗုဒ္ဓဟူးနေ့အထိ ၃-ရက် နေ့လည်စာမစားဘဲ ဆုတောင်းသွားမယ်၊ Louisiana ပြည်သူတွေအတွက်ဆုတောင်းပေးမယ်။ အထူးသဖြင့် ဖျားနာနေသူတွေနဲ့ သူတို့ကိုကြည့်ရှုပြုစု နေသူတွေ၊ ကပ်ရောဂါကြောင့်သေဆုံးသွား သူတွေနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေ အတွက်ဆုတောင်းပေးမှာပါ။
ပြည်သူများကိုဖိတ်ခေါ်ချင်တယ်။ ကျွန်ုပ်နဲ့ ကျွန်ုပ်ရဲ့အိမ်သားများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့အတူ သင်တို့ရဲ့ကိုးကွယ်ရာဘာသာ၊ဂိုဏ်းကဏခွဲခြားမနေဘဲ ဒီအစာ ရှောင်ဆုတောင်းရာမှာပါဝင်လိုစိတ်ရှိရင် အတူပါဝင်ကြပါ” လို့ကြေညာနှိုးဆော်ခဲ့ပါတယ်။
ပြည်နယ်မှူး John Bel Edwards ဟာ ပြီးခဲ့မတ်လ ၂၄-ရက် တုန်းကလည်း ကိုရိုနာကူးစက်ခံရ သူတွေအတွက် အစာရှောင်ဆုတောင်းပေးကြဖို့ ပြည်နယ်တစ်ခုလုံးကို နှိုးဆော်ဖိတ်ခေါ်ခဲ့ပါသေးတယ်။
မတ်လ ၁၉-ရက်တုန်းက ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဧပြီလလောက်မှာ ပြန်ကျန်းမာလာခဲ့သူ ဖြစ်တဲ့ဂိုဏ်းချုပ်ဆရာတော်ကြီး Gregory Aymond ကလည်း အခုအစာရှောင် ဆုတောင်းခြင်းဟာ ရောဂါပိုးကြောင့်သေဆုံးသွားသူတွေအတွက်၊ ရောဂါကူးစက်ခံရ သူများပြန်ကျန်းမာလာဖို့အတွက်၊ ပြုစုကုသနေသူတွေ၊ရှေ့တန်းက ကျန်းမာရေး ဝန်ထမ်း တွေအတွက်နဲ့ ကျွန်ုပ်တို့တစ်ဦးစီအတွက်ရော၊ ကမ္ဘာကြီးတစ်ခုလုံးအတွက် အစာရှောင် ဆုတောင်းသွားမယ့် ဒီအစီအစဉ်ကို ထောက်ခံကြောင်းနဲ့စိတ်နှလုံးကောင်းရှိသူတိုင်း ပါဝင်ကြဖို့လည်း အားပေးကြောင်း စာရေးသားပေးပို့ခဲ့တဲ့အပြင် ပြည်နယ်လူထုကို လူချင်းခွါနေထိုင်ဖို့၊ နှာခေါင်းစီးတပ်ဖို့အပါအဝင်တခြားကန့်သတ်ထားတဲ့ ညွှန်ကြားချက် များလိုက်နာနေထိုင်ကြဖို့ ထပ်လောင်းသတိပေးရင်း ဘုရားသခင်ကကျွန်ုပ်တို့ ဆုတောင်းသံကို နားညောင်းပြီး ကာကွယ်စောင့်ရှောက်မှာအမှန်ဖြစ်ကြောင်း ဒါပေမယ့် ကျွန်ုပ်တို့ဖက်မှလည်း ပါဝင်ပူးပေါင်းလုပ်ဆောင်တဲ့အနေနဲ့လက်တွေ့လိုက်နာစရာတွေကို လိုက်နာကြရမှာဖြစ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။
ဘာသာပြန် OSC-CBCM (Myanmar)

2020-07-20 20:42:34
NEWS AND EVENTS