Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

New York တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသည့် ရွှေ့ပြောင်းနေထိုင်သူတို့၏ အရိုးပြာများကို ကောင်းချီးပေးပြီး နေရင်းတိုင်းပြည်ပြန်ပို့ဆောင်ပေးခြင်း                             ****************************************************

Top of FormBottom of Form

မေရိကန်နိုင်ငံ New York မြို့တွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသော မက္ကဆီကိုလူမျိုး ၂၂၀ တို့၏အရိုးပြာများကို New York ၏ ဂိုဏ်းချုပ်ဆရာတော်ကြီး ဖြစ်သူ ကာဒီနယ် Timothy Dolan မှ ကောင်းချီးပေးပြီးနောက် သူတို့၏နေရင်း တိုင်းပြည် သို့ပြန်လည်ပို့ဆောင်ရန်ကူညီစီစဉ်ပေးခဲ့သည်။

အမေရိကန်နိုင်ငံတွင် မိသားစုဆွေမျိုးမရှိသော ထိုသေဆုံးသူများ၏ အရိုးပြာ ကောင်းချီးပေး ဆုတောင်းခြင်းကို  New York မြို့တော်ရှိ  Saint Patrick ကာသီဒြယ် ဘုရားကျောင်းတွင် ထိုသာသနာမှဘာသာတူအနည်းငယ်နှင့်ပြုလုပ်ခဲ့သည်။

မက္ကဆီကို၏ကောင်စစ်ဝန် Jorge Islas Lopez သည်လည်း ၎င်းဆုတောင်းခြင်း အစီအစဉ်တွင်ပါဝင်တက် ရောက်ခဲ့ကာအရိုးပြာများကိုမိသားစုဝင်များထံပြန်လည် အပ်နှံနိုင်ရန်မက္ကဆီကိုနိုင်ငံသို့  သူကိုယ်တိုင်ဦးစီး၍ သယ်ဆောင်သွားမည်ဖြစ်သည်။

“သေဆုံးသူအများပိုင်းက တစ်ယောက်ထဲ အထီးကျန်စွာသေဆုံးသွားကြတာပါ။ ဒီမှာ သူတို့မိသားစုမရှိဘူးလေ။ အခုသူတို့ရဲ့အရိုးပြာတွေကိုတော့လေးစားသမှုနဲ့ဂုဏ်သိက္ခာ ရှိရှိ၊ မိသားစုအသိုင်းအဝိုင်းနဲ့ ကောင်းကောင်းမွန်မွန်သင်္ဂြိုလ် ပေးနိုင်ဖို့စီစဉ်သွားမှာပါ” ဟု ကောင်စစ်ဝန် Jorge Islas Lopez ကဆိုသည်။

ကာဒီနယ် Timothy Dolan မှလည်း “သူတို့အတွက် ကျွန်ုပ်နှစ်သိမ့်ခြင်းနဲ့ ဆုတောင်း ပေးလိုက်ပါတယ်။ ဒီလူတွေဟာ ကျွန်ုပ်တို့ရဲ့ မိသားစုကြီးထဲမှာ ပါဝင်သူတွေပါ။ သူတို့တတွေ မက္ကဆီကို ပြန်ရောက်သွားရင်လည်း ဒီကလူတွေကို ဘယ်တော့မှမေ့သွားမှာ မဟုတ်ပါဘူး။ သူတို့က ဒီနိုင်ငံနဲ့ဒီကလူတွေကို သိပ်ချစ်ခင် ကြတဲ့သူတွေပါ။ ကျန်ရစ်တဲ့မိသားစုတွေကလည်း ဝမ်းနည်းကြေကွဲကြရမှာအမှန်ပါပဲ သူတို့ချစ်တဲ့ ဒီလူတွေသေဆုံးချိန် အနားမှာမရှိနိုင်ခဲ့ကြဘူးလေ။ ဒါပေမယ့် အခုလို သူတို့ကို ဒီလိုကာသီဒြယ်ဘုရားကျောင်းထဲမှာ ဆုတောင်းပေးပြီး ဘုရားရှင်ရဲ့ ကောင်းချီးခံယူကြရတာဟာ မက္ကဆီကိုနိုင်ငံသို့သာမကဘဲ ကောင်းကင်အိမ်တော် သို့တိုင်ပို့ဆောင်ပေးနိုင်တာကိုယုံကြည်မျှော်လင့်ရင်း၊နှစ်သိမ့်မှုရရှိကြလျက် မက္ကဆီကို ရဲ့ Guadalupe မယ်တော် သခင်မထံမှာလည်းကြားဝင်ဆုတောင်း ပေးဖို့တောင်းခံကြ ပါစို့” ဟု ကောင်းချီးပေးသည့်အချိန်တွင် ပြောကြားသွားသည်။

မူရင်း-https://www.catholicnewsagency.com/news/cardinal-dolan-blesses-the-remains-of-immigrants-who-died-from-coronavirus-59282?fbclid=IwAR1upjKWJINMxRbj3h2Vap38tI7jaB28PMC7PXS0NqTizc8z6hG5NmH3dNM

ဘာသာပြန် OSC-CBCM (Myanmar)

 


2020-07-17 19:25:42
NEWS AND EVENTS