Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်သတင်းသမားများသည်စည်းလုံးရေးကိုတည်ဆောက်နိုင်ရမည် ဖြစ်ကြောင်း ဗာတီကန်ဆက်သွယ်ရေးအကြီးအကဲမှတိုက်တွန်းပြောကြားခြင်း

ဗာတီကန်ဆက်သွယ်ရေးသတင်းဌါန၏အကြီးအကဲဖြစ်သူ Paolo Ruffini မှ ကက်သလစ် သတင်းသမားများအား ကက်သလစ်မီဒီယာအနေဖြင့် အသင်းတော်ကြီး အတွင်းသော်လည်းကောင်း၊ အထူးသဖြင့်တစ်ကမ္ဘာလုံးကိုရိုနာကပ်ဘေးကြုံနေချိန် များအတွင်း တစ်ဦးချင်းဖြစ်စေ၊အဖွဲ့ အစည်းချင်းဖြစ်စေ၊ နိုင်ငံလိုက်ဖြစ်စေ စည်းလုံး ညီညွတ်မှုရှိစေရေးမြှင့်တင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။
“ကက်သလစ်သတင်းဆက်သွယ်ရေးဌါနဟာ အသင်းတော်ရဲ့ဖြစ်ပျက်နေတဲ့ သတင်း တွေ တင်ပြ၊ ဖလှယ်ရုံ ပဲမဟုတ်ရပါဘူး၊ စည်းလုံးညီညွတ်မှုတည်ဆောက်လာစေဖို့ တွန်းအားပေးနိုင်ရပါမယ်။ ကက်သလစ်ဆိုတာ ခန္ဓာတစ်ခုတည်းအဖြစ်စည်းလုံးမှုရှိကြ တာပါ။ကက်သလစ်ဆက်သွယ်ရေးမီဒီယာရဲ့တင်ဆက်မှုတွေဟာလည်းတခြားသတင်း မီဒီယာများနဲ့ကွာခြားရမယ်၊ လူသားကယ်တင်ခြင်းရကြစေမယ့်အကြောင်းအရာ တွေကို ဖြန့်ဝေဖို့အာရုံစိုက်ကြရမယ်၊ တစ်ချိန်ထဲမှာပဲ ကက်သလစ် အနှစ်သာရ ဖြစ်တဲ့ တစ်လုံးတဝတည်းဖြစ်ခြင်းဆိုတာကိုလည်း အသက်ဝင်အောင်လုပ်ဆောင်ကြရမယ့် ဝတ္တရားရှိကြပါတယ်။ လူတွေ၊အဖြစ်အပျက်တွေ၊အမှတ်ရစရာတွေကိုမှန်ကန်စွာမှတ်တမ်းတင်ချိတ်ဆက်ပေး ဖို့က ဆက်သွယ်ရေးသမားတွေရဲ့တာဝန်ပဲ။
နှုတ်ကပတ်တော်ကိုလည်း သက်သေခံဖော်ပြကြပါ၊ ပဋိပက္ခတွေကိုကျော်လွှားနိုင်စေ မယ့် ပေါင်းကူးတံတား တွေဆောက်တည်ကြပါ။
လက်ရှိကပ်ရောဂါကြောင့် လူတွေဟာ သီးခြားနေထိုင်မှုအတွေ့အကြုံရနေကြပြီ၊ ဘုရားကျောင်းတွေတောင်မှ တစ်ယောက်ချင်း တစ်သီးတခြားရှိကြရတဲ့ စနစ်ကြောင့် ခရစ်ယာန်ပေါင်းစည်းမှုဆက်ဆံရေး သဘောကို လျော့ပါးသွားစေနိုင်တဲ့အခြေအနေကို ကြုံနေရပြီဖြစ်တယ်။
ဒီလိုအခြေအနေမျိုးဆီကိုယိမ်းယိုင်လာနေတာကိုတွန်းလှန်နိုင်ဖို့ စိန်ပီတာရဲ့ရိုးသား နှိမ့်ချမှုကိုစံပြုအားယူကြဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ကက်သလစ်သတင်း သမားဆိုတာ ရိုးဖြောင့်ခြင်း၊ မာနစိတ်မရှိခြင်း၊အပြန်အလှန်အကူအညီအပေးအယူ စိတ်ရှိခြင်းနဲ့ခရစ်တော်ရဲ့တမန်တော်စိတ်ဓါတ်ရှိကြရမယ်။ ကျွန်ုပ်တို့မှာယုံကြည်ချက် ရှိရင် နည်းလမ်း၊အရင်းအမြစ်တွေလည်းတွေ့ရှိကြမှာပါ” ဟု Ruffini က ဇွန် ၃၀-ရက်နေ့ကဖွင့်လှစ်ခဲ့သော ကက်သလစ်ဆက်သွယ်ရေးသတင်းဌါနမှကြီးမှူးကျင်းပ သည့် ရုပ်သံဆွေးနွေးပွဲ တွင်ပြောကြားခဲ့သည်။
ဤအစီအစဉ်သည် ကက်သလစ်သတင်းသမားများ၊ ဆက်သွယ်ရေးလုပ်ငန်းပညာရှင် များကို စုစည်းတွေ့ဆုံပေးကာ ဇွန်၃၀-မှ ဇူလိုင် ၂-ရက်နေ့တိုင်အောင် ဖန်သားပြင် ရုပ်သံဖြင့် မီဒီယာ နှီးနှောဖလှယ် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။
Ruffini နှင့်အတူ ဗာတီကန်၏ ဆက်သွယ်ရေးရုံးဆိုင်ရာအတွင်းရေးမှူးရုံးအဖွဲ့ဝင် Natasa Goveka ၊ ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ရိုးရာဓလေ့များကောင်စီအတွင်းရေးမှူး ဆရာတော်ကြီး Paul Tighe တို့ပါဝင်ဟောပြော ပို့ချခဲ့ကြရာ Natasa Goveka မှ ဗာတီကန်ဆက်သွယ်ရေးယန္တရား၏ ပင်ကိုစွမ်းဆောင်နိုင်မှု ဆိုင်ရာ အကြောင်းအရာပေါ်တွင်လည်းကောင်း ၊ Bishop Paul Tighe သည် သူ၏ရုံးတော်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရိုးရာဓလေ့များအကြားအပြန်အလှန် နှီးနှောဖလှယ်ခြင်း၌ ကြိုးပမ်းအားထုတ်မှု ဆိုင်ရာအကြောင်းအရာကိုလည်းကောင်း ပြောဆိုဆွေးနွေးသွားသည်။
ယခုကဲ့သို့ ငွေကြေးအကျပ်အတည်းကြီးကြီးမားမားကြုံတွေ့နေရချိန်မျိုးတွင်သာသနာ နယ် Dioceses များမှဆက်သွယ်ရေးကဏ္ဌများ၌မည်သို့ပါဝင်ကြမည်နည်း ဟူ၍လည်း ဤရုပ်သံဆွေးနွေး ပွဲတွင်ပါဝင်သောသူများထံမှမေးမြန်းခဲ့ကြသည်။
ဆရာတော်ကြီး Tighe ကမူ သာသနာနယ် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆိုရှယ်မီဒီယာအသုံးပြုမှု၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြရန်တိုက်တွန်းခဲ့သည်။
အခမဲ့သင်ကြားဆွေးနွေးပေးသောဤရုပ်သံဆွေးနွေးပွဲအစီအစဉ်တွင်ချိတ်ဆက်ပါဝင်သူ ပေါင်း၂၅၀ ရှိခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်မှလည်း ကက်သလစ်သတင်းဌါနတာဝန်ရှိသူများထံသို့ တောင်းဆိုသည့် အနေနှင့် “ကက်သလစ်သတင်းသမားများသည် လူတို့ကြားတွင် အတားအဆီးဖြစ်စေသောအရာများ၊နားလည်မှုလွဲမှားစေသောအရာများကိုဖယ်ရှားရန် အကူအညီဖြစ်စေကြပါ၊ လူတစ်ဦး နှင့် တစ်ဦး ကြား၌ဖြစ်စေ၊အဖွဲ့အစည်းများကြား၌ ဖြစ်စေ ရိုးဖြောင့်သောတင်ပြမှုနှင့် မှန်ကန်သော ဆက်သွယ်ဆက်ဆံရေး ပြုလုပ် ပေးသည့် ပေါင်းကူးတံတားသဖွယ်၊ အကာအကွယ်ကောင်းသဖွယ် ဖြစ်စေရန် စွမ်းဆောင်ပေးနိုင်သော မီဒီယာမျိုးကို ကျွန်ုပ်တို့သည် လိုအပ်နေပါသည်။
အထူးသဖြင့် ငယ်ရွယ်သူများကို အမှားအမှန်၊အဆိုးအကောင်း ခွဲခြားနိုင်စေရန်၊ ကိစ္စရပ်များကို တည့်မတ်မှန်ကန်စွာကြည့်မြင်ဆုံးဖြတ်နိုင်စေရန်၊တရားမျှတခြင်း၏ အရေးကြီးမှုကိုနားလည်လျက် ၎င်းအတွက်ပါဝင်လုပ်ဆောင်လာစေရန်၊လူမှု ဆက်ဆံ ရေးတွင်သင့်မြတ်စေရန်၊ဘုံကမ္ဘာမြေအိမ်အရေးကို လေးစားဂရုပြုတတ်စေရန်စသည့် အရာများတွင် အကူအညီဖြစ်စေမည့် မီဒီယာမျိုးကို ကျွန်ုပ်တို့သည် လိုအပ်နေပါသည်။
အထက်ဆိုခဲ့သောအချက်များကို လွဲချော်တိမ်းစောင်းသွားစေရန်ရည်ရွယ် လုပ်ဆောင် သော မီဒီယာများရန်မှကာကွယ်ပေးမည့်အမျိုးသမီး၊အမျိုးသားသတင်းဆက်သွယ်ရေး သမားကို ကျွန်ုပ်တို့သည် လိုအပ်နေပါသည်” ဟုရေးသားပေးပို့ခဲ့သည်။
မူရင်း-https://www.catholicnewsagency.com/news/vaticans-communications-head-urges-catholic-journalists-to-build-unity-43225?fbclid=IwAR0_5C4zECxnm8jrcjVlPj7XZKzy2QMMwTZ-Y1os5nGKkVlHJIr3XtRcsoQ
ဘာသာပြန် OSC-CBCM (Myanmar)
 
 
"Pictured in this composite photo are Bishop Paul Tighe, adjunct secretary of the Pontifical Council for Culture; Paolo Ruffini, head of the Vatican Dicastery for Communication; and Natasa Govekar, director of the theological-pastoral department of the Vatican's Secretariat for Communication. The three were speakers for the June 30, 2020, opening panel of the Catholic Media Virtual Conference. (Credit: CNS photo/images by Robert Duncan, Paul Haring.)"

2020-07-14 21:55:29
NEWS AND EVENTS