Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘင်္ဂလားဒေ့ရှ်မှဂိုဏ်းချုပ်ဆရာတော်ကြီး Moses ပျံလွန်တော်မူသွားပြီ

အလွန်တုန်လှုပ်ဝမ်းနည်းနေတဲ့ ဘာသာတူများကိုချန်ရစ်ထားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Moses M. Costa, CSC ဟာ သူတက်နေတဲ့ Square Hospital ဆေးရုံမှာပဲ ဇူလိုင် ၁၃-ရက်နေ့က ပျံလွန်တော်မူသွားပါပြီ။ ဒါကြောင့် လောလောဆယ် ဂိုဏ်းချုပ် Chittagong သာသနာကြီးဟာ သိုးထိန်းမရှိတဲ့သိုးစုသဖွယ်ဖြစ်နေပါတယ်။ ဆရာတော်ကြီးပျံလွန်တော်မူခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအတိုင်းအဆမဲ့ပိုပြီး ဝမ်းနည်း တသရတာကတော့ ဒီ Chittagong သာသနာက ဘာသာတူများပဲဖြစ်မှာပါ။ သက်တော် ၆၉-နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကိုနောက်ဆုံး လာရောက် ဂါရဝပြု ဆုတောင်းပေးနိုင်ဖို့ရာ Our Lady of Holy Rosary ကာသီဒြယ်ဘုရားကျောင်း ထဲကျင်းထားပါတယ်။ ဒီနေ့ ဇူလိုင် ၁၄-ရက် (အင်္ဂါနေ့)မှာ ညနေ ၃ နာရီခွဲ စျာပနမစ္ဆားတရားတော်နဲ့ပူဇော်ဆုတောင်းပေးအပြီး၊ သူ့ကိုအဲဒီဘုရားကျောင်းဘေးက သင်္ချိုင်းထဲမှာပဲ သင်္ဂြိုလ်ရန်ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ ကိုယ်ပူ၊ချောင်းဆိုးတာ၊အားနည်းတာတွေကြောင့် ဇွန်လ ၁၃ ရက်နေ့တွင် ဆေးရုံတင်ထားခဲ့ရာကနေ ဇူလိုင်လ ၇ ရက်နေ့အထိ ပြန်လည်သက်သာလာခဲ့
ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် ပိုမိုဆိုးဝါးလာလို့ အထူးကြပ်မတ်ဆောင် ICU ကိုရွှေ့ပြောင်း ကုသခဲ့သော်လည်း ဦးနှောက်သွေးယိုစီးမှုကြောင့် သေဆုံးခဲ့ရတာပါ။
ဆရာတော်ကြီး Moses ဟာ ၂၀၁၇-ခုနှစ်တွင် ဂိုဏ်းချုပ်သာသနာအဖြစ်တိုးမြှင့်သတ်မှတ်ခဲ့သော Chittagong ဂိုဏ်းချုပ်သာသနာရဲ့ပထမဆုံး ဂိုဏ်းချုပ်ဆရာတော် အဖြစ် ရဟန်းမင်းကြီးဖရန်စစ်ကခန့်အပ်ခဲ့တာပါ။
ဆရာတော်ကြီးဟာ နှိမ့်ချမှုရှိသူ၊ မိမိကိုယ်ကိုယုံကြည်မှုရှိသူ၊ အမြော်အမြင်ကြီးပြီး ရဲရင့်သူအဖြစ်နဲ့ ဘုရားသခင်ရဲ့အစေခံသိုးထိန်းကောင်းအဖြစ် သိုးစုကိုကြည့်ရှုခဲ့သူ ဖြစ်ပါတယ်။
Chittagong သာသနာမှာ ကျန်းမာရေး၊ပညာရေး၊ ကရုဏာလုပ်ငန်းအဖွဲ့အစည်း များစွာ ကို ထူထောင်ပေးခဲ့တယ်။ ဒီသာသနာဟာ သူ့လက်ထက်မှာအများကြီးတိုးတက် လာခဲ့တာပါ။
ဆရာတော်ကြီးပျံလွန်တော်မူသွားတာဟာ သာသနာမကဘဲ ခရစ်ယာန်အသိုင်းအဝိုင်းကြီး အတွက်ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ရော ကျွန်ုပ်တို့အားလုံးအတွက်ပါ အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
ဆရာတော်ကြီး ၏ အသက်ဝိညာဉ်ထာဝရချမ်းသာခံစားရပါစေကြောင်း ဝိုင်းဝန်း ဆုတောင်းပေးကြပါစို့။
မူရင်း- http://www.ctgdiocnews.com/archbishop-moses-passes-away/…
ဘာသာပြန်- OSC-CBCM (Myanmar)
Photo Credit: The Chittagong Metropolitan Archdiocese
 



2020-07-13 21:54:59
NEWS AND EVENTS