Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မွန်ဆီညော် ဂျော့ရာဇင်ဂါ ၏ အဖအိမ်တော်ပြန်ခရီး
......................................................

ဇူလိုင်လ ၁ ရက်နေ့က ဂျာမနီနိုင်ငံ Regensburg ဂိုဏ်းအုပ်သာသနာတွင် ပျံလွန်ခဲ့သော မွန်ဆီညော်ဂျော့၏ စျာပနဝတ်ပြုခြင်းကို Regensburg ကာသီဒြယ်ဘုရားကျောင်း၌ ဇူလိုင်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် ဂိုဏ်းအုပ်ဆရာတော်ကြီး Rudolf Voderholzer မှ ဦးဆောင်မည်ဖြစ်သည်။ ပုပ်ဘေနဒစ် (၁၆) ၏ ကိုယ်ရေးအရာရှိ ဂိုဏ်းချုပ်ဆရာတော် Georg Gänawein လည်းပါဝင်တက်ရောက်မည်ဖြစ်သည်။ မွန်လွဲ ၁၂:၃၀ ခန့်တွင် ဘာဗားရီးရန်း ကက်သလစ်စျာပနဥယျာဥ်၌ မြှုပ်နှံ သဂြိုလ် မည်ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကာလဖြစ်သည့်အတွက် စျာပနဝတ်ပြုခြင်း၌ ပါဝင်နိုင်သောလူဦးကို ကန့်သတ်ထားမည်ဖြစ်သည်။


ဇူလိုင်လ ၅ ရက် တနဂ်နွေနေ့ မွန်းလွဲ ၃ နာရီတွင် Regensburg ကာသီဒြယ်ဓ္ဓမတေးသံစုံအဖွဲ့မှ ၄င်းတို့အား ၁၉၉၄ ခုနှစ်အထိ အနှစ် ၃၀ ကြာ ဦးဆောင်းခဲ့သူ မွန်ဆီညော်ဂျော့ကို စျာပနညနေမေတ္တာ ဆု တောင်းခြင်းဖြင့် သံစုံကျူးဧနှုတ်ဆက်ကြမည်ဖြစ်သည်။


ဇူလိုင် ၆ ရက်နေ့ ည ၇ နာရီတွင် ၄င်းကာသီဒြယ်၌ စိပ်ပုတီးစိပ်ဆုတောင်းခြင်းလည်းရှိမည်ဖြစ်ပါသည်။
ဇူလိုင် ၇ ရက်မှာ လူထုမှနှုတ်ဆက်ဂါရဝပြုခြင်းနှင့် ဝမ်းနည်း​ကြောင်းစာအုပ်၌ လက်မှတ်ရေးထိုးခြင်းများရှိမည်ဖြစ်သည်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှလည်း ပုပ်ဘေနဒစ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီးဖြစ်ပါသည်။


2020-07-03 20:51:12
NEWS AND EVENTS