Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

Alex Zanardi ဆိုသူအား ‘လူသားထုအတွက် သင်ခန်းစာ’ ပေးသူဟု ရဟန်းမင်းကြီးဖရန်စစ်ချီးမွမ်းလိုက်ခြင်း

Alex Zanardi ဟာ လက်လှည့်စက်ဘီးနဲ့ပြိုင်ပွဲဝင်ပြီးအောင်ပန်းဆင်ခဲ့တဲ့ အီတလီနိုင်ငံရဲ့ ဂုဏ်ဆောင် မသန်မစွမ်း အားကစားသမားချန်ပီယံတစ်ဦးဖြစ်ပါတယ်။
ဗာတီကန်ရဲ့ထုတ်ဖော်ချက်အရ Zanardi ဟာ သူရရှိတဲ့ အထောက်အပံ့ထဲက ‘ We Run Together’ ကရုဏာအဖွဲ့အစည်းကိုမျှဝေခဲ့ပြီး ကိုရိုနာကပ်အပြင်းထန်ဆုံး ထိခိုက်ခံရတဲ့ အီတလီနယ်များနဲ့ တချို့ဆေးရုံတွေ အတွက် ပေးလှူခဲ့ကြောင်း သိရပါတယ်။
Alex Zanardi ဟာ လက်လှည့်စက်ဘီးနဲ့တာဝေးမာရသွန်ပြိုင်ပွဲဝင်နေစဉ်မှာ မျက်နှာချင်းဆိုင်ကလာတဲ့ ကား တစ်စီးနဲ့တိုက်မိတာကြောင့် သတိလစ်သွားပြီး သူ့ကို ဇွန်လ ၁၉-ရက်နေ့က ဆေးရုံတင်လိုက်ရပါတယ်။ သူ့ကိုမေးရိုးနဲ့အကြောဆိုင်ရာ တွေမှာ ခွဲစိပ်ကုသမှုတွေလုပ်ခဲ့ကြရပါတယ်။ သတိလစ်နေဆဲဖြစ်ကြောင်းဖော်ပြထား ပါတယ်။
ရဟန်းမင်းကြီးဖရန်စစ်က Alex Zanardi ဆီကိုအားပေးစာရေးသားပေးပို့ခဲ့ပါတယ်။
Alex Zanardi သည် ‘လူသားထုအတွက် သင်ခန်းစာ’ ဆိုတဲ့ ရဟန်းမင်းကြီးရေးစာကို ဇွန်လ ၂၄ ရက်ထုတ်ပြန်သော အီတလီနိုင်ငံ အားကစားသတင်းစာစောင် La Gazzetta dello မှဖော်ပြခဲ့ပါတယ်။
ရဟန်းမင်းကြီးဖရန်စစ်ရေးသားတဲ့စာထဲမှာ “ချစ်ခင်ရပါသော Zanardi သင့်ရဲ့ ဘဝ စံနမူနာအတွက် ကျေးဇူးတင်ပါတယ်။ သင်ဟာလူများစွာတို့ ဘဝဆစ်ချိုး တစ်ကွေ့မှာ တစ်စုံတစ်ခုကြောင့် ရုတ်တရက် ရပ်တံ့ခံလိုက်ရပြီးနောက် ဘယ်လိုအားသစ်နဲ့ ပြန်စ ရမလဲဆိုတာ ပြသပေးခဲ့သူပါပဲ။ သင့်ရဲ့ အားကစားယှဉ်ပြိုင်ပုံအားဖြင့် လူတွေကို မိမိဘဝမိမိကိုယ်တိုင်ပဲ့ကိုင်ရှင်ဖြစ်ရမယ်ဆိုတာနဲ့ မစွမ်းမသန်သူများကိုလူသားတစ်ဦး ရဲ့ အားမာန်သင်ခန်းစာကို ပြသလိုက်တာပါပဲ။
အဲဒီအရာများပျောက်ဆုံးနေသူတွေကို အားအင်နဲ့သင်ခန်းစာပေးလိုက်တာဖြစ်တဲ့ အတွက်သင့်ကိုထပ်မံကျေးဇူးတင်ပါတယ်။ အခုလိုနာကျင်ရုန်းကန်နေရတဲ့ သင့်ရဲ့ လက်ရှိအချိန်အခိုက်အတံ့မှာ သင့်အတွက် စာနာခြင်းအားဖြင့် သင်နဲ့နီးစပ်စွာ ကျွန်ုပ် ရှိနေပါတယ်၊ သင်နဲ့သင့်မိသားစုအတွက်ဆုတောင်းပေးပါတယ်။ ဘုရားသခင်ရဲ့ ကောင်းချီးတော် များခံစားရ၍ အမိမယ်တော်၏ ဆုပန်ပေးခြင်းကိုလည်း ခံယူ ရရှိပါစေ” စတာတွေပါဝင်ပါတယ်။
အသက် ၅၃-နှစ်ရှိပြီဖြစ်တဲ့ Zanardi ဟာ ၂၀၀၁-ခုနှစ်က ဂျာမဏီနိုင်ငံမှာ ကားမောင်းဝင်ပြိုင်စဉ်က ကားတိမ်းမှောက်သွားခဲ့တာကြောင့် ခြေထောက်နှစ်ဖက် စလုံးဆုံးရှုံးလိုက်ရတယ်။ ဒီလိုခြေထောက်နှစ်ဖက်မရှိတော့ တဲ့နောက်မှာလည်း ၂၀၁၂-နဲ့ ၂၀၁၆-ခုနှစ်တွေမှာ ရွှေတံဆိပ် ၄-ခုနဲ့ငွေတံဆိပ်၂-ခု ဆွတ်ခူးလိုက် ပါသေးတယ်။ Alex Zanardi ဟာ သူ့ရဲ့ လက်လှည့်စက်ဘီးနဲ့ ရောမက ၂၀၁၇-ခုနှစ် မာရသွန် ပြိုင်ပွဲမှာလည်း အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။
သူ့ကို အီတလီနိုင်ငံဝန်ကြီးချုပ် Giuseppe Conte ကိုယ်တိုင်လည်း “သင်ဟာဘယ်တော့မှ အရှုံးမပေးခဲ့သူပါ။ သင့်ရဲ့ ထူးကဲတဲ့ စိတ်ဓါတ်နဲ့စွမ်းအင်တွေက အခက်အခဲထောင်ပေါင်းများစွာကို ကျော်လွှားနိုင်စေခဲ့ပါပြီ။ Zanardi ဆက်လုပ်ပါ အလျှော့မပေးလိုက်နဲ့၊ အီတလီနိုင်ငံတစ်ခုလုံးလည်း သင်နဲ့အတူ ရုန်းကန်နေပါတယ်” လို့ပြောဆို အားပေးမှုပြုခဲ့ပါတယ်။
မူရင်း-https://www.catholicnewsagency.com/…/pope-francis-thanks-in…
ဘာသာပြန် OSC-CBCM (Myanmar)


2020-06-30 21:04:31
NEWS AND EVENTS