Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်သည် ရောမတွင် ကပ်ရောဂါကြောင့် အကြပ်အတည်းကြုံနေသောမိသားစုများအတွက် ရန်ပုံငွေမတည်ပေးခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည်  ရောမတွင် Covid-19  ကပ်ရောဂါကြောင့် လုံးဝငွေကြေးအကြပ်အတည်းကြုံနေသူ တစ်ဦးချင်း(သို့)မိသားစုလိုက် တို့အား အကူအညီပေးရန်ရည်ရွယ်လျက် The Jesus the Divine Worker Fund’‌ ဟူသော အမည်ဖြင့် ရံပုံငွေအသင်းတစ်ခုကို ထူထောင်ပေးလိုက်သည်၊ ။

ရဟန်းမင်းကြီးသည် ရောမတွင်အဓိကတာဝန်ရှိသူတစ်ဦးအနေနှင့် ရောမသာသနာနယ် အတွင်းမှ လူတို့ ကို ဂုဏ်သိက္ခာနှင့်အလုပ်လုပ်နိုင်သည့် အခြေအနေပြန်ရောက်အောင် မြှင့်တင် အားပေး လို သည့်ဆန္ဒရှိသောကြောင့် ဤ ‘Jesus the Divine Worker Fund’ ရံပုံငွေအသင်းကို ထူထောင်ပြီး ယူရိုငွေ တစ်သန်းမတည်ပေးလိုက်ခြင်းဖြစ်ကြောင်း ထိုအဖွဲ့အစည်းတာဝန်ခံဖြစ်သူကာဒီနယ်ကြီး  Angelo De Donatis အား စာရေးသားအကြောင်းကြားခဲ့သည်။

ဇွန်လ ၉ ရက်နေ့စွဲနှင့် ထိုစာထဲတွင် ဆက်လက်ဖော်ပြသည်မှာ ယခုရံပုံငွေသည် အခြေအနေအရပ်ရပ်တွင် လက်ရှိကပ်ရောဂါကြောင့် အလုပ် လက်မဲ့ဖြစ်သွားလျက် နေ့စဉ်စားသောက်ရန်ပင်ခက်ခဲသွားသူများ၊ကျပမ်းအလုပ်သမား၊ အလုပ်စာချုပ်ကုန်ဆုံးသွားပြီးဆက်အလုပ်လုပ်ရန်အခွင့်မရသေးသူများ၊အချိန်ပိုင်းအလုပ်လုပ် သူများ၊အိမ်ဖော်အလုပ်သမားများ၊ အသေးစားစီးပွါးရေးလုပ်ငန်းရှင်များ၊ ကိုယ်ထူကိုယ်ထ လုပ်ငန်း ရှင်များ၊ အထူးသဖြင့် ကပ်ရောဂါကြောင့် တိုက်ရိုက် အထိနာ သွားရသည့် လုပ်ငန်းများတွင်ပါဝင်သူ များကို စဉ်းစားမိကြောင်း၊ ထို့သို့သော လူအများပိုင်းသည် မိခင်၊ဖခင်များဖြစ်၍ သူတို့၏ကလေးများ အတွက်နေ့စဉ် ကျွေးမွေးရန်ပင်အခက်တွေ့နေကြမည်ဖြစ်ကြောင်းထောက်ပြခဲ့သည်။

ဤရံပုံငွေအသင်းကို ထိုကဲ့သို့သောသူများအတွက်တည်ထောင်သည်မှန်သော်လည်း ကျွန်ုပ်တို့ အတွက်လည်းဖြစ်သည်ဟုဆိုသည်၊အကြောင်းမှာ ဤသို့စတင်ထူထောင်စ အဖွဲ့အစည်းမျိုးတွင် ပံ့ပိုးပါဝင်ကြရန် ကျွန်ုပ်တို့အား လက်ကမ်းနေ၍ဖြစ်ပေသည်။

ရဟန်းမင်းကြီးသည် ကပ်ရောဂါအကျပ်အတည်းပြီးသွားသည့်နောက်ပိုင်းအထိ ဤအသင်းအဖွဲ့အား ရောမမြို့၏အမှန်တကယ်လိုအပ်ချက်များအတွက် ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ဦးစီးဦးဆောင်ပြုသွားနိုင်သည်အထိ စဉ်းစား မျှော်မှန်း ထားကြောင်းပြောဆိုခဲ့သည်။

ဤရံပုံငွေကူညီရေးအသင်းအဖွဲ့ထူထောင်ခြင်းသည် ရသင့်သောအခွင့်အရေးမရဘဲ နှစ်သိမ့်မှု၊မျှော် လင့်ချက်၊အသိအမှတ်ပြုခံရမှုတို့ကို လိုအပ်တမ်းတနေသူများအပေါ် လက်တွေ့ကျကျဖေးမပါဝင်မည့် စိတ်နှလုံးကောင်းရှိသူတို့ဖိတ်ခေါ်လိုက်သည့် အမှတ်အသားဖြစ်ရန်ရည်ရွယ်ထူထောင်ရခြင်းလည်း ဖြစ်သည်။ သို့နှင့် နိုင်ငံသားများ၊ အခြားအဖွဲ့အစည်းများ မှလည်း ယခုကာလ ကဲ့သို့သော သူမတူအောင် ခက်ခဲ လိုအပ် နေချိန်မျိုး၌ မိမိတို့မှာရှိသည်များကို ဤရံပုံငွေအသင်းအဖွဲ့သို့ ရက်ရက် ရောရော ပါဝင်လာကြရန်ဖိတ်ခေါ်လိုက်သည်။

ကျွန်ုပ်တို့မလိုသည့်၊ပိုသည့်အရာများ ပေးကမ်းဝေမျှနေရုံ မလုံလောက်တော့သည့် လက်ရှိချိန်အခြေ အနေကို အသိရှိကြရန် စိတ်နှလုံးကောင်းရှိသော ရောမနိုင်ငံသား များကို နှိုးဆော်လိုက်သည် ဟု လည်းဆိုခဲ့သည်။

ထို့အပြင် ရဟန်းဘုန်းတော်ကြီးများကိုလည်း ဤရံပုံငွေအဖွဲ့အစည်းသို့ ကိုယ်တိုင် ဦးစွာထည့်ဝင် သူများ ဖြစ်ကြလျက် မိမိတို့ရှိနေသည့်နေရာတွင် ဝေမျှပေးကမ်းရန် စိတ်အားထက်သန်သူများ ဖြစ်ကြရန် တိုက်တွန်းတောင်းဆိုခဲ့သည်။  တစ်ဆက်တည်း မှာပင် လက်ရှိ ကပ်ရောဂါအတွင်းလိုက်ပါ လုပ်ဆောင်မှုများသည် သမ္မာကျမ်းစာထဲက မုန့်ငါးလုံး၊ငါးနှစ်ကောင်နှင့် စားရန်လူအုပ်ကြီး အင်အားမမျှသကဲ့သို့ အဆမတန် လုပ်ဆောင်ရန်တောင်းဆိုခံခဲ့ရသည့် အခြေအနေတွင် အားကုန်ပါဝင်ဖြည့်ဆည်းခဲ့ကြ ခြင်းအတွက်လည်း ရောမသာသနာတစ်ခုလုံးနှင့် နိုင်ငံသားများအား ကျေးဇူးတင် ချီးမွမ်းကြောင်း ထည့်သွင်းထုတ်ဖော်ခဲ့သည်။

ဤရံပုံငွေအသင်းသစ်ကို တာဝန်ယူရမည့် ကာဒီနယ်ကြီး De Donatis မှလည်း ရဟန်းမင်းကြီးအားယခုကဲ့သို့ သာသနာရှိလိုအပ်လွန်းသူများအတွက် သတိရစဉ်းစား ပေးကာ ရံပုံငွေအသင်းအဖွဲ့မတည်ထူထောင်ပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ရဟန်းမင်ကြီး၏ မူလရည်ရွယ်ချက်အတိုင်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မြို့စီမံကိန်းတာဝန်ခံနှင့် ဒေသဆိုင်ရာ  အာဏာပိုင်တို့နှင့် လည်း ချိတ်ဆက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

မူရင်း- https://www.vaticannews.va/en/pope/news/2020-06/pope-francis-jesus-divine-worker-fund-pandemicpoor.html?fbclid=IwAR0K6Qo80KUyAQYGJzdzm6lOrAkxH0Ta_QnAlnvn1U7VPEggjzWHdyBMgZg

ဘာသာပြန်

OSC-CBCM (Myanmar)

 


2020-06-16 01:17:32
NEWS AND EVENTS