Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

လားရှိုး ကက်သလစ် ဂိုဏ်းအုပ် သာသနာအတွက် ဆရာတော်အသစ်အား သိက္ခာတင်ပေးခြင်း

    လားရှိုး ကက်သလစ် ဂိုဏ်းအုပ် သာသနာ ဆရာတော်သစ် ဘိသိတ်မင်္ဂလာ ပေးခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နေ့ နံနက် ၈ နာရီမှ ၁၂ နာရီအထိ မစ္ဆား တော်မြတ်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကာ ဘုရားရှင်၏ ဂုဏ်တော်ကို အ တူတကွ ကျေးဇူးတင် ချီးမွမ်းကြရာတွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ဗာတီကန်သံအမတ် ဆရာတော်ကြီး ပေါလ် ချန်အင်းနဲမ် ၊  ဂျပန်၊ အိန္ဒိယ နှင့် ဟောင် ကောင်မှ ဆလေးရှင်း ဆရာတော်ကြီးများ၊ ကာဒီနယ်ကြီး ချားစ်ဘို နှင့်အတူ မြန်မာ ပြည် ကက်သလစ် ဆရာတော်ကြီးများ အ ဖွဲ့ချုပ် ဥက္ကဌနှင့် အတူ သာသနာ အသီး သီးမှ ဆရာတော်ကြီးများ အပါအဝင် စုစု ပေါင်း အပါး ၂၀ ဝန်းကျင်၊ ရဟန်းတော် အပါး ၁၇၀ ဝန်းကျင်၊ အမျိုးသား အမျိုး သမီးသူတော်စင် ဂိုဏ်းအသီးသီးမှ ကိုရင် သီလရှင် ရသေ့ကြီးများ၊ ဘာသာဝင် ညီကို မောင်နှမ အားလုံးတို့က ပါဝင်ကာစုတောင်းဝတ်ပြုခဲ့ကြပါသည်။
    ကာဒီနယ် ကြီးချားစ်ဘိုမှ ဘာသာ ဝင်များအား တရားရေအေး တိုက်ကျွေးခြင်း နှင့် ဆရာတော်အသစ်အား မင်္ဂလာ စကား မြွက်ကြားရာတွင်၊ ဆရာတော်သစ်၏  ဆောင်ပုဒ်ဖြစ်သည့် (ကိုယ်တော်ဘုရား၏ ကျေးဇူးတော်သည် လုံလောက်ပေ၏) ဆို သည့် အတိုင်း ဆရာတော် လုကပ်စ်သည် ၎င်း၏ဘ၀ အသက်တာတွင် ခက်ခဲသည့် သာသနာလုပ်ငန်းများဖြင့် သခင်ဘုရား၏ သစ္စာရှိသော ငယ်သားကောင်း ဖြစ်ကာ ချွတ်ခြုံကြခြင်းနှင့် ပြည့်စုံမှုကိုလည်း မြည်း စမ်းပြီး ဖြစ်ကြောင်း၊ လားရှိုး တောင်တန်း ကက်သလစ် သာသနာသည် ကိုယ်တော့် အတွက် အားကိုးနိုင်တဲ့ ရှမ်းရိုးမတောင် တန်းကြီးဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ဆရာ တော်သည် လာရှိုးကက်သလစ် သာသနာ တော်အတွက် မျှော်လင့်ချက် အာရုံဦးဖြစ် လာပါစေဟု ဆန္ဒပြု ဆုတောင်းပါကြောင်း၊ ဆရာတော်ရဲ့ တောင်ဝှေးတော် နှင့် အ ဆောင်အယောင်များသည် ရာထူးအတွက် အထက်ကို တက်ရန်မဟုတ်ပဲ၊ ဗွက်နစ် နေ တဲ့သားသမီးတွေထဲကို ဆင်းရန်ဖြစ်ကြောင်း ဆရာတော် အတွက် စိန်ခေါ်မှုများကြားက အခွင့်အရေးများဖြစ်ကြောင်း၊ စည်းလုံးခြင်း ရဲ့ အမှတ်သင်္ကေတ ဖြစ်ရမည် ဖြစ်ကြောင်း၊ လူမျိုးမတူ စကားမတူပေမဲ့ တစ်လုံးတစ်၀ တည်း ဖြစ်စေရမည်ဖြစ် ကြောင်း၊ လက်နက် ဆိုတာ ပြဿနာကို ပိုမိုနက်စေတာမို့ ငြိမ်း ချမ်းရေးအတွက် ငြိမ်းချမ်းရေး ပန်းတိုင်ဆီ မျက်ခြေမပြတ်ဘို့ အားပေးလိုပါကြောင်း၊ ငြိမ်းချမ်း ညီညွတ်ရေးသည်သာ ပစ်မှတ် ဖြစ်ကြောင်း၊ ဆရာတော်၏ ဆောင်ပုဒ် အ တိုင်း စုံစမ်းခြင်းနှင့် ဒုက္ခခံရပေမဲ့ ဘုရားရှင် ၏ ကျေးဇူးတော်နဲ့ ဆက်လက်ခွန်အား ယူကာ အများအတွက် မျက်ရည်သုတ်ပေး သူ စိတ်သက်သာရာ ရစေသောသူ ဖြစ်ပါ စေလို့ ဆန္ဒပြုဆုတောင်းပါတယ် ဟု ဆိုကာ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ရဟန်း အမတ် ကာဒီနယ်ကြီး ချားစ်ဘို မှ ၎င်း၏ တရားရေအေး ကို ကချင် ဂျိန်းဖော့ နှင့် မရူ စကားတို့ဖြင့်လည်း ဘာသာဝင်များအား နှုတ်ဆက် အားပေး ဂုဏ်ပြုစကားမြွက်ကြား ခဲ့ပါသည်။
    မစ္ဆားတရား အပြီးတွင် ဗာတီကန် သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်အင်းနမ်မှလည်း မင်္ဂလာစကား မြွက် ကြားရာတွင် ၎င်းအနေဖြင့် မြန်မာပြည် ကက်သလစ် သာသနာတော် အထူးသဖြင့် လားရှိုးသာသနာ အတွက် ဂုဏ်ယူဝမ်း မြောက်ပါကြောင်း၊ ၁၈၆၉ ခုနှစ်မှ ပြင်သစ် သာသနာပြုများဖြင့် စတင်ခဲ့သည့် ရှမ်း တောင်တန်း သာသနာမှ သာသနာ ပြုများ အားလုံး၏ ကြိုးပမ်းမှူများအတွက် ကျေးဇူး တရားနဲ့ ဂါရ၀ တရားကို ဖော်ပြလိုပါကြောင်း၊ ဒီနေ့သည် ကျေးဇူးတော် အပေါင်း ခ ညောင်းတဲ့ နေ့လေးဖြစ်ကြောင်း မြွက်ကြား ကာ၊ အမှုတော်ထမ်းခဲ့သည့် ကာဒီနယ်ကြီး ချားစ်ဘို နှင့် ဆယ်စုနှစ် နှစ်စုကျော် မက အမှုတော်ထမ်းခဲ့သည့် ဆရာတော်ကြီး ဖိ လစ် ဇဟောင်း တို့အားလည်းကောင်း၊ သာ ယာတဲ့ သံစဉ်တွေနဲ့ မြိုင်ဆိုင်စွာ သီဆိုကာ ဒီနေ့ပွဲတော်ကို ဦးဆောင်ခေါ်သွားပေးတဲ့ Choir အဖွဲ့အားလည်းကောင်း၊ ဆလေးရှင်း အသင်းဂိုဏ်းချုပ်နှင့် သာသနာ့ လယ်ကွင်း မှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများအား လည်းကောင်း၊ အသင်းတော်၏ ရှည်ကြာ သော ထုံးတမ်းစဉ်လာ လုပ်ထုံး လုပ်နည်း များကို စိတ်ရှည်စွာဖြင့် ပါဝင်ဆုတောင်း ပေးကြတဲ့ ဘာသာဝင်သားသမီး အယောက် စီတိုင်းအားလည်း ကျေးဇူးတင်ကြောင်း ဆို ကာ၊ လက်တင်ခြင်း ဗျာဒိတ်တော်မင်္ဂလာ အားဖြင့်ပေးခဲ့သော တာဝန်များကို နှလုံး သွင်းပါလော့ ဟု ဆရာတော် အသစ်အား မိန့်ကြားကာ ဆရာတော်သစ်အတွက် ဆု တောင်းပေးကြဘို့ ဖိတ်ခေါ်ခဲ့ပါသည်။
    ဆရာတော် အသစ်မှ ကျေးဇူးတင် စကားကို အင်္ဂလိပ်၊ မြန်မာ၊ ကချင် နှင့် ရှမ်း ဘာသာစကားတို့ဖြင့် အတိုချုပ် မြွက်ကြား ခဲ့ပြီး ဒီနေ့ ဘာသာဝင်များ၏ ပါဝင်ခြင်းသည် ဆရာတော်အသစ်ဖြစ်သည့် ၎င်းအား ဂုဏ် ပြု ခြင်းထက် ဘုရားရှိကြောင်းကို သက်သေ ခံနေကြခြင်း ဖြစ်သည်ဟု မြွက် ကြားကာ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး တင် အသိအမှတ်ပြုခဲ့ပါသည်။
    လားရှိုးကက်သလစ် သာသနာ အတွက် ဘုရားရှင်ပေးသနားခဲ့သော ဆရာ တော်သစ် လုကာစ် ဒေါင်ဇယ် ၏ မွေးရပ် ဇာတိမြေမှာ  လာရှိုးသာသနာ ပန်ပေါက် တိုက်နယ် ဖြစ်ကာ ၊ ဆရာတော်ဘုရားသည် ဆလေးရှင်း အသင်းဂိုဏ်းဝင် သူတော်စင် ရဟန်းတစ်ပါးလည်းဖြစ်ပါသည်။
မန်းသန္တာ (RVA Myanmar Service)


2020-02-12 19:25:12
NEWS AND EVENTS