Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏
၂၀၂၀ - ပြည့်နှစ် ၊ ပထမ(၆)လပတ်မျက်နှာစုံညီအစည်းအဝေး

ဗာတိကန်သံအမတ်၏ဝေမျှချက်
    ယခုမျက်နှာစုံညီ  အစည်းအဝေး သို့ မြန်မာနိုင်ငံဆိုင်ရာ ဗာတိကန် သံအ မတ်ဖြစ်သော ဆရာတော် ကြီး ပေါလ် ချန်အင်နမ်လည်း ကြွရောက်ခဲ့သည်။
    ဗာတိကန် သံအမတ်၏ အဖွင့် စ ကားတွင် မန္တလေးသာသနာနှင့် လားရှိုး သာသနာများ၌ ဆရာတော် သစ်များ ရရှိ သည့်အတွက် ဝမ်းမြောက်ကြောင်း၊ အဆိုပါ အရေးကိစ္စများ အောင်မြင်စေရန် ကြိုးပမ်း ဆောင် ရွက်ကြသည့် ဆရာတော်များ၊ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များကို လည်း ကျေးဇူးတင်ကြောင်း ဦးစွာ အသိအ မှတ်ပြုမိန့်ကြားခဲ့သည်။
    ထို့နောက် ယမန်နှစ်က ပုပ်ရဟန်း မင်းကြီး ဖရန်စစ်နှင့် ကမ္ဘာအရပ်ရပ်မှ ဗာ တီကန်သံအမတ် (၁၀၂) ပါးတွေ့ဆုံစဉ် ကြားနာခဲ့ရသော အကြောင်း အရာများနှင့် ဩဝါဒစကားများကို ဆရာတော်များအား ပြန်လည်ဝေငှခဲ့ပါသည်။ အထူးသဖြင့် ဖိနှိပ် ချုပ် ချယ်မှုခံစားနေသည့်သာသနာနယ်များအကြောင်းကိုလည်း ဝေငှပြီး ဆရာတော် နှင့်အတူ ဘုန်းတော်ကြီး များသည် "ဘုရား သခင်၏လူဖြစ်သကဲ့သို့ သာသနာတော်ကို ကိုယ်စားပြုသူများ" ဖြစ်ကြသဖြင့် မိမိတို့၏ ဘဝတာဝန်ကို မမေ့အပ်ကြောင်း၊ သို့မ ဟုတ်ပါက မိမိ ကိုယ်တိုင် ပျက်စီးခြင်းသို့ ရောက်သည် သာမက တစ်ပါး သူများနှင့် သာသနာတော်ကိုပါ ထိခိုက် နစ်နာစရာ အကြောင်းဖြစ်လာနိုင်သည်ကို သတိပြု ကြရန် မိန့် ကြားခဲ့ပါသည်။
ဥက္ကဋ္ဌဆရာတော်၏အဖွင့်စကား
    မြန်မာနိုင်ငံ ကက်သလစ် ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သော ကလေး ကက်သလစ်သာသနာပိုင် ဆရာ တော် ဖဲလစ် လျန်ခင်းထန်က ကြွရောက် လာသော ဗာတိကန်သံအမတ်ကို ကျေး ဇူးတင်လျက် မြန်မာနိုင်ငံ၌ လုပ်ဆောင် လျက်ရှိသည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ၊ ကိုးကွယ်ရာ ဘာသာတရား အချင်းချင်း ဆွေးနွေးဖလှယ်မှုများ၊ လူငယ် လှုပ်ရှားမှု များအတွက် ဦးဆောင်နေသည့် ဆရာတော် များကိုလည်း ကျေးဇူး တင်ကြောင်း မိန့် ကြားခဲ့ပါသည်။
အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏
အထွေထွေအစည်းအဝေးကြီး
    အာရှဆရာတော်ကြီးများအဖွဲ့ချုပ်ကို တည် ထောင်ခဲ့ခြင်းနှစ်(၅၀)ပြည့် မြောက် အထိမ်းအမှတ် အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၃-၂၀) ရက်နေ့ အထိ အထွေထွေအစည်းအဝေးကြီးကို ထိုင်းနိုင် ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ကာ မြန်မာနိုင်ငံ မှ ဆရာတော် ဖဲလစ် လျန်ခင်း ထန်၊ ဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဆရာ တော် ဂျွန်ဆိန်းဟှီ၊ ဆရာတော် မာကု တင် ဝင်း၊ ဆရာတော် စတီးဖင်းတျေးဖဲ၊ ဆရာ တော် ရေမွန်ဆွမ်လွတ်ဂမ်နှင့် ဆရာတော် ပေါလ် ဇိန်းထုန်းဂရောင် (ငြိမ်း) တို့က CBCM ကိုယ်စားလှယ်များအဖြစ် တက် ရောက်ကြမည်ဖြစ်သည်။
ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်များ
    ဆရာတော် ဘာဆီးလျှို အားသိုက် က တောင်ကြီး၌ "ဝိညာဉ်ရေးနှစ်" တက် ရောက်ကြသော ရဟန်း လောင်း ကိုရင်များ ၏ သာသနာ့အမှုတော်၌ လှုပ်ရှားမှုများ၊ ရဟန်းဖြစ်တက္ကသိုလ်၌ တိုးတက်ပြောင်းလဲ သောအရာများကို တင်ပြခဲ့ပါသည်။
    ကက်သလစ် ရဟန်းဖြစ် တက္က သိုလ် (ရန်ကုန်) မှ ကျောင်းအုပ် ဘုန်းတော် ကြီး ဖာသာရ် Cyprian အောင်ဝင်းကလည်း လက်ရှိ ရဟန်းဖြစ်တက္ကသိုလ်အား Pontifical University အဆင့်သို့ မြှင့်တင် လုပ် ဆောင် မည့်အစီအစဉ်များကို ရည်မှန်းချက်၊ လုပ်ဆောင်ချက်၊ အကျိုးရလဒ်များဖြင့် တင် ပြခဲ့ပါသည်။
    ရဟန်းဖြစ် တက္ကသိုလ်များသို့ နိုင် ငံခြားမှ ပေးနေသည့် အထောက်အပံ့များ ကို လျှော့ပေါ့ခြင်းများရှိ လာသဖြင့် ပြည် တွင်းရှိ သာသနာနယ်များနှင့် အလှူ ရှင် များထံမှ အလှူငွေများ လိုအပ်လျက်ရှိ သည့်အချက် ကိုလည်း တင်ပြခဲ့ပါသည်။
    သုံးပါးသစ္စာခံသူတော်စင်များနှင့် ဘာသာတူ များကို ရဟန်းဖြစ်တက္ကသိုလ် (ရန်ကုန်) ၌ ဓမ္မပညာ ရပ်များ သင်ကြားခွင့် ပေးရန်လည်း မေတ္တာရပ်ခံခဲ့ပါ သည်။
    ပြင်ဦးလွင်ရှိ ရဟန်းဖြစ်တက္ကသိုလ် (ဒဿနိ ကဗေဒဌာန) ၏ ကျောင်းအုပ် ဘုန်းတော်ကြီး ဖာသာရ် ပီတာသန်းအား ဒုတိယသက်တမ်းအတွက် တာဝန် ထမ်း ဆောင်စေရန် ဆရာတော်အားလုံးက သ ဘော တူခဲ့ကြပါသည်။
ကရုဏာမြန်မာ
    ကရုဏာမြန်မာ၏  နိုင်ငံလုံး ဆိုင် ရာ ဒါရိုက်တာဖြစ်သော ဒေါက်တာ ဝင်း ထွန်းကြည်၏ အရိုက်အ ရာကို Mr. James က တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရ သည်။ Mr. James  ကလည်း ဒေါက်တာ ဝင်းထွန်း ကြည်အား ဒါရိုက်တာ ဘုတ်အဖွဲ့ တွင် ဆက်လက်ရှိနေ ပေးရန်၊ သာသနာ တော်၏ ဥပဒေရေးရာနှင့်ပတ်သက် ၍ တိုင်ပင်နိုင်ရန် ကာနွန်ဥပဒေပညာရှင် ဘုန်း တော်ကြီးတစ်ပါးကို ဘုတ်အဖွဲ့တွင် ထားရှိ ရန်၊ ဝိညာဉ်လမ်း ညွှန် ဘုန်းတော်ကြီးတစ်ပါး ထားရှိပေးရန် ဆရာတော်များအား မေတ္တာ ရပ်ခံခဲ့ပါသည်။

လာဆလက်မယ်တော်ပွဲနေ့
    လာဆလက် သာသနာပြု ဘုန်း တော်ကြီးများက စက်တင်ဘာလ ၁၉ ရက်နေ့ကို လာဆလက်မယ် တော်သခင်မ ၏ ပွဲနေ့ (Optional Memorial)  အဖြစ်  ဝတ်ပြု ကိုးကွယ်ခြင်း ပြက္ခဒိန်တွင် ထည့် သွင်းပေးရန် မေတ္တာရပ်ခံသည်ကို ဆရာ တော်ကြီးများက လက်ခံ အတည်ပြု ပေး ခဲ့ကြသည်။
ကော်မရှင်တာဝန်ပေးအပ်ခြင်းများ
    ဆရာတော်ကြီး မာကုတင်ဝင်း အား တရားဓမ္မရေးရာအဖွဲ့ (Office of Theology Concerns - OTC)  ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊
    ဖာသာရ် မောရစ်ညွန့်ဝေအား (OTC) ၏ အတွင်းရေးမှူး အဖြစ် လည်း ကောင်း၊
    ဖာသာရ် ဂျိုးဇက်မောင်ဝင်းအား ကိုးကွယ်ယုံ ကြည်ရာ ဘာသာတရားများ အကြား ဆွေးနွေးဖလှယ်ရေး ကော်မရှင်၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊
    ဖာသာရ် မာရီယားနိုစိုးနိုင်(SDB) အား ဖာသာရ် ဂျွန်အေးကျော်နှင့်အတူ ကျမ်းစာတော်မြတ် ဘာသာပြန်ခြင်း၌ ကူညီ လုပ်ဆောင်ရန်လည်းကောင်း၊
    ဖာသာရ် ပေါ်လီနူးစ်မြတ်ကြိုင်အား ဖာသာရ် မာရီယားနိုစိုးနိုင် (SDB) ၏ အ ရိုက်အရာဖြစ်သော CBCM-OSC ၏ National Director  အဖြစ်လည်းကောင်း၊
    ကိုဂျွန်အော်ဇော်ဦး၊ Denzil Abel နှင့် ကိုလာဇရုထွန်းတို့အား အစိုးရနှင့် ဌာန ဆိုင်ရာများသို့ ဆက်ဆံရေး (Public Relation)  တာဝန်ခံများအဖြစ် လည်းကောင်း ခန့်အပ်ရန် ဆရာတော်ကြီးများ အားလုံးက သဘောတူခဲ့ကြပါသည်။
ဘုရားသခင်၏နှုတ်ကပါဌ်တော်နှစ်
    သမ္မာ ကျမ်းစာတော်မြတ် တမန် တော်လုပ်ငန်း၏ တာဝန်ခံဖြစ်သူ ဖာသာရ် ဘော်စကို စောလားထူးက ကက်သလစ် သမ္မာ ကျမ်းစာတော်မြတ် အဖွဲ့အစည်း (CBF) က သတ်မှတ်လိုက်သည့် "ဘုရား သခင်၏ နှုတ်တော်ထွက် စကားနှစ်" အ ကြောင်းကို ဆရာတော်ကြီးများအား တင်ပြ ခဲ့ပါသည်။ (အသေးစိတ်ကို စာမျက်နှာ ၃ ပါ ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါ သည်။)    ထို့နောက် ဖာသာရ် ဘော်စကိုသည် မိမိ၏ နေရာအား ဆက်ခံမည့် ဖာသာရ် ဂျော့ ရွှေထွန်းကို ဆရာတော်ကြီးများနှင့် မိတ် ဆက် ပေးခဲ့ပါသည်။
လူငယ်ညီလာခံ
    ဆရာတော် ဖရန်စစ် ဒေါ့တန်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော "စတုတ္ထ အကြိမ်မြောက် မြန်မာ နိုင်ငံလုံး ဆိုင်ရာကက်သလစ်လူငယ်ညီလာခံ" ဖြစ် မြောက်ရေး အတွက် တာဝန် ရှိသူများကို ကျေးဇူးတင်စကားြွမက်ကြားခဲ့ပါသည်။
RVA
    ဆရာတော် ဖရန်စစ်ဒေါ့တန်က အာရှသမ္မာ တရား (Radio Veritas Asia - RVA) အစီအစဉ်များကို ကက်သလစ်ဘာသာဝင်များပိုမိုကြည့်ရှုနားထောင် လာကြ စေရန် CBCM အနေဖြင့် အားပေးနှိုးဆော် ရန် မေတ္တာရပ်ခံခဲ့ပါသည်။
Little Way Association
    ဆရာတော်ကြီး နီကောလပ်စ် မန်း ထန်(ငြိမ်း) က Little Way Association  ၏နောက်ခံသမိုင်း၊ ကျင့်ဝတ်စည်းကမ်းများ နှင့် လုပ်ဆောင်ချက်များကို တင်ပြ ခဲ့ပြီး ဆရာတော်ကြီးများအားလုံးက ထောက်ခံ သဘော တူခဲ့ကြပါသည်။
CRCM
    သူတော်စင်အသင်းဂိုဏ်းများအဖွဲ့ချုပ် CRCM ၏ ဥက္ကဋ္ဌဖြစ်သောBro. Noel Hrang Lal က မြန်မာနိုင်ငံတွင် အမျိုးသား သူတော်စင် အသင်းဂိုဏ်း (၁၃) ခု၊ အမျိုး သမီး သူတော်စင် အသင်းဂိုဏ်း (၂၆) ခု၊ နောက်ထပ် CRCM အဖွဲ့ဝင်ဖြစ်လာရန် ရှိ သော အသင်းဂိုဏ်း (၈) ခု၊ စုစုပေါင်း အသင်းဂိုဏ်း(၄၇) ခု ရှိပြီး မြန်မာပြည်၏ သာသနာပြုလုပ်ငန်း၌ ပါဝင်အမှုတော် ဆောင်လျက်ရှိကြောင်း တင်ပြခဲ့ပါသည်။
ဝတ်ပြုကိုးကွယ်ခြင်း
    ဆရာတော်ကြီး မာကုတင်ဝင်းက မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဝတ်ပြု ကိုးကွယ်ခြင်းအရေး ကိစ္စများနှင့် ပတ်သက် ၍ မြန်မာနိုင်ငံကက်သလစ် ဆရာတော် ကြီးများအဖွဲ့ချုပ်က ခိုင်မာသော လမ်းညွှန် ချက်များ ချပေးရန် အကြံပြုခဲ့ပါသည်။ ထို့ ကြောင့် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ပတ် သက်၍ လိုက်နာကျင့်သုံးအပ် သော စည်း မျဉ်း ဥပဒေများကို ဆရာတော်ကြီး မာကု တင်ဝင်းက ဦးဆောင်၍ ရေးဆွဲသွားမည် ဖြစ်သည်။
အမျိုးသမီးထုဖွံ့ဖြိုးတိုးတက်ရေး
    Sr. Assumpta (RGS) က အမျိုး သမီးထုဖွံ့ ဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ပတ် သက်၍ ရန်ကုန်၊ ပြည်၊ ဘားအံ၊ မော်လ မြိုင်နှင့် ပုသိမ်သာသနာနယ်များမှ အမျိုး သမီးအဖွဲ့ဝင်များအတူတကွ စုပေါင်းကာ လုပ် ဆောင်သောလှုပ်ရှားမှုများနှင့် ဆွေး နွေး ပို့ချချက်များ ပြုလုပ်ကြကြောင်း၊ အား လုံးပါဝင်သည့် ပထမအကြိမ် စုံညီ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ က ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ဆရာ တော်ကြီးများ၏ အားပေးမှုများက ၎င်းတို့ ၏ လှုပ်ရှားမှုများကို အားတက်စေကြောင်း တင်ပြသွားခဲ့ပါသည်။
    ဆွေးနွေး တင်ပြချက်များ ပြီးဆုံး သောအခါ ဆရာတော်ကြီးများ၏ နောက် တစ်ကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်မှ ၁၂ ရက် အထိ ကျင်းပရန် သတ်မှတ်ခဲ့ကြပါသည်။


2020-02-04 02:37:06
NEWS AND EVENTS