Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ
ထုတ်ပြန်ချက် (တွေ့ရှိချက်များ ၃)

လူငယ်နှင့် ယနေ့ကက်သလစ် အသင်းတော်
ဆုတောင်းခြင်းအမှု၌ ပါဝင်ရန်၊ စက္ကရမင်းတူးများ ပုံမှန်ခံယူရန် စသော အသင်းတော်၏ သန့်ရှင်းမြင့်မြတ်ခြင်း၌ လူငယ်များ ရှင်သန်နိုင်ရန် သွန်သင်ပဲ့ပြင်မှု လိုအပ်သကဲ့သို့ လူငယ်များမှလည်း အားထုတ်ပါဝင်ရန် လိုအပ်သည်။
လောကီပူပန်မှုများဖြစ်သော လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးနှင့် လုံးပန်းနေရလျက် ဝိညာဉ်ရေးကို အားထုတ်နိုင်စွမ်း မရှိကြသော လူငယ်များ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ လူကုန်ကူးခံရခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ မီဒီယာ၏ သားကောင်ဖြစ်ခြင်း စသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော လူငယ်များအတွက် အသင်းတော်သည် ကူညီပံ့ပိုးဖြေရှင်းပေးရန် လိုအပ်ပါသည်။
လူငယ်တမန်တော်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသင်းအဖွဲ့အတွင်း ပဋိပက္ခများ ဖြစ်ခြင်း၊ စည်းလုံးမှု ပြိုကွဲခြင်း၊ နားလည်မှုလွဲခြင်းများ မရှိစေရေးအတွက် လူငယ် တမန်တော်လုပ်ငန်းဆိုင်ရာ ခိုင်မာသော မူဝါဒရှိရန် လိုအပ်ပါသည်။
လူငယ်တမန်တော် လုပ်ငန်းတွင် ဆက်ကပ် လုပ်ဆောင်နေကြသူများ၏ အနာဂတ် ဘဝရပ်တည်မှု မရေမရာ မဖြစ်စေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပြင် ဆင်ချိတ်ဆက်ပေးရန် လိုအပ်ပါသည်။
လူငယ်နှင့် ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေခြင်း
အသင်းတော်သည် သတင်းကောင်းဖြန့်ဝေခြင်းအတွက် လူငယ်များအား အထူးအားကိုး အားထား ပြုသကဲ့သို့ တမန်တော်လုပ်ငန်းများတွင် ရက်ရောစွာ ဆက်ကပ်နေကြသော လူငယ်များစွာလည်း ရှိပါသည်။
မိမိတို့၏ ယုံကြည်ခြင်းကို သေချာစွာ သိနားလည်ခြင်း မရှိကြသောကြောင့်  သက်သေ ခံများ မဖြစ်နိုင်ကြသလို အနည်းငယ်မျှသော အခက်အခဲရင်ဆိုင်ရသည်နှင့် ပျောက် ကွယ် သွားကြသော လူငယ်များ ရှိပါသည်။ လူငယ်များသည် ဘာသာရေးတွင် စိတ်အား ထက်သန်မှု လျော့နည်းနေကြပြီး အပျော်အပါးလိုက်စားခြင်း၊ ဘာသာကွဲ လက်ထပ်ခြင်း တို့ကြောင့်လည်း အသင်းတော်ပြင်ပသို့ ရောက်သွားကြသည်များလည်း ရှိပါသည်။
လူငယ်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း
လူငယ်များသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင် ဆု တောင်းခြင်း၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စည်းလုံးခြင်းအတွက် ကြိုးစားအားထုတ်မှုတွင် ပါဝင်ဆုတောင်းခြင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ကြသည်။
စစ်ဘေးရှောင်များ၊ သဘာဝဘေး အန္တရာယ်ခံစားနေရသူများအား ကူညီထောက်ပံ့ ရေး တို့တွင် အားတက်သရော ပါဝင်လုပ်ဆောင်ကြသည်။
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နိုင်ရန်မူ နိုင်ငံရေး အသိပညာများကို စနစ်တကျ လေ့လာသင်ယူရန် လိုအပ်နေသေးသည်။


2019-12-02 08:13:30
NEWS AND EVENTS