Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ
ထုတ်ပြန်ချက် (တွေ့ရှိချက်များ ၂)

လူငယ်နှင့် ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက်မှု
လူငယ်များသည် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်မည့် ကိုယ်ကျင့်တရားများကို တန်ဖိုးထားကြသည်။ သင်ယူလိုစိတ်ပြင်းထန်သည်။ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ထားဖြင့် ပေါင်းသင်းဆက်ဆံလိုစိတ်ရှိသည်။ အနစ်နာခံ ဆက်ကပ်မှုဖြင့် အများ အကျိုး သယ်ပိုးလိုစိတ်ရှိသည်။ လက်တွေ့ဘဝတွင်မူ မိမိတို့ တန်ဖိုးထားသည့် အတိုင်း ကျင့်ကြံနေထိုင်မှုအပိုင်းတွင် အားနည်းနေပါသေးသည်။
မျက်မှောက်ခေတ်အချိန်အခါသည် အလွန်လျင်မြန်စွာ ပြောင်းလဲနေသည်။ ထို ပြောင်း လဲမှု ရေစီးကြောင်းတွင် လူငယ်များတို့သည် မျောပါလျက် မိမိကိုယ်ကိုမိမိ ပြန်လည် သုံးသပ်နိုင်ခြင်း မရှိကြတော့ပေ။ ဤသို့သောအားဖြင့် ပြုမူပြောဆိုနေထိုင်ခြင်း တို့သည် တိမ်းချော်မှားယွင်းကြရသည်။
ပညာရေးပိုင်းတွင် လူငယ်များစွာသည် အထက်တန်းအဆင့်ကိုပင် မကျော်နိုင်ကြဘဲ ပညာ ရေးဆုံးခန်းတိုင်ခြင်းမရှိပါ။ သက်မွေးသင်တန်းများတွင်လည်း သင်ယူမှုအားနည်း နေကြပါသည်။ နောက်ဆက်တွဲအနေဖြင့် ကောင်းမွန်သော အလုပ်အကိုင်မရကြဘဲ ကြုံရာကျပန်း အလုပ်ဖြင့် အသက်မွေးနေကြရသည်။ ထိုသို့ မိသားစု၏ စားဝတ်နေရေး ကိစ္စအတွက်သာ လုံးပန်းနေရသောကြောင့် မိမိတို့ဘဝ မြှင့်တင်ရေးကို အာရုံထား စဉ်းစားနိုင်စွမ်း၊ လူငယ်အဖွဲ့အစည်းများတွင် ပါဝင်နိုင်စွမ်း အားနည်းလာနေသည်။ ထို့ အပြင် အများအကျိုးပြုအသင်းအဖွဲ့များတွင် ပါဝင်ခြင်း၊ လူမှုရေး၊ နိုင်ငံရေး လှုပ်ရှား မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းများလည်း မလုပ်နိုင်ကြတော့ပါ။
လူငယ်နှင့် မိသားစုအသက်တာ
မိသားစုများသည် လူမှုရေး၊ စီးပွားရေး ကျပ်တည်းမှုများကြောင့်  ပုံမှန်ရပ်တည်နိုင်ရန်ပင် ရုန်းကန်နေကြရသည့်အတွက် သားသမီးများအား ပညာသင်ကြားပေးရန်၊ လူ့အသိုင်း အဝိုင်းအတွင်း အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရုန်းကန်နေကြရသည်။
အချို့သောမိဘများ၏ ယုံကြည်ခြင်း ခိုင်မာမှု မရှိခြင်း နှင့် ရှေးရိုးစွဲ အယူအဆများ ကြောင့် သားသမီးများသည် ဘာသာရေးလုပ်ငန်းများတွင် ပါဝင်ခွင့်မရ ဖြစ်ကြရသည်။ မိသားစုအတွင်း ယုံကြည်ခြင်းခိုင်မာမှု၊ ချစ်ခြင်းမေတ္တာ၊ စည်းလုံးမှုနှင့် အပြန် အလှန် နားလည်မှု အားကောင်းလာစေရေးအတွက် ကျောင်းထိုင်ဘုန်းတော်ကြီး၊ လူငယ် တာဝန်ခံ ဘုန်းတော်ကြီး၊ စစ္စတာတို့နှင့် မိဘတို့အကြား ရင်းနှီးသော ဆက်ဆံရေး တည် ဆောက်ရန် လိုအပ်ပါသည်။  မိဘနှင့် သားသမီးများအကြား ယုံကြည်မှု တည်ဆောက် ပေးရန်လည်း လိုအပ်ပါသည်။
     အနာဂတ်တွင် မိသားစုထူထောင်မည့်သူများ ဖြစ်ကြသော လူငယ်များအတွက် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်သော နည်းလမ်းများကို အသင်းတော်မှ ကောင်းစွာသင်ကြားပေးရန် လိုအပ်ပါသည်။


2019-12-02 06:31:54
NEWS AND EVENTS